ပရိသတ် နဲ့ အတူပျော်မယ့် တင်ဇာမော် ရဲ့ 7 Concert

0
295

မြန်မာပြည်က သီချင်းအဆိုကောင်းတဲ့ အမျိုး သမီး တေးသံရှင် တွေထဲမှာ ချန်လှပ်ထား လို့မရတဲ့ pop Legend တစ်ဦးဖြစ်တဲ့ တင်ဇာမော်က 7 Concert ဆိုတဲ့ နာမည်နဲ့ အောက်တို ဘာလ ၇ ရက်နေ့မှာ တစ်ကိုယ်တော် ဂီတပွဲကို ပြုလုပ် တော့မှာ ဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲ ကိုတော့ သုဝဏ္ဏ ဘူမိကွင်းမှာ Dream Lover တီးဝိုင်းရဲ့ တီးခတ်မှုနဲ့အတူ သီဆိုဖျော်ဖြေ တင်ဆက်မှာဖြစ်ပြီး ၇ စီးရီးထဲက သီချင်း တွေအားလုံးနဲ့ အခြားနာမည်ကျော် သီချင်းများစွာကို တစ်ကိုယ်တော် သီဆို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့သိရ ပါတယ်။

မြန်မာပြည်က သီချင်းအဆိုကောင်းတဲ့ အမျိုး သမီး တေးသံရှင် တွေထဲမှာ ချန်လှပ်ထား လို့မရတဲ့ pop Legend တစ်ဦးဖြစ်တဲ့ တင်ဇာမော်က 7 Concert ဆိုတဲ့ နာမည်နဲ့ အောက်တို ဘာလ ၇ ရက်နေ့မှာ တစ်ကိုယ်တော် ဂီတပွဲကို ပြုလုပ် တော့မှာ ဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲ ကိုတော့ သုဝဏ္ဏ ဘူမိကွင်းမှာ Dream Lover တီးဝိုင်းရဲ့ တီးခတ်မှုနဲ့အတူ သီဆိုဖျော်ဖြေ တင်ဆက်မှာဖြစ်ပြီး ၇ စီးရီးထဲက သီချင်း တွေအားလုံးနဲ့ အခြားနာမည်ကျော် သီချင်းများစွာကို တစ်ကိုယ်တော် သီဆို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့သိရ ပါတယ်။

“7 အခွေက ကျွန်မရဲ့ ခုနှစ်ခွေမြောက် အခွေပါ။ ဒီအခွေထဲက သီချင်းတွေနဲ့ ပရိသတ်နဲ့ ရင်းနှီးသွားပြီ ဆိုတဲ့အခါ ပရိသတ်နဲ့ ပွဲလေး လုပ်ချင်တယ်။ 7 ထဲက သီချင်းတွေ အားလုံးပါအောင် ဆိုဖို့ ကြိုးစားမှာပါ။ ဒီတစ်ခွေလုံး အပြင် ကျွန်မရဲ့ သီချင်းတွေထဲက ပရိသတ် အကြိုက်များတဲ့ သီချင်း တွေလည်း ဆိုပါမယ်။ Dream Lover တီးဝိုင်းနဲ့ တီးပါမယ်။ ကျွန်မ အနေနဲ့က အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ့်ပြည် ကိုယ့်မြေနဲ့  ဝေးနေရပါတယ်။ ဖျော်ဖြေပွဲတွေ လည်း အမြဲသီဆိုဖို့ ကျွန်မမှာ အခွင့်အရေးမ ရှိပါဘူး။ အဲဒီအတွက် ရှိတုန်းလေးမှာ ပွဲသီဆိုရပါတယ်။ ၇ စီးရီးထဲက သီချင်းတွေ သီဆိုဖို့ စီစဉ်တဲ့ အချိန်မှာလည်း ကျွန်မ အဝေးမှာပါ။ ဒီပွဲ အတွက် စဉ်းစားရွေးချယ် တိုင်ပင်ကြတဲ့ ဒီအချိန်အတွင်းမှာ အကောင်းဆုံး ကြိုးစားမှာပါ။ ကျွန်မ အနေနဲ့လည်း ပွဲတွေ အများကြီးမှာ ပရိသတ်ကို အမြဲ သီဆိုပြဖို့ အခွင့်အရေး မရှိတဲ့အခါ ချစ်ရတဲ့ ပရိသတ်နဲ့ တွေ့ဆုံရဖို့ အတွက် ကျွန်မကိုယ်တိုင်လည်း ရင်ခုန်နေပါတယ်။ ပြီး တော့ ဒီတစ်ခွေလုံးက သီချင်းတွေကို စင်ပေါ် မှာဒါပထမဆုံးသီဆိုမှာ ဖြစ်တဲ့အတွက် စိုးရိမ်ရင်ခုန် မိပါတယ်” လို့ တင်ဇာ မော်က ပြောပြပါတယ်။  ဒီဘက်နောက်ပိုင်းမှာတော့ ပြည်တွင်းပွဲတွေ အပြင် ပြည်ပက ဝင်ရောက်လာတဲ့ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲ တွေလည်း ရှိလာ ပါတယ်။ ဒီလိုဖျော်ဖြေပွဲတွေ ပိုမို များပြားလာတာ နဲ့အမျှ ပြည်တွင်း က Artist တွေအနေနဲ့ အရင်ထက် ပိုမိုပြင်ဆင်ရမှု တွေရော ရှိလား ဆိုတာ မကြာမီမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်တော့မယ့် တင် ဇာမော်ကို မေးကြည့်ဖြစ် ပြန်တော့ “နိုင်ငံတကာပွဲဆိုတဲ့ နေရာမှာ အာရှက ပဲဖြစ်ဖြစ် အနောက်နိုင်ငံ တွေကလာတဲ့ ပွဲပဲဖြစ်ဖြစ် အဓိက တော့ Plan ကောင်းကောင်းချပြီး လေ့ကျင့်ထားတဲ့ အဖွဲ့တွေကို လေ့ ကျင့်မထားတဲ့ အဖွဲ့တွေက မမီတာ တော့ အမှန်ပဲ။ အနုပညာရှင်တွေ ပေါင်းပြီး တင်ဆက်တဲ့ အနုပညာ တစ်ခုဟာ ကိုယ်စိတ်နှလုံး အားလုံး ပေါင်းပြီး လုပ်တာနဲ့ မလုပ်တာနဲ့ ကွာခြားတယ်။ အနုပညာသီးသန့် ဖော်ပြတာနဲ့ အနုပညာ အပြင် အခြား ကဏ္ဍတွေက အစ သေချာ စိတ်နှစ်ပြီး လုပ်တာ ကွာခြားတယ်။ ဥပမာ ဟာမိုနီ၊ အတီးပိုင်းကအစ သီချင်းမှာ Dancer ထည့် ဖို့လိုတာမျိုး ဆိုရင် ကိုယ်တိုင်ကပါ လိုက်ကနိုင် အောင် လေ့ကျင့်တာမျိုးအထိ လိုအပ်တယ်။ အဖွဲ့လိုက် တင်ဆက်ရတဲ့ အခါမျိုးမှာလည်း အားလုံး တညီတညွတ် တည်းပေါ့။ အဲဒါမျိုးဆိုရင်တော့ နိုင်ငံတကာပွဲတွေ နဲ့ ယှဉ်နိုင်ပါတယ်။ ပြီးတော့ စက်ပိုင်း ဆိုင်ရာပေါ့။ အနု ပညာအရ ဘယ်လောက်ပဲ အားထုတ် အားထုတ် စက်ပိုင်း ဆိုင်ရာ အားနည်းမယ် ဆိုရင်လည်း နိုင်ငံတကာနဲ့ ယှဉ်ရင် အားနည်းမှာပဲ။ အဖက်ဖက်က အပြည့် စုံဆုံးဖြစ်အောင် လုပ်နိုင်ရင်တော့ ယှဉ်နိုင်ပါတယ်။ အစ်မတို့အနေ နဲ့လည်း အနုပညာအရမှာ ကိုယ်စွမ်းသလောက် အစွမ်းကုန် လုပ်မှာပဲ။ ဖြစ်သလို အဖက်ဖက်က ပံ့ပိုးမှုတွေလည်း လိုပါတယ်။ အခု စကားစပ်မိလို့ ပြော ရရင် ကျွန်မက အကဆိုရင် အားနည်းပါတယ်။ ကျွန်မ သီချင်းတွေထဲမှာ ကပြီး သီဆိုရတဲ့ သီချင်းမျိုးတွေ ရှိပေမယ့် အဲဒီဘက် အပိုင်းမှာ အားနည်းတဲ့အခါ သေချာ လေ့ကျင့်လို့ရမယ့် သူတစ်ယောက် ဖြစ်ရင်တော့ ပိုပြည့်စုံမှာပေါ့။ အခြေ အနေအရ လေ့ကျင့်ဖို့ မလွယ်တဲ့အတွက် ဒါက ကျွန်မ အားနည်းချက် တစ်ခုလို ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

တင်ဇာမော်က အောက်တိုဘာ လ ၇ ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် သူမရဲ့ ဂီတဖျော်ဖြေပွဲအတွက် တီး ဝိုင်းနဲ့အတူ သီချင်း တိုက် ပြင်ဆင်မှုတွေ ပြုလုပ်နေ လျက်ရှိပြီး အောက်တိုဘာလ ၇ ရက်နေ့  ၇ ဃသညခနမအ မှာတော့ ပရိသတ်နဲ့အတူ သီချင်းတွေ အားပါးတရ သီဆို ဖျော်ဖြေသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရဲရဲ ၊ 

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here