ခေါက်ဆွဲ ရောင်းနေပေမယ့် အနုပညာ အလုပ်ကို စွန့်လွှတ်မှာ မဟုတ်ဘူး လင်းဇာနည်ဇော်

0
248

အလှူမင်္ဂလာပွဲတွေမှာ ရွှေခေါက်ဆွဲ အော်ဒါလက်ခံပြီး ဝန်ဆောင်မှုတွေပေး နေတဲ့ လင်းဇာနည်ဇော်နဲ့  ချစ်ချစ်ဇော် တို့ ညီအစ်မနှစ်ဦးက အခုဆိုရင် အော်ဒါ များစွာ လက်ခံနေရတယ်လို့ သိရပါတယ်။ ရွှေခေါက်ဆွဲကို စားချင်လို့ အားပေး တာရှိသလို အနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့ညီအစ်မ နှစ်ဦးကို အားပေးချင် တာလည်း ပါတာကြောင့် တာဝန်ပိုကြီးတယ်လို့ ဆိုတဲ့ လင်းဇာနည်ဇော် ကဆိုပါတယ်။ ခေါက်ဆွဲ ရောင်းနေပေမယ့် အနုပညာ အလုပ်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူးဆိုတဲ့ လင်းဇာနည်ဇော်ကအလှူမင်္ဂလာပွဲတွေမှာ ရွှေခေါက်ဆွဲ အော်ဒါလက်ခံပြီး ဝန်ဆောင်မှုတွေပေး နေတဲ့ လင်းဇာနည်ဇော်နဲ့  ချစ်ချစ်ဇော် တို့ ညီအစ်မနှစ်ဦးက အခုဆိုရင် အော်ဒါ များစွာ လက်ခံနေရတယ်လို့ သိရပါတယ်။ ရွှေခေါက်ဆွဲကို စားချင်လို့ အားပေး တာရှိသလို အနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့ညီအစ်မ နှစ်ဦးကို အားပေးချင် တာလည်း ပါတာကြောင့် တာဝန်ပိုကြီးတယ်လို့ ဆိုတဲ့ လင်းဇာနည်ဇော် ကဆိုပါတယ်။ ခေါက်ဆွဲ ရောင်းနေပေမယ့် အနုပညာ အလုပ်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူးဆိုတဲ့ လင်းဇာနည်ဇော်က “အခု အစ်မတို့က ဒီအလုပ်ကို စလုပ်ကတည်းက လုပ်တာတော့ လုပ်ချင်နေပြီ။ ချက်ချင်းကြီး လုပ်ဖြစ်လိမ့်မယ်လို့ မထင်ဘဲ မရည်ရွယ်ဘဲနဲ့ အော်ဒါတွေကျလာ တဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝန်ထမ်း မလုံလောက် သေးဘူး။ ကိုယ်တိုင်ပဲ ဝန်ထမ်း၊ ကိုယ်တိုင်ပဲ တောက်တိုမရ၊ ကိုယ်တိုင် ပဲ အလုပ်ရှင်။ အဲဒီလိုတွေ ဖြစ်နေတော့ တစ်နေ့ တစ်နေ့ကို ပွဲ အများ ကြီး လက်မခံနိုင်ဘူး။ ကိုယ်ကတော့ လက်ခံချင်ပေမယ့်လည်း တစ် ခုခုလျော့သွားမှာ စိုးရိမ်တယ်။ customer တွေနဲ့ မိတ်မပျက်ချင်ဘူး။ အဲဒီအတွက်ကြောင့် ကိုယ်တစ်နိုင်ပဲ ပွဲ ၁ဝဝ အထက် ဆိုရင် အစ်မ တို့ ကိုယ်တိုင်ဝန်ဆောင်မှုပေးတယ်။ အခုဆိုရင် များသောအားဖြင့် ခေါက်ဆွဲကို စားချင်တာလည်း ပါသလို၊ အစ်မတို့ကို အား ပေး ချင်တာလည်း ပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ်က တာဝန်ပို ကြီးတယ်လို့ ခံစားရတယ်။ သူတို့ဆီက စေတနာနှစ်ခုပေါ့။ ခေါက် ဆွဲရောင်းပေမယ့် အစ်မ အနုပညာအလုပ်ကို စွန့်လွှတ်လိုက်မှာ မဟုတ်ဘူး။ ခေါက်ဆွဲ ဆိုတာလည်း စီးပွားရေး တစ်ရပ် အကိုင်း တစ်ကိုင်း အခက်တစ်ခက် အနေနဲ့လုပ်တာပါ။ ကိုယ့်ပင်မ အလုပ်က တော့ အနုပညာ အလုပ်ဖြစ်နေတဲ့ အတွက် ငါဒီအသက်အရွယ်ရောက် နေတာတောင် ဒီလိုအားပေးတဲ့ ပရိသတ်ရှိနေပါလား ဆိုပြီး တကယ့်ကို ဝမ်းလည်း ဝမ်းသာတယ်။ ပီတိလည်း ဖြစ်ရပါတယ်” လို့ အားပေးတဲ့ ပရိသတ်တွေကြောင့် ပီတိဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။ လောလော ဆယ်မှာ ဖခင်ကြီးကိုပြုစုနေ ရတာကြောင့် ဆိုင်ဖွင့်လှစ်ဦးမှာ မဟုတ်သေး ကြောင်းကို လင်းဇာနည်ဇော်က “အမှန်တကယ် စီးပွားရေး အနေနဲ့ဆိုရင် ဆိုင်ကိုတော့ လုပ်သင့်ပါ တယ်။ ဒါပေမဲ့ အစ်မတို့မှာ ခက်တာက အစ်မအဖေ က အသက် ၉ဝ ရှိ နေပြီ။ အိပ်ယာထဲမှာပဲ နေနေရတယ်။ နှာခေါင်းပိုက်နဲ့ ဆိုတော့ ဆိုင် ဖွင့်ပြီဆိုရင် အိမ်ကိုလှည့်ကြည့်နိုင်မှာ မဟုတ်ဘူး။ လောလောဆယ်တော့ ဆိုင်ဖွင့်ဖို့ စီစဉ်ဖြစ်မှာ မဟုတ်သေးဘူး” လို့ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးတာတွေ လည်း လက်ခံ ရိုက်ကူးနေပေမယ့် အသက်အရွယ် နဲ့လိုက် ဖက်တဲ့ ဇာတ်လမ်းတွေဆို ရိုက်ကူးဖြစ်သွားမှာပါ လို့ လင်းဇာနည်ဇော် ကပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here