တေးရေး၊ တေးဆို သဟာအောင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေအကြောင်း

0
218

တေးရေး၊တေးဆို သဟာအောင်ရဲ့  ပထမ ဆုံး တစ်ကိုယ်တော်ခွေဖြစ်တဲ့ ‘ဟောကြည့်ပါ’ Audio CD Album ကို စက်တင်ဘာလ ၉ ရက် နေ့ကစပြီး လှိုင်းတေးသံသွင်းကနေ မြန်မာ တစ်ပြည်လုံးကို ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော်ရဲ့ ပထမဦးဆုံး တစ်ကိုယ် တော်ခွေလေးက ‘ဟောကြည့်ပါ’ ဆိုတဲ့ Title လေးနဲ့ စက်တင်ဘာလ ၉ ရက်နေ့က လှိုင်းတေး သံသွင်းကနေပြီး ထွက်ရှိထားပါတယ်။ အခုခွေ လေးက ကျွန်တော်ရဲ့ ပထမဆုံး တစ်ကိုယ်တော် Albumလေးပါ။ အရင်က ကိုနန်းအောင်နဲ့တွဲပြီး ‘ထိပ်တုံးဖူးစာ’ ဆိုတဲ့ Album လေး ထွက်ရှိထားပါ သေးတယ်။ ‘ဟောကြည့်ပါ’ စီးရီးထဲမှာ ကိုယ်တိုင် ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ သီချင်း ၁၂ ပုဒ်ပါပါ တယ်။ သီချင်းပုံစံလေးတွေက အလွမ်း သီချင်း တွေလည်းပါတယ်။ အပျော်သီချင်းလေးတွေ လည်းပါပါတယ်။ ဒီသီချင်းတွေထဲမှာ ကျွန်တော် အား ရကျေနပ်တဲ့ သီချင်းတွေပါပါတယ်။ စီးရီး Title သီချင်းကိုလည်း အားရတယ်။ တော်တော် များက ကျွန်တော့်စိတ်ကြိုက်ဖြစ်ပါတယ်။

လူ ကြိုက်များတဲ့ ‘တစ်နေ့မှ မေ့မရပါ’ သီချင်းဟောင်း လေးလည်း ပြန်ထည့်ပေးထားပါတယ်”လို့ သဟာ အောင်က သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်စီးရီး    ဖြစ်တဲ့ ‘ ဟောကြည့်ပါ’ အခွေနဲ့ပတ်သက်ပြီး ပြော ပြပါတယ်။ သီချင်းရေးတာနဲ့ သီချင်းဆိုတာမှာ သီချင်းရေးတာကို ပိုပြီးအားသန်တဲ့အကြောင်းနဲ့ လက်တလော အနုပညာလှုပ်ရှားမှုအကြောင်းတွေ ကို သဟာအောင်က  “သီချင်းရေးတာနဲ့ သီချင်းဆိုတာနဲ့ဆိုရင် ကျွန်တော်ကအစကတည်းက တေးရေးဆိုတော့ သီချင်းရေးတာကို ပိုပြီးအားသန်ပါတယ်။ သီချင်း ရေးတာကတော့ ကျွန်တော်လုပ်နိုင်တဲ့ ကာလ အထိ လုပ်နိုင်သမျှ ဖန်တီးပြီး ရေးသွားမှာပါ။ သီချင်းကတော့ ကာလ တစ်ခုထိတော့ဆိုဖြစ်မှာပါ။ အမြဲတော့ဆိုဖြစ်ချင်မှ ဆိုဖြစ်ပါလိမ့်မယ်။ အခု လက်တလောအနေနဲ့ နယ်ပွဲတွေလည်း လိုက်ဆို နေပါတယ်။ သီချင်းတွေလည်း ရေးနေပါတယ်။ နောက်ထပ်သီချင်းခွေ ထွက်ဖို့လည်း လုပ်နေပါ တယ်။’ ဟောကြည့်ပါ’ စီးရီး VCD ကို စတင်ရိုက် ကူးနေပါပြီ။ ဒီနှစ်ကုန်လောက်မှာ ထွက်ရှိနိုင် အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here