ပရိသတ်တွေ ရဲ့ ဝေဖန်မှုအပေါ် မနော ဘယ်လိုသဘောထားလဲ

0
142

မြန်မာပြည်အနှံ့အပြားရှိ ပရိသတ်တွေရဲ့ စိတ်နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်ခဲ့တဲ့ အဆိုတော် မနောက ပရိသတ်တွေရဲ့ လက်ခံအားပေးမှု အပေါ် “ကျွန်တော်တို့လုပ်နေတဲ့ ဂီတမှာ ကျွန်တော်တို့ အရင်တုန်းက လုပ်ခဲ့တာက ကိုယ့်စိတ်ထဲမှာ ဘယ် လိုပဲကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ ခွန်အားတွေ ထည့်ထည့်ပြီး ပရိသတ်ကို ချပြပေမယ့်လည်း မသိ ရှိသွားရင် အဲဒီအနုပညာက ဘာမှကို မသိသာဘူး။ကျွန်တော်တို့ လုပ်သမျှတွေ သဲထဲရေသွန်ဖြစ်တာ ပေါ့။

“ကျွန်တော်တို့လုပ်နေတဲ့ ဂီတမှာ ကျွန်တော်တို့ အရင်တုန်းက လုပ်ခဲ့တာက ကိုယ့်စိတ်ထဲမှာ ဘယ် လိုပဲကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ ခွန်အားတွေ ထည့်ထည့်ပြီး ပရိသတ်ကို ချပြပေမယ့်လည်း မသိ ရှိသွားရင် အဲဒီအနုပညာက ဘာမှကို မသိသာဘူး။ကျွန်တော်တို့ လုပ်သမျှတွေ သဲထဲရေသွန်ဖြစ်တာ ပေါ့။ ပရိသတ်က ကျွန်တော်တို့ လုပ်နေတဲ့ အနု ပညာပေါ်မှာ ကြည့် ခွင့်ရတယ်။ ဆုံးဖြတ်လို့ရပါတယ်။ ပရိသတ်ဆုံးဖြတ်တဲ့ တန်ဖိုးပေါ်မှာ ကျွန်တော်တို့က အရသာယူရတာပါ။ ကျွန်တော်တို့လုပ်တဲ့ အနုပညာ ကို ပရိသတ်က မြင်သွားရင် အဲဒီမြင်တဲ့ လိုင်စင်လေး ရတဲ့အတွက် ကျေးဇူးတင်တယ်။ အဲဒါက ပရိသတ်က ကျွန်တော်တို့ အနုပညာကို ချပြခွင့်ပြုတဲ့ လိုင်စင်ပဲ။ အဲဒီလိုင်စင်လေးရသွားတဲ့အတွက် ကျွန်တော်တို့ တေးရေးဆရာ၊ တေးဆို၊ အတီးသမားတွေ အတွက် ရော ကျွန်တော်တို့ Group အားလုံးအတွက် ပရိသတ်က ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပဲ။ကျွန်တော်တို့ ဖန်တီးချင်နေတဲ့အရာတွေ အများကြီး ရှိပါ သေးတယ်။ အဲဒါတွေကို သည်းခံပြီးတော့ စောင့် ကြည့်ပေးပါဦး။ ဆိုးသည်ကောင်းသည်ကို ဝေဖန်ပေး ပါဗျာ။ ပရိသတ်က ဒီဂီတကို ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင်မကြိုက်ဘူး ပြောမှာပဲ။ အဖြူထည် သက် သက်ပဲ။ ကောင်းသည်ဆိုးသည် မျက်နှာမလိုက်ဘဲ ဒဲ့ပြောမှာပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ခံနိုင်ပါ တယ်” လို့ တေးသံရှင်မနောက ပြောပါတယ်။

လက်တလော အနုပညာလှုပ်ရှားမှုများကို မနောပြောပြတာက ” လောလောဆယ်ကတော့ ‘ချမ်း မြေ့ပါစေအမေ’ စီးရီးခွေလေးက ဆင်ဆာကျပြီး ပြင်ဆင်ချက်လေးတွေပြီးရင် VCD   ထွက်ရှိတော့ မယ်။ နောက်တစ်ခုက ကျွန်တော်သူငယ်ချင်းတွေ စုပြီးလုပ်နေ တဲ့ စီးရီးခွေလေး၊ တေးရေး ၄ယောက်နဲ့ ကျွန်တော်နဲ့ ထွက်မယ့်ဂီတမျိုးစုံပါတဲ့ စီးရီးခွေလေး ထွက်ဖို့ရှိ ပါတယ်။ သရုပ်ဆောင်အလုပ်တော့ မလုပ်ပါဘူး။ ဗီဒီယိုတို့၊ ရုပ်ရှင်တို့ ဆိုတာက ကျွန်တော်တို့နဲ့ မေဂျာလည်း မတူဘူးလေ။ ကျွန်တော်တို့လိုင်းပဲ ကျွန်တော်တို့လုပ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဂီတ၊ ကိုယ့်အနုပညာနဲ့ပဲ သွား ချင်ပါတယ်” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here