Exo အဖွဲ့ဝင် Kai ဟာ သရုပ်ဆောင်အတွက် နာမည်သစ်ရွေးချယ်ဖြစ်ပုံကို ရှင်းပြခဲ့ပါတယ်။ များသောအားဖြင့်Idols အတော်များများဟာ သရုပ်ဆောင်ဘက်ကို ကူးပြောင်းတဲ့အခါမှာ သူတိုရဲ့ နာမည်ကိုပဲ ဆက်လက်သုံးကြပေမယ့် Kai ကတော့ နာမည်အသစ်ကို ရွေးချယ်ခဲ့ပါတယ်။
Kim Jong In လို့ အမည်ပေးထားပြီး KBS ရဲ့ ဇာတ်လမ်းတွဲအသစ် “Andante” မှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ သတင်းစာရှင်းလင်းပွဲကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်မှာပါ။ Kai က သူရဲ့ ပရိသတ်တွေအတွက် အခုလို ပြောခဲ့ပါတယ်။ “Kim Jong In “သို့ Kai ဘယ်နာမည်ပဲ ဖြစ်ဖြစ် အရေး မကြီးပါဘူး။
ဒီဇာတ်ကားက သူရဲ့ ပထမဆုံး အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတာကြောင့် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ စက်တင်ဘာ ၂၄ ရက်မှာစတင်ပြသ တော့မှာမို့ Kai ပရိသတ်တွေ စောင့်ကြည့်ဖို့ မမေ့နဲ့နော်။