ပရိသတ်တွေရဲ့ ရင်ထဲငြိစေဦးမယ့် ဂျက်ကီချန်းရဲ့ ဇာတ်ကားသစ် The Foreigner

0
213

The Foreigner ဆိုတဲ့ အက် ရှင်ဇာတ် ကားကောင်းလေးတစ် ကားကို ပရိသတ်တွေနဲ့ မိတ်ဆက် ပေးပါရစေ။ ဒီရုပ်ရှင်ဇာတ်ကား ကတော့ ပရိသတ်တွေရဲ့အချစ်တော် ဂျက်ကီ ချန်း သရုပ်ဆောင်ထားတဲ့ ဇာတ် ကားပဲဖြစ်ပါတယ်။ ဂျက်ကီ ချန်းရဲ့ ဇာတ်ကားသစ်ကိုစောင့် မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ဒီဇာတ်ကားက မျှော်နေရကျိုး နပ်စေရမယ့် ဇာတ် ကားကောင်းတစ် ကား လည်းဖြစ်မှာပါ။ ဒီဇာတ်ကား ကိုတော့ဒါရိုက်တာ Martin Campbell က ရိုက်ကူး ထားပြီး Jackie Chan , Pierce Brosnan , Charlie Murphy တို့ကပါဝင်သရုပ်ဆောင် ထားပါတယ်။

Huayi Brothers  ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ် ရိုက်ကူး ထားတာ ဖြစ်ပြီး ဇာတ်ကားရဲ့ ကြာ မြင့်ချိန်ကတော့ ၁နာရီနဲ့၅၄မိနစ် ကြာမြင့် မှာဖြစ်ပါတယ်။ ဂျက်ကီချန်း ဟာ ယခင်ဗီယက်နမ်အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တာဝန် သိ စစ်သား Quan အဖြစ် ဒီဇာတ် ကားထဲမှာ သရုပ်ဆောင်ထားပါ တယ်။ သူဟာတစ်နေ့မှာတော့ သူ့ရဲ့ တစ်သက်တမျှတန်ဖိုးထားရသော သမီးလေးကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ သမီးငယ်လေး အတွက် ပြန်လည်ပြီး လက်စားချေဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုပြန်လည် လက်စားချေဖို့ ကြိုးစားခဲ့ရာမှ သူရင် ဆိုင်ရမယ့်သူဟာ မထင်မှတ်ဘဲ ခမ်းနားကြီးကျယ်သူ တစ်ဦးဖြစ် ကြောင်းကို တွေ့ရှိသွားပါတော့တယ်။

အဲဒီအခါမှာတော့ Quan တစ် ယောက် ဒွိဟတွေကြားမှာ ရစ်ဝဲနေ သူတစ်ယောက်အဖြစ် တည်ရှိမသွား ဘဲ မိမိရည်မှန်းချက်ကို ရောက်ရှိ အောင် ကြိုးစားလုပ်ဆောင်သွားပုံ တွေကို စိတ်ဝင်စားဖွယ်ရာ တင်ဆက် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ ဒီလိုစိတ်ဝင် စားစရာကောင်းတဲ့ ဇာတ်ကားကို ဘယ်လိုရိုက်ချက်တွေနဲ့ ဘယ်လိုပုံစံ မျိုး ပုံဖော်ရိုက်ကူးထားတယ်ဆိုတာကိုတော့ ပရိသတ်တွေအနေနဲ့ Mega Ace ရုပ်ရှင်ရုံတွေမှာ သွား ရောက် ကြည့်ရှုလို့ ရနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here