မျက်ရည် ချိန်ခွင်

0
186

ကိုကြီးမျက်နှာက ခါတိုင်းနဲ့ မတူ။ အခုတလော ညှိုးငယ် နေတယ်။ ညီမလေးသိတာ ပေါ့။ ကိုကြီးမျက်နှာ ကဘယ်လောက် ပဲ ဟန်ဆောင်ပြုံးနေပေမဲ့ ကိုကြီး ရင် ထဲမှာ တစ်ခုခု ခံစားနေရတယ်။ ဒီ အကြောင်း ကိုကြီးကိုမေးလိုက်တိုင်း ကြီးမျက်နှာက ခါတိုင်းနဲ့ မတူ။ အခုတလော ညှိုးငယ် နေတယ်။ ညီမလေးသိတာ ပေါ့။ ကိုကြီးမျက်နှာ ကဘယ်လောက် ပဲ ဟန်ဆောင်ပြုံးနေပေမဲ့ ကိုကြီး ရင် ထဲမှာ တစ်ခုခု ခံစားနေရတယ်။ ဒီ အကြောင်း ကိုကြီးကိုမေးလိုက်တိုင်း  “ဘာမှမဖြစ်ပါဘူး ညီမလေး စိတ်ထင်လို့ပါ”ဆိုတဲ့ အဖြေထက် ပို ပြီးဘာမှ ပိုမသိရခဲ့။ ဟင့်အင်း ကိုကြီး တစ်ခုခုခံစားနေရတာပါ။

ညီမလေး ကို ကိုကြီးလိမ်နေတာ။ ခါတိုင်းဆို ကိုကြီး ညီမလေးနဲ့ တနင်္ဂနွေ ပိတ် ရက်တိုင်း တွေ့ပြီး အပြင်လျှောက် လည်နေကျ။ ပြီးတော့ ညီမလေး အလုပ်ဆင်းတဲ့အခါ လာကြိုနေကျ။ ခုတော့ ကြိုတဲ့ရက်တွေ ကျဲလာတယ်။ ညီမလေးက တွေ့ဖို့ပြောတိုင်း အလုပ် ကိစ္စ တစ်ခုမဟုတ်တစ်ခု အကြောင်း ပြ ငြင်းတယ်။ ညီမလေး ဘဝမှာ ကိုကြီးကြောင့် ဒီမြို့ကြီးမှာ ရှင်သန် ပျော်ရွှင်နေခဲ့ရတာပါ။ အဖေအမေ ဆိုတာ ရွာမှာပဲ ရှိခဲ့ပေမဲ့ ကိုကြီးနဲ့ တွေ့ရမဲ့ရက်တွေ လျော့သွားမှာ စိုး လို့ ပိတ်ရက်တွေတောင် အိမ်မပြန် ဖြစ်ခဲ့ဘူး။

“ကိုယ့်မှာမကျန်းမာတဲ့ အဖေ အိုကြီးနဲ့ အမေ၊ မောင်လေးတွေရှိ နေတယ်ဆိုတာ ညည်းမေ့မနေနဲ့ဦး ပိုက်ဆံလေးပို့ပေးရုံနဲ့တာဝန်ကျေပြီ မထင်နဲ့”အိမ်ဖုန်းဆက်တော့ အမေကက ပြောလာတဲ့အထိ ညီမလေး မိသားစု ကိုတောင်ပစ်ထားပြီး ကိုကြီးအနား နေခဲ့သူပါ။ ကိုကြီးရင်ခွင်ဟာ ညီမ လေးအတွက် အေးချမ်းမှုပြည့်စုံတဲ့ အသိုက်အအုံလေးပါ။ ရွာမှာဆို တစ် နေ့လုံး အလုပ်လုပ်မှ တနေ့နှစ် ထောင်လောက်ရတယ်ဆိုပြီး မြို့ပေါ် တက်လာတုန်းက ညီမလေးစိတ်ညစ် လိုက်တာ။ ကိုယ်က အခြေခံပညာ ပဲတတ်ထားတဲ့သူဆိုတော့ စက်ရုံမှာ တောက်တို မယ်ရလုပ်ပြီး ရတဲ့ လစာ ကနည်းသေးတယ်။ ငွေရဖို့အတွက် မြို့ကိုတက်လာတာဖြစ်ပေမဲ့ အချို့ မိန်းခလေးတွေလို ငွေနောက်တော့ မလိုက်ခဲ့ဘူး။ ချွေတာပြီး ပိုစုတယ်။ ဒါကြောင့်လည်း ကိုကြီးဆိုင်က ဝန် ထမ်းကောင်လေးတွေက ညီမလေး ကို ချဉ်ပေါင်ရွက်လို့ စကြတဲ့အထိ အသီး အရွက်တွေနဲ့ပဲ ညီမလေး နေ့စဉ် စားခဲ့မိတယ်။

“မင်္ဂလာဆောင်ရင်တော့ ချဉ် ပေါင်ရွက်နဲ့ဆို လူပိုလာမယ်။ နာ မည်ရင်းနဲ့ဆို လူသိပ်လာမယ် မထင် ဘူး” လို့ ကိုကြီးကစတော့ ညီမလေး ရှက်စနိုးနဲ့ ကိုကြီးရင်ခွင်ကြားတိုးဝင် ခဲ့မိတယ်။ ဖုန်းတွေပေါတဲ့ခေတ်မှာ အိမ်နဲ့အဆက်သွယ်လွယ်ကူအောင် ဈေးချိုတဲ့ ခလုတ်ဖုန်းလေးကို ကိုကြီး တို့ဆိုင်က ဝယ်ခဲ့တယ်။ အဲဒီ တုန်းက ကိုကြီးရဲ့ နွေးထွေးတဲ့ ဆက်ဆံမှုချို သာတဲ့ အပြုံးတွေကို ညီမလေးစပြီး မြတ်မြတ်နိုးနိုး ခံစားလိုက်ရတာ။ နောက်ပိုင်း အကြောင်းမရှိဘဲ စက်ရုံက သူငယ်ချင်းတွေ ဖုန်းပစ္စည်း တစ်ခုခုလိုတိုင်း ကိုကြီး ဆိုင်မှာဝယ် ဖို့ တိုက်တွန်းရင်း ညီမ လေးလိုက် လာခဲ့ မိတယ်။ ညီမလေး ကိုကြီးရဲ့ မျက်နှာလေးကို မြင်ချင်လို့ပါ။ တစ်ခါတရံမှာ ကိုကြီးနဲ့မတွေ့ရတဲ့ နေ့တွေဆို ညီမလေးရင်ထဲ ဟာနေ ပြီး အပြန်ခြေလှမ်းတွေ နှေးကွေး နေတယ်။ အိမ်ကို ဘယ်လိုရောက်လို့ ရောက်မှန်း မသိခဲ့ဘူး။ ညီမလေးက ကိုကြီးကို ချစ်နေမိသူလေ။ ကိုကြီး ညီမလေးကို ချစ်တယ်ပြောတဲ့နေ့က ညီမလေး ပျော်လိုက်တာ ကိုကြီးရယ်။ကိုကြီးအပေါ် တိတ်တခိုး ချစ်ခဲ့ရတဲ့ အချစ်တွေ ညီမလေးရခဲ့တယ်လေ။ဒါပေမဲ့။

” ညီမလေး စက်ရုံကထွက်ပြီး ကိုယ်ပိုင် အလုပ်လေး တစ်ခုလုပ်ပါ လား” မထင်မှတ်တဲ့စကားကို ကိုကြီး ဆီက ကြားရတော့ ညီမလေးအံ့သြခဲ့ ရပြန်တယ်။ ဘာဖြစ်လို့လဲမေးတော့ “ကိုကြီး အိမ်ကပြောတယ်။ ကိုကြီးယူမဲ့မိန်းမက ပညာတတ်ရ မယ် စီးပွားရင်ရှိရမယ် ဒါမှမဟုတ် အလုပ်တစ်ခုကို ဦးဆောင်နိုင်တဲ့ လည်တဲ့သူဖြစ်ရ မယ်တဲ့” လုပ်ချင်တာပေါ့ ကိုကြီးရယ်။ ညီမလေး သိပ်လုပ်ချင်တာပေါ့။ ညီမ လေး မှာက အရင်းအနှီး မရှိဘူးလေ။ ပြီး တော့ အတွေ့အကြုံ ။ ညီမလေး ရွာမှာလယ်အလုပ်နဲ့ ခုမြို့မှာ စက်ရုံ အတွေ့အကြုံပဲရှိခဲ့တာ။ ဒါပေမဲ့ ကို ကြီး စိတ်ဆင်းရဲမှာစိုးလို့ ပြောချင်တဲ့ စကားလုံးတွေက လည်မျိုထဲမှာပဲ ပြန်ဝင်သွား တယ်။ဒီအစားညီမလေး ကြိုးစားပါ့မယ်ဆိုတဲ့စကားပဲ ပြော ထွက်လာခဲ့တယ်။ ကိုကြီး ညီမလေးဆီ လာတိုင်း ငှားထားတဲ့ လက်ရှိ ဆိုင်ခန်းက လစာတိုးတောင်းတာတွေ အိမ်ရှင်ကို မျက်နှာချိုသွေးနေရတာတွေ ပြော တိုင်း ညီမလေး ကို ကြီးနဲ့ထပ်တူ ခံစားဝမ်းနဲခဲ့ရတယ်။ ကိုကြီးအိမ်က ကိုကြီးအတွက် ဈေးရောင်းလို့ ကောင်းမဲ့နေရာမှာ မြေကွက် တစ် ကွက်ဝယ်ပေးထားတယ်ဆိုတာ သိ လိုက်ရတဲ့နေ့က ညီမလေးပျော် လိုက်တာ။ ကိုကြီးနေရာအတွက် စိတ်မညစ်ရတော့ဘူးပေါ့။

ဒါပေမဲ့ အဲဒီမြေကွက်မှာ အိမ်ဆောက်နိုင်ဖို့ ကိုကြီးအခြားအလုပ်တွေပါ ထပ်တိုး လုပ်နေရတယ်ကြားတော့  ညီမလေး စိတ်မကောင်းဖြစ်ရပြန်တယ်။ ညီမလေးကိုကြီး အိမ်မြန်မြန် ဆောက်နိင်ဖို့ ပိုက်ဆံတွေ ရှာပေး ချင်လိုက်တာ။ လက်တွေ့မှာတော့ ကိုကြီးနံဘေးက အားပေးဖို့ပဲ တတ် နိုင်တဲ့ တစ်ယောက်ပဲ ဖြစ်ခဲ့ရတယ်။ ညီမလေးမှတ်မိသေးတယ်။ အဲဒီနေ့ က ကိုကြီးမျက်နှာလေးပြုံးပြီး ညီမလေးဆီကို ရောက်လာခဲ့တယ်။ ကိုကြီးအိမ်က ကိုကြီးအတွက် အိမ် ဆောက်ပေးတော့မယ်တဲ့။ ကိုယ်ချစ် တဲ့ သူတစ်ယောက် ဝမ်းသာ ပျော်ရွှင် နေတာကို တွေ့ရလို့ ကြည်နူးမိတဲ့ မိန်းခလေးတွေ ညီမလေးကိုမီမယ် မထင်ဘူး။ နောက်ဆက်တွဲ ကိုကြီး ပြောမဲ့စကား မကြားရခင်ထိပေါ့။ “အိမ်က သူသဘောမကျတဲ့သူနဲ့ ယူသွားရင် ကိုယ့်ဘဝကိုယ် ဖန်တီး ရမယ်”တဲ့။ ညီမလေးအဖြစ်က ထီပေါက်ပြီး ထီလက်မှတ်ပျောက် သလိုဖြစ်ခဲ့ရ တယ်။ ကိုကြီးအတွက် ပျော်ခဲ့ရပေ မယ့် ညီမလေးကိုကြီးနဲ့ မခွဲနိုင်ဘူး။ ကိုကြီးကို ညီမလေး အရမ်းချစ်တယ်။တစ်ခါတရံကိုကြီးကို အတင်းအကြပ် ရအောင် မသမာ တဲ့နည်းတွေနဲ့ ယူ ခဲ့ဘို့ထိ စိတ်မိုက်စိတ်ရိုင်းတွေ ဝင်ခဲ့ မိသေးတယ်။ ဒါပေမဲ့ ကိုကြီးရယ် ညီမလေး ဒီလိုလုပ်ရင် ကိုကြီးက မုန်းသွားမှာ။

ညီမလေးတ ကယ်လို ချင်တာ ကိုကြီးဆီက ဖြူစင်တဲ့အချစ် လေ။ ညီမလေး မလုပ်ဖြစ်ခဲ့ပါဘူး။ညီမလေး ကိုကြီးလိုအပ်နေတဲ့ ပိုက် ဆံကို တစ်ဖက်တစ်လမ်းက ရှာဖို့ပဲ စဉ်းစားနေမိတယ်။ ဒါပေမဲ့ ပညာ မတတ်တဲ့ ညီမလေးဘဝ အလုပ် ကောင်းနောက်လိုက်လေ ဝေးလေ ဖြစ်ခဲ့ပြန်တယ်။  နောက်ဆုံး ညီမလေး စက်ရုံက နေထွက်ပြီး ကိုကြီးလို အပ်နေတဲ့ ပိုက်ဆံတွေ အများကြီးရတဲ့မြို့ထဲ ကအနှိပ်ခန်းတွေ မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဆောင်က အစ်မ ကြီးတစ်ယောက်က မြို့ထဲမှာ အလုပ် လုပ်နေတာ။ သူ့အိမ်ကိုလည်း ကောင်း ကောင်း ထောက်ပံ့နိုင်သလို သူ့ကိုယ် မှာလည်း ရွှေတွေသီးလို့။ ညီမလေး ဒီရွှေတွေကို မမက်မောပါဘူး။ အဲဒီ ရွှေတွေထက်ကိုကြီး ဖြစ်ချင်တာတွေ ဖြည့်ဆည်းရင်း ကိုကြီးကို အဆင် ပြေစေ ချင်စိတ်ချမ်းသာစေ ချင်တာ။ ကိုကြီးကို ပျော် စေချင်တာ။ ညီမလေးလေ အလုပ် စဝင်တော့ ငရဲခန်း ပါပဲကိုကြီးရယ်။ အရက်မသောက်ဆေးလိပ် မသောက် တဲ့ ကိုကြီးရဲ့ ရင်ခွင်ကြားမှာ နေလာ ခဲ့တဲ့ညီမလေး။ ခုတော့ လူပေါင်းစုံရဲ့ အငွေ့အသက်ကြားမှာ ဟန်ဆောင် ပြုံးရင်း ကြိတ်ငိုခဲ့ရတဲ့ ရက်တွေ များခဲ့ပါပြီ။ သူတို့တွေရဲ့ ကိလေသာ တွေ ဝေဖြိုးနေတဲ့ ရမ္မက် မျက်ဝန်း တွေ ကြားမှာ ကိုကြီးရဲ့ဖြူစင်တဲ့ အပြုံးတချက်ကို မြင်ယောင်ရင်း မနက်ဖြန်တွေဆိုတာ အသက်ဆက် ရှင်သန်ခဲ့ရတာပါ။  ညီမလေး စက်ရုံက အလုပ် ပြောင်းပြီး (၁) လလောက်ထိ ကိုကြီး ဆီက အဆက်အသွယ် မရတာကို ကြည့်ခြင်းအားဖြင့် ကိုကြီး ညီမလေး ဆီကို မလာဘူးဆိုတာ သိလိုက်ပါ တယ်။ ကိုကြီးရယ် အဲလိုမျိုးလေးပဲ နေပေးပါနော်။

မဟုတ်ရင် ညီမလေး အကြောင်းသိပြီး ကိုကြီး ညီမလေးကို မုန်းသွားမှာ။ ကိုကြီးမုန်းတာ ညီမ လေး မခံစားနိုင် ဘူး။ အလုပ်ပိတ်ရက် မှာ ကိုကြီးရှိတဲ့ အိမ်ကိုညီမလေး အဝေးကနေ ကြည့်နေမိတယ်။ ကိုကြီးအိမ်က အရင်နေ ရာမဟုတ် တော့သလို ဖုန်းဆိုင်လေးကလည်း သုံးထပ် တိုက်ကြီးရဲ့အောက်ဆုံး ထပ်မှာ။ အပေါ်ထပ်မှာကိုကြီး ဝတ် နေကျ အဝတ်လေးတွေ လှမ်းထား တာ တွေ့ရပြီး ကိုကြီးက အရင်လိုပဲ ဆိုင်ရဲ့ဒေါင့် လူဝင်နည်းတဲ့ နေရာ လေးရဲ့ စားပွဲလေးမှာထိုင်ပြီး စာရေး နေတယ်။ ကိုကြီးဝါသနာပါတဲ့ ဝတ္ထု လေးတွေ ရေးနေတာဖြစ်မယ်။အဲဒီ အထဲ ညီမလေးကို ဘယ်လောက် ချစ်ကြောင်း ရေးထားတာလေးတွေ ညီမလေးဖတ်ချင်လိုက်တာ။ ပြီးတော့ ကိုကြီး ဝတÄုထဲမှာ ကိုကြီးဆီကို ဘယ် သူမှမသိအောင် လာလာပြီးကြည့် တတ်တဲ့ ကိုကြီးကိုအရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိနေတယ် ဆိုတာလည်း ဖြည့်စွက်ပြီး ရေးပေး ပါနော်။ ညီမလေးရင်ထဲက ကျလာတဲ့ ပီတိမျက်ရည်တွေကောအလွမ်းမျက် ရည်လေးတွေပါ ချိန်ခွင်ထက်မှာ ချိန် ထိုးလိုက်လို့ပြည့်လာလေကိုကြီးဘဝ ပြည့်စုံလေဆိုရင် ညီမလေး ကျေနပ် ပါပြီ ကိုကြီးရယ်”

မောင်မြင့်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here