အောင်မင်းခန့် ရဲ့ အချစ်ရေး

0
345

သရုပ်ဆောင် အောင်မင်းခန့်ကို သူရဲ့အချစ်ရေးအ ကြောင်း ကို မေးမြန်းတဲ့အခါ ချစ်သူရှိနေပြီလို့ တိတိကျကျ ပြောသွားခြင်းမရှိပေမဲ့ သူ့ ချစ်သူကို ပရိသတ် များထံ ချပြမယ့် အချိန်အခါကိုတော့ အောင်မင်းခန့်က အခုလိုပြောပြခဲ့ပါတယ်။

“ဒီအရွယ်ရောက်ပြီဆိုတော့ အမြီးပေါက်ပြီပေါ့နော်။ လက်ရှိ ချစ်သူရှိ နေလား ဆိုတော့လည်း No or Yes ပေါ့နော်။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော် တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီ။ ကျွန်တော် အိမ်ထောင်ပြုရမယ့် အရွယ်ရောက်ပြီဆိုရင် ကျွန်တော့် ပရိသတ်တွေကို ဒါ ကျွန်တော့် ချစ်သူပါဆိုပြီး ကျွန်တော် ချပြမှာပါ”လို့ အောင်မင်းခန့်က ဖြေခဲ့ပါတယ်။ ချစ်သူကို အိမ်ထောင်ပြုခါနီးကျမှ ချပြမယ်ဆိုတဲ့ အောင်မင်း ခန့်က သူ အိမ်ထောင်ပြုမယ့် အချိန်ကိုလည်း”အခုချိန်မှာတော့ ကျွန်တော့်ကို ကျွန်တော် ကလေးလို့ပဲ ခံစားရသေးတယ်။

အိမ်ထောင်ပြုဖို့ကတော့ အများကြီးလိုပါသေးတယ်။ ကျွန် တော့် ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေ အားပေးမှု တွေ အများကြီးလိုချင်ပါသေးတယ်။ အနု ပညာ အလုပ် တွေ အေးဆေးလုပ်ချင်သေးတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ကျသွားပြီဆိုရင် ကျွန်တော် အနုပညာအလုပ် တွေအဲဒီလောက်လုပ်နိုင်မှာမဟုတ်ဘူးလေ။သားကျွေးမှု မယားကျွေးမှုနဲ့ သာရေးနာရေးတွေ အများကြီး ဆက် သွားမှာပေါ့နော်။ ကျွန်တော်ချစ်တဲ့အလုပ် ကျွန်တော် ချစ်တဲ့ ပရိသတ်တွေနဲ့ အလှမ်း မဝေးချင်သေးပါဘူး” လို့ ပြောပြခဲ့ပါတယ်။

အောင်မင်းခန့်ရဲ့  လတ်တလောအနုပညာ လှုပ်ရှား မှုတွေကတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ‘အံဝင်ခွင်ကျ ‘ ရုပ်ရှင် ဇာတ်ကားကြီးကို လူမင်း၊ သူရိယ၊ အိချောပိုတို့နဲ့ အတူ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးခဲ့ပြီး နောက်ထပ်လည်း ဒါရိုက်တာ မျိုးထူး ရိုက်ကူးမယ့်’ မြစ်တစ်စင်းရဲ့ ကျေးကျွန်များ’  ရုပ် ရှင်ဇာတ်ကားကို ကျော်သ၊ူ ကျော်ရဲ အောင်၊ မင်းဦး၊ နေမျိုးအောင်၊ ထွန်းအိန္ဒြာဗိုလ်၊ မိုးပြည့်ပြည့်မောင် တို့နဲ့ အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရ ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here