ဇာတ်ရုပ် ရွေးချယ်မှု မရှိတော့ကြောင်း မေသန်းနုပြောပြ

0
157

အခုလတ်တလောမှာတော့ သရုပ်ဆောင် မေသန်းနုကဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးနေတဲ့’အပြင်းစားအချစ်’ ရုပ်ရှင်ဇာတ် ကားကြီးမှာ လူမင်း၊ ရဲအောင်၊ နေနော်၊ သက်မွန်မြင့် တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ မေသန်းနုက သက်မွန်မြင့်ရဲ့မိခင် တစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါ တယ်။ မေသန်းနုအနေနဲ့ အခုနောက်ပိုင်း ရိုက်ကူးနေရတဲ့ ဇာတ်ရုပ်တွေကတော့ အမေခန်းတွေသာအများဆုံးဖြစ် နေပြီးနဲ့ဇာတ်ရုပ်အပေါ် သူ့အနေနဲ့ ရွေးချယ်မှုမရှိ တော့ကြောင်းကိုမေသန်းနုက …

“မဆင့်တို့က ရွေးချယ်မှုအပိုင်းကတော့ သိပ်မရှိ တော့ပါဘူး။ ကိုယ်နဲ့လိုက်ဖက်မယ် ထင်လို့လာ တဲ့ဇာတ် လမ်းတွေပဲများပါတယ်။ အဓိကကတော့ မိဘ ပေါ့နော်။ အမေဇာတ် ရုပ်တွေများပါတယ်။ အမေ ဆိုပေမယ့်ဇာတ်တစ်ကားနဲ့ တစ်ကားကတော့ ဖီလင်က တော့ မတူဘူးပေါ့။ အမေအမေချင်း ကလည်းသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေက တော့ ကွာတာပေါ့။ထည့်တဲ့ ဖီလင်ချင်းက လည်းမတူဘူးပေါ့။ မဆင့်တို့ကတော့ အမေတွေအမျိုးမျိုးသရုပ်ဆောင် ရပေ မယ့် ဇာတ်ရုပ်ပေါ်မှာမူတည်ပြီး ဇာတ်ရုပ်နဲ့နီးစပ်မှုရှိအောင် ကြိုးစားပြီး သရုပ် ဆောင်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ဇာတ်ရုပ်အပေါ်မှာ အကောင်း ဆုံးဖြစ်အောင်စိတ်ထားပြီးပြင်ဆင်ပါ တယ်” လို့ပြောပြပါတယ်။  ဒီအပြင် မေသန်းနုက ဒါရိုက် တာသီတာ ဇော် ရိုက်ကူးနေတဲ့ ‘မိရိုးဖလား’ ဇာတ်ကားမှာ လည်း ရန်အောင်၊ ရဲအောင်တို့အပါအဝင် သရုပ်ဆောင်အသစ်များနဲ့အတူ ပါဝင်သရုပ် ဆောင်ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here