ချစ်သူသက်တမ်း တစ်နှစ်ခွဲ ကျော်လာပြီ ဖြစ်တဲ့ ကိုဝင်းမြတ်နဲ့ ဆန်းသစ်လ

0
173

သရုပ်ဆောင် ဆန်းသစ်လက သူ့ရဲ့ချစ်သူ ကိုဝင်းမြတ် နဲ့နှစ်ယောက်အတူ မဂ္ဂဇင်းတစ်ခု အတွက် ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုမျိုး ဆန်းသစ်လက သူ့ရဲ့ချစ်သူကို ချပြလိုက်ချိန်မှာ ပရိသတ်တွေကလည်း တရုတ် မင်းသားကြီး ဂျက်လီနဲ့ တူတယ်လို့ ပြောကြပါတယ်။ ချစ်သူသက်တမ်း တစ်နှစ်ခွဲကျော် ရှိပြီဖြစ်တဲ့ ဆန်းသစ်လရဲ့ အချစ်ဦးအကြောင်းကိုတော့ သရုပ်ဆောင် ဆန်းသစ်လက သူ့ရဲ့ချစ်သူ ကိုဝင်းမြတ် နဲ့နှစ်ယောက်အတူ မဂ္ဂဇင်းတစ်ခု အတွက် ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုမျိုး ဆန်းသစ်လက သူ့ရဲ့ချစ်သူကို ချပြလိုက်ချိန်မှာ ပရိသတ်တွေကလည်း တရုတ် မင်းသားကြီး ဂျက်လီနဲ့ တူတယ်လို့ ပြောကြပါတယ်။ ချစ်သူသက်တမ်း တစ်နှစ်ခွဲကျော် ရှိပြီဖြစ်တဲ့ ဆန်းသစ်လရဲ့ အချစ်ဦးအကြောင်းကိုတော့  “ညီမက အနုပညာအလုပ် စလုပ်တဲ့အချိန်ကတည်းက အချစ်ရေး အကြောင်းကို စိတ်မဝင်စားခဲ့ပါဘူး။ ငယ်ငယ်ကတည်းက ကိုယ့်ဘေးမှာ အမေရှိတယ်။ အမေနဲ့ပဲ တစ်တွဲတွဲ ဆိုတော့ အချစ်ရေးအကြောင်း မစဉ်း စားခဲ့မိခဲ့ဘူး။ တစ်ခါတလေ အပျိုကြီး လုပ်မယ်လို့တောင် တွေးမိတယ်။ ဖူးစာလို့ပဲ ဆိုရမှာပေါ့။ ကိုဝင်းမြတ်နဲ့ တွေ့တဲ့အချိန်မှာ မြင်မြင်ချင်း ချစ်မိသွားတယ်။ စတွေ့ဖြစ်တာက ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလမှာပါ။ ညီမရဲ့ အချစ်ဆုံး သူငယ်ချင်းမင်္ဂလာဆောင်မှာ ညီမက ပန်းကြဲ၊ သူက သတို့သား အရံလုပ်ရင်း စတွေ့ဖြစ်တာပါ။ နောက်ပိုင်း သူနဲ့ညီမနဲ့ ချစ် ကြိုက်သွားတာပါ။ ပရိသတ်တွေက ကိုဝင်းမြတ်ကို ဂျက်လီနဲ့ တူတယ်လို့ ပြောကြတယ်။ ညီမလည်း ကင်မရာထဲမှာ ပြန်ကြည့်ရင် တူတယ်လို့ထင် တယ်။ ကိုယ်က အစကတည်းက ဂျက်လီကြိုက်လို့လား မသိဘူး။ တစ်ပုံစံ တည်းတူတယ်။ မေမေက အရင်ဆုံး ပြောတာပါ။ ဂျာနယ်တစ်ခုမှာ ဂျက်လီပုံလေး ပါလာတာကိုညှပ်ပြီး ကိုဝင်းမြတ်ပုံနားမှာ ကပ်လိုက်တယ်။ အမေကလာကြည့် လာကြည့် ဝင်းမြတ် ဂျာနယ်ထဲပါလာတယ်။ ဒီလိုမျိုး လေးတွေတောင် ပြောပါတယ်”လို့ ဆန်းသစ်လက ပြောပြပါတယ်။
ချစ်သူသက်တမ်း တစ်လျှောက်မှာလည်း စိတ်ဆိုး၊ စိတ်ကောက် သိပ်မဖြစ်ဘဲနဲ့ ဆန်းသစ်လကို အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နားလည်မှုအပြည့် အဝပေးထားတယ်လို့ ဆန်းသစ်လရဲ့ ချစ်သူ ဝင်းမြတ်က ဆိုပါတယ်။    “ကျွန်တော်ကသူ့ကို အရှိကို အရှိအတိုင်းပဲ။ သူ့ရဲ့ကောင်းကွက်၊ ဆိုးကွက်တွေအားလုံးကို လက်ခံပါတယ်။ နှစ်ယောက်စလုံး ကြိုးစားနေတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အရာ ဝတ္ထုပစ္စည်းတွေ ပြည့်စုံလာရင်တော့ လက်ထပ်ဖြစ်မှာ ပါ။ အားလုံးကိုလည်း ကြိုတင်ပြောပြမှာပါ”လို့ ကိုဝင်းမြတ်က ဆိုပါတယ်။
ဆန်းသစ်လကလည်း သူ့စိတ်ကူးထဲက မင်္ဂလာပွဲအကြောင်းကို “ညီမတို့နှစ်ယောက် က တစ်ပတ်မှာ တစ်ခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ သူလည်း သူ့အလုပ်နဲ့သူဆိုတော့ ညီမလည်း ဇာတ် ကားတွေ ရိုက်ကူးတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ချစ်သူဆို တာထက် မိသားစုလို၊ သူငယ်ချင်းလိုပါပဲ။ သူများ တွေ တခမ်းတနားနဲ့ မင်္ဂလာဆောင်တာ တွေ့ရင် အားကျတယ်။ ကောင်းလိုက်တာ ဆိုပြီးလည်း စိတ်ထဲမှာ ကြည်နူးမိတယ်။ ညီမရဲ့ Wedding  ဆိုရင်တော့ ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်း နား နားထက် ပျော်ရွှင်စရာ ကောင်းတဲ့ အခမ်းအနား လေးဖြစ်စေချင်တယ်။ တက်ရောက် လာတဲ့သူတွေ လည်း ကိုယ့်ရဲ့ ချစ်ခင် ရင်းနှီးတဲ့သူတွေ၊ ပျော်ပျော် ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်တယ်။ တအား ခမ်းနားစရာ မလိုဘဲ နှစ်ယောက်သား အတွက် ထပ်တူကျတဲ့ ပျော် စရာကောင် တဲ့ မင်္ဂလာပွဲလေးဖြစ်ရင် ကျေနပ်ပါတယ်”   လို့ ဆန်းသစ်လက ပြောပြပါတယ်။
မြတ်မိုးပွင့်  ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here