၂ဝ၁၈မှာ သီချင်းတွေ ပြန်လုပ်မယ့် ထွန်းထွန်း

0
162
အကယ်ဒမီလည်း ရရှိထားပြီ ဖြစ်တဲ့ သရုပ်ဆောင်ထွန်းထွန်းက တော့ ခုနောက်ပိုင်း ရုပ်ရှင်ဇာတ် ကားတွေဆက်တိုက် ရိုက်ကူးလာတာတွေ့ရပါတယ်။ ခုလတ်တလော မှာတော့  ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးတဲ့ Rose Rider  ရုပ်ရှင် ဇာတ်ကားမှာနှင်းဆီအဖွဲ့ဝင် မင်းသားများနဲ့အတူ ပါဝင်သရုပ် ဆောင်နေပါ တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အကယ်ဒမီလည်း ရရှိထားပြီ ဖြစ်တဲ့ သရုပ်ဆောင်ထွန်းထွန်းက တော့ ခုနောက်ပိုင်း ရုပ်ရှင်ဇာတ် ကားတွေဆက်တိုက် ရိုက်ကူးလာတာတွေ့ရပါတယ်။
“ဒီရုပ်ရှင် ဇာတ်ကားကတော့ ကျွန်တော်တို့ နှင်းဆီမင်းသားငါး လက်  ရိုက်ကူးတာဆိုတော့ ဇာတ် လမ်း၊ ဇာတ်ကွက်တွေရော ရိုက်ချက် တွေရော အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဆိုင် ကယ်နဲ့ ရိုက်ကူးရတဲ့ အခန်းတွေကများတယ်။ ဆိုင်ကယ် နဲ့ရိုက်ကူးရတဲ့အခန်းတွေကတော့အခက်အခဲရှိတယ်။ခဏ ခဏ ပြန် ရိုက်ကူးရတယ်။ မင်းသမီးအသစ်ကလည်း ကျွန်တော် တို့ သေ ချာသင်ပေးထားတာဖြစ်တဲ့ အတွက် ရိုက်ကွင်းမှာတော့ ပြဿနာသိပ်မရှိပေမယ့် ကြိုးစားပြီးတော့ သင်ပေးရပါတယ်။ ရိုက်ကူးမှုကတော့ ၇ဝ ရာခိုင်နှုန်းလောက် ပြီးစီးသွားပါပြီ။ ကျန်တဲ့အပိုင်းတွေတော့ ဆက်လက်ရိုက် ကူးရဦးမှာပါ” လို့ ထွန်းထွန်းပြောခဲ့ပါတယ်။ ဒီနှစ်ထဲမှာလည်း သူပါဝင်သရုပ် ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြဖို့ကျန်ရှိနေ ကြောင်းလည်း သိရပါတယ်။ သရုပ်ဆောင်တစ်ဦးဖြစ်သလို၊  အဆိုတော်တစ်ဦးလည်း ဖြစ်တဲ့သူ့ကိုနောက်ထပ် သီချင်းတွေလုပ်သွားဖို့ရှိလားလို့ မေးမြန်းခဲ့ရာ
“သီချင်းတွေ ပြန်လုပ်ဖို့ကျတော့ လောလောဆယ် အခြေအနေမှာ တော့ မဖြစ်နိုင်သေးပါဘူး။ ဒီနှစ် ထဲမှာတော့ ရုပ်ရှင်တွေ ရိုက်ကူးနေ တော့ ရိုက်ကူးရေးနဲ့ပဲအချိန် ကုန်မှာ ပါ။ တကယ်လို့ သီချင်းတွေပြန် လုပ်ဖြစ်မယ်ဆိုလည်း ၂ဝ၁၈  ခုနှစ်လောက်မှ လုပ်ဖြစ်ပါမယ်”  လို့ပြော ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here