ဇာတ်ကား ရိုက်ကူးရင်း ခြေထောက် ဒဏ်ရာရရှိခဲ့တဲ့ အိချောပို

0
173

လက်ရှိမှာ အိချောပိုက “ချူဆီ” ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်သရုပ်ဆောင် ရိုက်ကူးရင်း ခြေထောက် ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာ အိချောပိုနဲ့အတူ မယ်လိုဒီ၊ အေးမြတ်သူ၊ နန်းဆုဦးနဲ့မေတို့က အဓိကပါဝင် ထားပြီး ကာရာအိုကေမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတွေ ပုံစံ မြင်တွေ့ရ မှာပါ။ ဒီဇာတ်ကားမှာတော့ အိချောပိုကို နယ်ကတက်လာတဲ့ “မြလေး” ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပြီး သူ့အနေနဲ့လည်း ခြေထောက် ဒဏ်ရာရ ပေမယ့် ဇာတ်ကားကို ဆက်လက် ရိုက် ကူးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အိချောပိုက “ချူဆီ” ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်သရုပ်ဆောင် ရိုက်ကူးရင်း ခြေထောက် ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားမှာ အိချောပိုနဲ့အတူ မယ်လိုဒီ၊ အေးမြတ်သူ၊ နန်းဆုဦးနဲ့မေတို့က အဓိကပါဝင် ထားပြီး ကာရာအိုကေမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတွေ ပုံစံ မြင်တွေ့ရ မှာပါ။ ဒီဇာတ်ကားမှာတော့ အိချောပိုကို နယ်ကတက်လာတဲ့ “မြလေး” ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပြီး သူ့အနေနဲ့လည်း ခြေထောက် ဒဏ်ရာရ ပေမယ့် ဇာတ်ကားကို ဆက်လက် ရိုက် ကူးခဲ့တယ်လို့ ဆိုပါတယ်။  “အိချောပို ဒီဇာတ်ကား ရိုက်ကူးနေရင်းနဲ့ ခြေထောက်ထိ သွားတာပေါ့။ ခြေထောက်က ထုံနေတဲ့အချိန်မှာ အိုက်တင်လုပ်ပြီး လမ်းလျှောက် ရတယ်ဆို တော့ မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာ ဂျွတ်ဆိုပြီး ခြေထောက် ဖြစ်သွားတာပါ။ ဘေးကလူတွေက ဒေါက်ဖိနပ် ကျိုးတယ်လို့ ထင်ကြတာပါ။ ဆရာဝန်က နားခိုင်း ပေမယ့် ကိုယ်က သရုပ်ဆောင် အစ်မတွေကို အားနာတော့ ရှုတင်ကိုမရပ်ဘဲ ဆက်ရိုက်ကူး နေပါတယ်။ ရိုက်ကူးရ တဲ့ Scene တွေက နည်းနည်းခက် တော့ ဆရာဝန်က တစ်ပတ်၊ ဆယ်ရက်နား ခိုင်းပေမယ့် အိချော မနားဘဲ ဆက်ရိုက် ကူးနေတယ်။ ဒေါက်ဖိနပ်လည်းစီးရတော့ ပိုပြီး ဒဏ်ဖြစ်တယ်လို့ ထင်ပါတယ်။ ခြေထောက် ထိထားတော့ အဝတ်တွေ ဘာတွေဝတ်ရင်လည်း ကြာတယ်။ ဒါ ကြောင့် မမျိုးတို့တွေလည်း အိချောကို စောင့်ပေးကြရတယ်” လို့ အိချောပိုက ပြောပြပါတယ်။ အိချောပိုက နောက်ထပ်လည်း မလေးရှား ဒါရိုက်တာ ရိုက်ကူးမယ့် ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူ ပါဝင် သရုပ်ဆောင်သွားဦး မယ်လို့ ဆိုပါတယ်။

အိချောပိုက တစ်ဖက်မှာတော့ ခန္ဓာကိုယ် အလှ ထိန်းသိမ်းဖို့ အတွက် သီးသန့် အားကစားနဲ့ ထိန်းသိမ်းတာမျိုး မလုပ်ပါဘူးလို့ ဆိုပါတယ်။ အိချောပိုရဲ့ အိမ် တွင်းမှာပဲ ပြုလုပ်တဲ့ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းမှုက “အိချောက ငယ်ငယ်ကတည်းက တစ်ခါမှ Gym မဆော့ပါဘူး။ Gym ဆော့ရမှာလည်း ပျင်းတယ်။ ဆော့ပြီးလို့ ဒီဘက် အလုပ်လုပ်နေ ရင်း ဆက်မဆော့ဖြစ်ရင် တအားကြီး တနငါ့အ ထိုးတက်သွား မှာဆိုးတယ်။ ဒါကြောင့် အိမ် မှာပဲ နည်းနည်းပြည့်လာပြီ လို့ထင်ရင် အစား လျှော့ လိုက်တယ်။ လမ်း လျှောက်တယ်။ အဲဒီ လောက်ပါပဲ။ ထွေထွေ ထူးထူး သိပ်မလုပ်ဖြစ် ပါဘူး”လို့ ပြောပြပါ တယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here