ကျောင်းပြီးရင် သီချင်းခွေထွက်မယ့် စံထိပ်ထားဦး

0
219

ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးက အသက် ၁၅နှစ် ပြည့်တော့မှာ ဖြစ်ပြီး  MISY  ကျောင်းမှာ year 10 ရောက်ပြီလို့သိရပါတယ်။ အခုဆိုရင် ကြော်ငြာတွေ ရိုက်ကူးနေပြီဖြစ်တဲ့ သမီးလေး စံထိပ်ထားဦးက မိခင်ဖြစ်သူက ပြင်ဦးလွင်မှာ ဇာတ်ကားတွေရိုက်ကူးနေတာမို့ ရှုတင်မလိုက်နိုင်ပေမယ့် သူ့မိခင်သင်ပေးထားတဲ့အတိုင်း အကောင်း ဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

 “မေမေကတော့ သဘာဝ ကျကျလေးပဲလုပ်၊ ကင်မရာရှေ့မှာ မရှက်ဖို့ ပြောပါတယ်။ မေမေ့ကြော်ငြာဆိုရင် အရင်တုန်းကကြော်ငြာသိပ်မလာတော့ဘူး။ အခုကျတော့ မေမေက ကြော်ငြာသိပ်မရိုက်တော့ဘူး။ ဇာတ် ကားတွေပဲ ရိုက်တော့တယ်။ ကြော်ငြာက သိပ်မသိဘူး။ ဇာတ်ကားဆိုရင် ဟာသကားတွေဆို တအားရယ်ရတယ်။ ငယ်ငယ်ကတည်းက ကြည့်လာခဲ့တာဆိုတော့ မေမေ့ရဲ့ အိုက်တင်တွေကို အလွတ်ရနေပြီ” လို့ စံထိပ်ထားဦးက ပြောပါတယ်။ သရုပ်ဆောင်လုပ်ဖြစ်မလား မလုပ်ဖြစ်ဘူး လားဆိုတာ မသေချာသေးပေမယ့် အကောင်းဆုံးဖြစ် အောင် ကြိုးစားသွားပါမယ်ဆိုတဲ့ စံထိပ်ထားဦးက သီချင်းဆိုရတာ ဝါသနာပါတဲ့အတွက် ကျောင်းပြီး ရင်တော့ သီချင်းခွေ ထုတ်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ “ဂီတပိုင်းကိုတော့ငယ်ငယ်လေး ကတည်းက ဝါသနာပါတယ်။

သီချင်း တွေဆိုရင်းဆိုရင်းနဲ့ ငါဝါ သနာပါပါလား ဆိုပြီး သိလာတယ်။ သီချင်းဆိုတာ ဆက်ကျင့်ရင်းနဲ့ cover song လေး တွေ အွန်လိုင်းတင်ဖြစ်တယ်။ သူများ တွေက ကလေးဆိုတော့ သိပ်မဆိုတတ် ဘူး ထင်တာ ဆိုတာနားထောင်ပြီးတော့ အသံကောင်းတယ်ပြောပါတယ်။ ကျောင်းပြီးရင်တော့ စီးရီးထုတ်ဖို့ စီစဉ် ထားပါတယ်။ သမီးကတော့ အကုန်ဆိုချင် ပါတယ်။ ဒါပေမဲ့ pop ကိုတော့ ပိုအားသန်တယ် လို့သမီးကိုယ်သမီးသိတယ်”လို့စံထိပ်ထားဦး က ပြောပါတယ်။ ကျောင်းပြီးဆုံးဖို့ ၂ နှစ်လောက်လိုသေးပြီး နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ မသေချာသေး ဘူးလို့ ဆိုပါတယ်။ ကြော်ငြာတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ကား ရိုက်ကူးဖို့ အတွက်ကိုတော့ ငယ်သေးတဲ့အတွက် မိခင် က ခွင့်မပြု သေးဘူးလို့သိ ရပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here