သမီးလေးကို ဝေဖန်ကြသူ တချို့ကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ ခိုင်သင်းကြည်

0
270

သရုပ်ဆောင်ခိုင်သင်းကြည်က သမီးလေးစံထိပ်ထားဦးကို အွန်လိုင်း ပေါ်မှာ ဆိုးရွားစွာ ဝေဖန်ပြောဆိုကြတဲ့အတွက် ကိုယ်တိုင်ရော သမီးလေးပါ စိတ် မကောင်းဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။

“ထိပ်ထိပ်တို့ကျတော့လည်း အွန်လိုင်းမီဒီယာတွေကို ဝင်ဝင် ကြည့်ကြတယ်။ တစ်ခါတလေကျရင် သမီးက အနုပညာအလုပ်လုပ်မှာ ပါဆိုရင် ပရိသတ်တွေရဲ့ စိတ်ထဲမှာ အဆိုတော်လုပ်မှာလို့ မထင်ဘဲနဲ့ ကိုယ့်လို ဇာတ်ကားရိုက်မှာပဲလို့ ထင်ပြီး ဝင်ဝင်ရေးကြတာပေါ့။ ကောင်းတဲ့လူတွေကတော့ ကောင်း သလိုရေးပေမယ့် တချို့ကျတော့ ဒီလောက်ရုပ်ဆိုးတာ လုပ်ဦးမယ်။ သရဲမ၊ သရဲကားပဲရိုက်ဆိုပြီး ရေးကြ တယ်။ ဒါတွေကိုယ်လည်း ဖျက်လို့မ ရဘူး။ ကလေးကိုလည်း မကြည့်နဲ့လို့ ပြောလို့လည်း သူကမြင်နေတယ်လေ။ သူ့အကြောင်းလေးတင်ရင် ဘာများ သူ့ကိုရေးမလဲဆိုပြီး ကိုယ်တွေ ထက်တောင် စိတ်ဝင်စားသေးတယ်။ အဲဒီလိုတွေပါလာတော့ ကလေးက စိတ်မကောင်းဘူး။ ကိုယ်လည်း စိတ် မကောင်းဘူးလေ။ ဘယ်လိုလုပ် ရမှန်း လည်းမသိဘူး။

သူ့ကိုပဲ နားလည် အောင်ပြောရတယ်။ သမီးလူဆိုတာ ကတော့ မတစ်ထောင်သားတွေ၊ ကောင်းတာတွေ ပြောတာလည်း ရှိတယ်။ မကောင်းတာပြောတာ ရှိတယ်။ ကိုယ့်ကိုယ်မုန်းတဲ့လူက တစ်ရာမှာ ၁ဝယောက်ရှိရင် ၅ ယောက်လောက်ပဲရှိအောင် အနေအထိုင်အပြောအဆို ကအစယဉ်ယဉ်ကျေးကျေးလေးနဲ့ သူများမမုန်း အောင်နေ ရမယ်။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား အမြဲတမ်းပြော ရမယ်ဆိုတာကို သင်ပေးရတယ်။ ချစ်တဲ့လူတွေအများကြီး ရှိပါတယ်။ တချို့ကျတော့လည်း ဒီလိုပြောမှ စိတ်ပြေတတ် တဲ့လူတွေလည်း ရှိတယ်။ ပြောပြရတယ်” လို့ခိုင်သင်းကြည်က ပြောပါတယ်။ အခုဆို ကြော်ငြာတွေ ရိုက်ကူးနေတဲ့ သမီးလေးကို ကိုယ့် ဘာသာ ကိုယ်စီစဉ်နိုင် အောင်လို့ အခုကတည်းက သင်ပေးထားကြောင်းကို ခိုင်သင်းကြည်က ..

“အဓိကတော့ အဘွားပေါ့။ အဘွားကိုပဲ တစ်ချိန်လုံးအားကိုးနေ မှာဆိုးလို့ ဘွားဘွားကိုမလုပ်ခိုင်းနဲ့။ ကိုယ့်ဘာသာကိုယ်လုပ်။ မေမေ မင်း သမီးလုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာလည်း ကိုယ်ကိုယ်တိုင် အဝတ်အစားထည့်ရတယ်။ ကောင် မလေးတွေ ဘယ်လောက်ပဲရှိရှိ၊ ကိုယ်က ဒါနဲ့ဒါနဲ့ဝတ်မယ်ဆိုပြီး ကိုယ်ပဲလုပ်ရတာလေ။ ကိုယ့်ဘာသာ ကိုယ် စီစဉ်ရတယ်။ အကျင့်ဖြစ်သွားအောင်ပေါ့။ ကြော်ငြာချည်းပဲ တစ်သက်လုံး ရိုက်မှာလည်း မဟုတ်ဘူး။ အရွယ်ရောက်လာပြီ။ ကလေးလည်းမဟုတ်တော့ ဘူး။ ဘယ်အလုပ်မဆို ကိုယ့်ဘာသာကိုယ်လုပ် တတ်အောင် သင်ပေးထား တယ်” လို့ပြောပါတယ်။ ခိုင်သင်းကြည်က စက်တင်ဘာလ ၂၇ရက်နေ့မှာကျ ရောက်တဲ့ မွေးနေ့အလှူအဖြစ် သုံးတောင်ကျေးရွာရှိ မဟာဇနသုခ မြွေဘုရား မှာ ထီးတော်အလှူ အတွက် ငွေကျပ် ၁ဝ သိန်း လှူဒါန်းခဲ့သလို မျက်မမြင် ကျောင်းသား ၁၂၈ ဦးအတွက် မျက်နှာသုတ်ပဝါနှင့်သွားတိုက်ဆေးဘူး များလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရှုတင်မှာ လည်း အနုပညာမောင်နှမများနဲ့ ကိတ်မုန့်ခွဲခဲ့ပြီး စက်အဖွဲ့သားတွေကို ပုဆိုး တစ်ထည်ဆီဝေငှပေးခဲ့ကြောင်း လည်း သိရပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here