Director of Photography အဖြစ် ထပ်မံလုပ်ဖြစ်ဦးမှာလား နေတိုး

0
272

မကြာမီ ရုံတင်ပြသတော့မယ့် ‘ အောင်စေပိုင်စေ’ဇာတ်ကားမှာ ပိုင် စေနေရာက သရုပ်ဆောင်ထားတဲ့ နေတိုးက ဒီဇာတ်ကား ရိုက်ကူးရင်း အရင်က ရိုက်ကူးခဲ့တဲ့ အက်ရှင်ဇာတ်ကားတွေကို သတိရမိတယ်လို့ ဆိုပါ တယ်။ လူမင်းနဲ့အတူလည်း နေတိုးရိုက်ကူးခဲ့တဲ့ ဇာတ်ကားက ၁ဝကား ကျော်ရှိပြီဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ် ယောက် အထာသိတာ ကြောင့် နှစ်ယောက်အတူ တွဲဖက်ရိုက်ကူးမှုမှာ အခက်အခဲမရှိ ခဲ့ဘူးလို့ ဆိုပါတယ်။ နေတိုးအနေနဲ့ ‘ ကြောက် ကြောက် ကြောက်’ ၊ ‘ Rose Rider’ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တဲ့အပြင် DOP (Director of Photography) အပိုင်းမှာ ပါဝင်ကူညီခဲ့ပါ တယ်။ နောက်ထပ် ဒီလို DOP အလုပ်ကိုတော့ သိပ်မလုပ်ဖြစ်တော့ ဘူးလို့ နေတိုးက ဆိုပါတယ်။

ကျွန်တော် DOP လုပ်ပေးတာတော်တော်ရှားပါတယ်။ ပထမ ဇာတ်ကားတစ်ကားက သူငယ်ချင်းက အကူအညီတောင်းတော့ လုပ်ပေးဖြစ်တယ်။ နောက် Rose Rider ကျကတော့ နှင်းဆီ အဖွဲ့ရဲ့ ဇာတ်ကားဖြစ်တဲ့အတွက် လုပ်ပေးဖြစ်တာပါ။ နောက် ပိုင်းတော့ လုပ်ပေးဖို့သိပ်မရှိဘူး။ ဒီအလုပ်က တအားပင်ပန်း တယ်။ သရုပ်မဆောင်ပဲ လုပ်ပေးရမယ်ဆိုရင်တော့ တစ်မျိုး ပေါ့။ သရုပ်လည်း ဆောင်ရမယ်။ DOP လည်း လုပ်ရ မယ် ဆိုရင် မလွယ်ဘူး။ ကျွန်တော်ကလည်း ဒါကိုဝါသနာပါ တယ်။ ကျွန်တော့်ရဲ့ Photography Taste လေးကို သိနေလို့သာ လုပ်ခိုင်းကြ တာပါ။ တခြားဇာတ်ကားတွေကို လုပ်ပေးဖို့ သိပ်မရှိပါဘူး” လို့ နေတိုး က ပြောပြပါတယ်။ နေတိုးက နောက်ထပ်လည်း ‘ဖွားဖက်တော်’လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသွားဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here