Miss International ပြိုင်ပွဲအတွက် အလှမယ် စဝ်ယွန်းဝတီဦး ဘာ တွေ ပြင်ဆင်နေလဲ

0
155

Miss Myanmar International  2017 ဆုရှင် အလှမယ် စဝ်ယွန်းဝတီဦးကတော့ အောက်တို ဘာလကျရင် ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့်    Miss International  2017  ပြိုင်ပွဲကြီးကို သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် ပြင်ဆင်မှုနဲ့ပတ်သက်လို့ …

“ညီမက ပြိုင်ပွဲအတွက် ပြင်ဆင် နေပါတယ်။ ညီမအကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ညီမ လိုအပ်ချက်တွေကိုလည်း အစစအရာရာ ပြည့်စုံအောင် ကြိုးစားပြီးတော့ လိုအပ်ချက်တွေ ဖြည့်ဆည်းနေပါတယ်။ အဲဒါကြောင့် ညီမ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည် ပါတယ်”လို့ အလှမယ် စဝ်ယွန်းဝတီဦးက ပြောပါတယ်။ သူမ အနေနဲ့ နောက်ပိုင်းမှာလုပ်ဆောင်သွားမယ့် အလုပ်တွေအကြောင်းကိုလည်း…

“ညီမက ဂျပန်နိုင်ငံမှာ ကျင်းပ ပြုလုပ်မယ့် Miss Internationalပွဲ ပြီးဆုံးသွားရင် Miss Myanmar International တစ်ဦးအဖြစ် ပရဟိတနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ညီမဘက်က တတ်နိုင်သလောက် ပါဝင်ဖြည့်ဆည်းပေးသွားမှာပါ။ အနုပညာနဲ့ပတ်သက်ပြီး ညီမအခု လောလောဆယ်တော့ သီချင်းဆိုတာတို့ကြော်ငြာ ရိုက်တာတို့ အားသန်ပါတယ်။ အဆိုပိုင်းနဲ့ ရပ်တည်သွားမယ်ဆိုတာတော့ မပြောတတ်သေပါဘူး။ ကိုယ်ရဲ့လုပ်နိုင်စွမ်းပေါ်မှာလည်း မူတည်ပါတယ်” လို့ စဝ်ယွန်းဝတီဦးက ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here