အမေရိကမှာ ဖျော်ဖြေရေး ခရီးသွားရင်း ရခိုင်ဒေသအတွက် ရန်ပုံငွေ ရှာခဲ့တဲ့ ရတနာမိုင်

0
293

အဆိုတော် ရတနာမိုင်က သြဂုတ်လဆန်းက အမေရိကန်နိုင်ငံကို တစ်လကြာဖျော်ဖြေရေးသွားရောက်ခဲ့ပြီး စက်တင်ဘာလဆန်းအတွင်းမှာ တော့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အမေရိကားမှာလည်း ရန်ပုံငွေဂီတပွဲတွေ ဖျော်ဖြေခဲ့တဲ့ ရတနာမိုင်ကို ပေါ်ပြူလာက အမေရိက ခရီးစဉ် အကြောင်း မေးဖြစ်တဲ့အခါ အဆိုတော် ရတနာမိုင်က သြဂုတ်လဆန်းက အမေရိကန်နိုင်ငံကို တစ်လကြာဖျော်ဖြေရေးသွားရောက်ခဲ့ပြီး စက်တင်ဘာလဆန်းအတွင်းမှာ တော့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အမေရိကားမှာလည်း ရန်ပုံငွေဂီတပွဲတွေ ဖျော်ဖြေခဲ့တဲ့ ရတနာမိုင်ကို ပေါ်ပြူလာက အမေရိက ခရီးစဉ် အကြောင်း မေးဖြစ်တဲ့အခါ

“ရန်ပုံငွေ၊ ဂီတပွဲတွေ ဆိုဖြစ်ခဲ့ ပါတယ်။အစကတော့ ကိုယ့်ရဲ့ရခိုင် ဒေသမှာရှိတဲ့ လိုအပ်တဲ့ ဒေသတွေ အတွက် အလှူအတွက်သွားတာပါ။ဟိုကိုရောက်နေတဲ့ အချိန်မှာပဲ ဒီမှာလည်း ရခိုင်ဒေသမှာ ပဋိ ပက္ခတွေဖြစ်တော့ အဲဒီအတွက်ပါ ပွဲတွေဆိုပြီး ရန်ပုံငွေ ရှာခဲ့ပါတယ်။ အမေရိကရောက်နေတဲ့ မြန်မာအနု ပညာရှင်ကြီးတွေနဲ့လည်း ဆုံဖြစ်ခဲ့ပါတယ်။ မှတ်မှတ် ရရကတော့ ဟိုမှာရောက် နေတဲ့ ဦးမိုးမင်းနဲ့အတူ သီချင်းဆိုဖြစ်တဲ့ ဗီဒီယိုဖိုင်လေးကလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတော့ အမှတ်တရပါပဲ။ ဟိုမှာ တော့ ရှော့ပင်းတွေဘာတွေ တကူးတက မလုပ် ဖြစ်ပါဘူး။ မြို့တော်တော် များများတော့ စုံအောင် သွားဖြစ်ပါတယ်”  လို့  ရတနာမိုင်က ပြောပါတယ်။

ရတနာမိုင်က နိုဝင်ဘာလ အတွင်းမှာတော့ ‘သူသိစေ’ ကို ထွက်ရှိမှာ ဖြစ်ပြီး ဒီ MTV မှာတော့ စီးရီး နှစ်ခုပေါင်းကို လက်ရွေးစင် ရွေးပြီး ရိုက်ကူးထားတယ်လို့ သိရပါ တယ်။ “ဒီကြားထဲမှာထွက်ရှိထားတဲ့ ‘ ပြောသားပဲ’ Mini Album က သီချင်း ၆ ပုဒ်ရယ်၊ ‘သူသိစေ’ စီးရီး က လက်ရွေးစင်သီချင်း ၆ ပုဒ်ရယ် စုပြီး စုစုပေါင်း ၁၂ ပုဒ် MTV ရိုက်ကူးပါမယ်။ အဲဒါလေးကို ဒီနိုဝင်ဘာအတွင်းမှာ ထွက် ရှိနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ရတနာမိုင်က ပြောပြခဲ့ ပါ တယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here