ဇာတိမြေ ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်း အား မြို့တော်ခန်းမရှေ့နဲ့ ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်မှာ ရိုက်ကူး

0
115

မြန်မာ-ဂျပန်ချစ်ကြည်ရေး အနေနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့ကို  စက်တင်ဘာလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ရိုက်ကူးလျက်ရှိပါတယ်။ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားမှာတော့ အောင်ရဲလင်း၊ မြန်မာလူမျိုး ဂျပန် အဆိုတော် မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့က အဓိကပါဝင် သရုပ်ဆောင် ထားတာဖြစ်ပြီး မိုရီဆာကီဝင်းရဲ့ အဘွားဖြစ် သူနေရာမှာတော့ ဝါရင့်သရုပ် ဆောင်ကြီး ဒေါ်မြင့်မြင့်ခင် ကပါ ဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မြန်မာ-ဂျပန်ချစ်ကြည်ရေး အနေနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့ကို  စက်တင်ဘာလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ရိုက်ကူးလျက်ရှိပါတယ်။ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားမှာတော့ အောင်ရဲလင်း၊ မြန်မာလူမျိုး ဂျပန် အဆိုတော် မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့က အဓိကပါဝင် သရုပ်ဆောင် ထားတာဖြစ်ပြီး မိုရီဆာကီဝင်းရဲ့ အဘွားဖြစ် သူနေရာမှာတော့ ဝါရင့်သရုပ် ဆောင်ကြီး ဒေါ်မြင့်မြင့်ခင် ကပါ ဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာတ်ကားရဲ့၎ ပုံ၃ပုံခန့်ကို ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်ပြီး ဆူးလေခန်းမရှေ့က မဟာဗန္ဒုလပန်း ခြံမှာလည်း ရိုက်ကူးမှုအချို့ ပြုလုပ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ရိုက်ကူးမှု အချို့အကြောင်းကတော့  “အစ်မတို့ ရိုက်ကူးပြီးသလောက်မှာ ကျေနပ်အားရမှုရှိပါတယ်။ ဂျပန် မှာသွားရိုက်ကူးခဲ့တုန်းက ရာသီဥတု တအားကောင်းတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်ရက်ပဲရှိသေးတယ်။ တအား ပင်ပန်းနေကြပြီ။ ရာသီဥတု တအားပူတယ်။ ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေက  outdoor  တွေချည်းပဲ ဖြစ်တယ်။ မနက်က ညအထိ ရိုက်ကြတာရယ်။ ရိုက် ကူးရတဲ့ နေရာတွေ ဝေးတာကြောင့် အားလုံးပင်ပန်းကြပါ တယ်။ ကိုယ်က ထူးထူးခြားခြား ရိုက်ကူးချင်တဲ့ အတွက် ထူးထူး ခြားခြား ပင်ပန်းမှုတွေရှိခဲ့တာပါ။ မြို့တော်ခန်းမရှေ့၊ လေယာဉ် ကွင်းနဲ့ ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်မှာတွေ ရိုက်ခဲ့ပြီးပါပြီ” လို့ ဇာတ်ကား ကိုပုံဖော်သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပြပါတယ်။ “ဇာတိမြေ” ဇာတ်ကားရဲ့ ရိုက် ကူးရေး တချို့အတွက်လည်း အောက်တိုဘာလ ၂ရက်နေ့မှာ နယ်ဘက်ကို သွားရောက်ရိုက် ကူးကြဦးမယ်လို့သိရပါတယ်။ မြတ်မိုးပွင့်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here