အပယ်ခံတွေဟာ ထူးချွန်တဲ့ သူတွေဖြစ်တယ် ဆိုတာ ပြသမယ့် ရုပ်ရှင် ဇာတ်ကား

0
176

မိုးပြည့်ပြည့်မောင်ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး ဖြစ်တဲ့ “မိုးပြည့်” ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးမှ ရိုက် ကူးထုတ်လုပ်မယ့်  “မြစ်တစ်စင်းရဲ့ ကျေးကျွန်များ”ရုပ်ရှင် ဇာတ်ကားကြီး ကန်တော့ပေးပွဲ အခမ်းအနားနဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီက Orchid Hotel  မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မျိုးထူးက ရိုက်ကူး ပုံဖော်မှာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ကတော့ ကျော်သူ ၊ ကျော်ရဲအောင်၊ မင်းဦး၊ နေမျိုးအောင်၊ အောင်မင်းခန့် ၊ ထွန်းအိန္ဒြာဗိုလ် ၊ မိုးပြည့်ပြည့်မောင် တို့က အဓိကပါဝင် သရုပ်ဆောင် သွားကြမှာဖြစ်ပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားကို ပုံဖော်ရိုက်ကူးမယ့် ဒါရိုက်တာ မျိုးထူးက မိုးပြည့်ပြည့်မောင်ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး ဖြစ်တဲ့ “မိုးပြည့်” ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးမှ ရိုက် ကူးထုတ်လုပ်မယ့်  “မြစ်တစ်စင်းရဲ့ ကျေးကျွန်များ”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲ အခမ်းအနားနဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီက Orchid Hotel  မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မျိုးထူးက ရိုက်ကူး ပုံဖော်မှာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ကတော့ ကျော်သူ ၊ ကျော်ရဲအောင်၊ မင်းဦး၊ နေမျိုးအောင်၊ အောင်မင်းခန့် ၊ ထွန်းအိန္ဒြာဗိုလ် ၊ မိုးပြည့်ပြည့်မောင် တို့က အဓိကပါဝင် သရုပ်ဆောင် သွားကြမှာဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို ပုံဖော်ရိုက်ကူးမယ့် ဒါရိုက်တာ မျိုးထူးက  “ဒီဇာတ်ကားက အကြောင်း အမျိုးမျိုးကြောင့် ရိုက်မယ်၊ မရိုက် ဖူးနဲ့ အကြိမ်ကြိမ် လွဲခဲ့သော ဇာတ် ကားပါ။ နောက်တစ်ခုက ကျွန်တော် ကိုယ်တိုင် ဒါရိုက်တာ မလုပ်တောင် အခြားတစ်ယောက် ကို ရိုက်ပါဆိုပြီး ကုမ္ပဏီကိုသွားပြတာတောင် မရိုက် ဘူးဆိုပြီး ငြင်းခံခဲ့ ရတဲ့ ဇာတ်ကား။ အပယ်ကားပေါ့။ အဲဒီ့ အပယ်ခံဇာတ် ကားကိုမှ မိုးပြည့်က သဘောကျပြီး ရိုက်ကူးမယ် ဆိုတော့ ရိုက်ကူး ဖြစ်ခဲ့ တဲ့ဇာတ်ကားပေါ့နော်။ ဒီ ဇာတ်ကား မှာကျွန်တော်တို့က တစ် ခါတရံမှာ သူစိမ်းတွေက လူရင်း တွေ၊ မိဘတွေ၊ ဆွေမျိုးသားချင်း တွေထက် အင်မတန် စည်းလုံး ညီညွတ်သွားကြ တယ်ဆိုတာ၊ နောက် တစ်ခုက အပယ်ခံတွေက အင်မတန် ထူးချွန် တဲ့သူတွေ ဖြစ်နေကျတယ်ဆို တာ လည်းပြချင်တယ်”လို့ ပြောပြ ခဲ့ပါ တယ်။ ဒီဇာတ်ကားကို အောက်တို ဘာလ ၂ဝ ရက်နေ့မှာစတင် ရိုက် ကူးမှာဖြစ်ပြီး မင်းကွန်းဒေသ ဘက် တွေမှာ သွားရောက် ရိုက်ကူးမှာဖြစ် တယ်လို့ သိရပါတယ်။
ဇင်မာနွယ်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here