ဖခင်ဖြစ်သူကို စီးပွားရေးကိုပဲ ပိုလုပ်စေချင်တဲ့ ယွန်းဝတီလွင်မိုး

0
151

သြစတြေးလျနိုင်ငံမှာ ပညာသင်ယူနေတဲ့ ယွန်းဝတီလွင်မိုးက ကျောင်းခေတ္တ ပိတ်တဲ့အတွက် မြန်မာနိုင်ငံကို ၃ရက်ကြာ အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။ ဒီတစ်ခေါက် အလည်ရောက်ရှိတဲ့ အချိန်မှာတော့ ညီမဖြစ်သူ ယွန်းနန္ဒီလွင်မိုး နဲ့အတူ ကြော်ငြာ ရိုက်ကူးခဲ့ပါတယ်။ ညီမ နှစ်ယောက်တွဲ ပြီး သရုပ်ဆောင် ရတာဖြစ်တဲ့ အတွက် အရမ်းပျော်ပြီး၊ သူ့ကိုတော့ အစ်မ တစ်ယောက်အ နေနဲ့ အခုချိန်မှာ ပညာရေးကိုပဲ ဦးစားပေးစေချင်ကြောင်း ယွန်းဝတီ လွင်မိုး က ပြောပါတယ်။

  “ညီမလေးက တစ်ခါမှ မရိုက်ဖူးဘူးဆိုတော့ သူ့ကိုပို့စ်လုပ် တာလေးတွေ၊ အင်္ကျီ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး ကူညီပေးတယ်။ ညီမဆိုရင် အနုပညာ စလုပ်တာ သူ့ထက်စောတယ်။ ဒါပေမဲ့ သူ့ကို ညီမငယ်သေး တယ်ထင်တယ်။ ပညာရေးကိုပဲ ခိုင်ခိုင်မာမာ စိတ်ဝင်တစားနဲ့ တက်စေချင် တယ်။ ပညာရေးပြီးလို့ သူအနုပညာ စိတ်ဝင်စားရင် လည်း စိတ်ဝင်စားပေါ့။ အခုချိန် မှာတော့ အနုပညာ အလုပ်ထက် ပညာရေးကိုပဲ ဦးစားပေး စေချင်ပါတယ်”  လို့ သူကပြောပါတယ်။

ကျောင်းပိတ်တဲ့ အချိန် မြန်မာနိုင်ငံကို ပြန်လာတဲ့ ရက်တွေမှာတော့ ကြော်ငြာတွေပဲ ရိုက် ကူးဖြစ်နေပြီး ဇာတ်ကားရိုက် ကူးမှုတွေတော့ မလုပ် ဖြစ်ကြောင် ယွန်းဝတီလွင်မိုး ကပြောပါတယ်။ ဖခင် ဖြစ်သူ လွင်မိုးနဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့ဖြစ်စေလို မှုကိုပြောပြတာက “ဖေဖေက အနုပညာသမား တစ်ယောက် အနေနဲ့ ဖြတ်သန်းလာတယ်။ အခုတော့ စီးပွားရေး လုပ်နေတယ်။ သမီးအနေနဲ့ကတော့ စီးပွားရေးကိုပဲ ဆက်လုပ် စေချင် တယ်။ ဒါပေမဲ့ အနုပညာလောကနဲ့က လုံးလုံး ကြီး ခွာသွားလို့မရဘူး။ အားပေး နေတဲ့ ပရိသတ်တွေ ရှိနေ သေးတယ်ဆိုတော့နည်းနည်း ပါးပါးလည်း အနုပညာ ဘက်ကို လုပ်စေချင်တယ်။ ဒါပေမယ့် စီးပွားရေးကို တော့ လက်မလွှတ်စေချင်ဘူး” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here