ကားဆွဲ ၊မီးထိုး၊ လူကြမ်းဘဝကနေ လူရွှင်တော်ဖြစ်လာခဲ့သူ လူရွှင်တော် နေကျော်

0
334

လူရွှင်တော်တစ်ယောက်ဖြစ် လာဖို့အတွက် အခက်အခဲတွေ အ များကြီးကြားထဲကနေ ကြိုးစားခဲ့ရတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော် နေကျော်လည်း တစ်ယောက်အပါ အဝင်ပါ။ သူဟာကားဆွဲအနေနဲ့ ၂ နှစ်၊မီးထိုးအဖြစ် ၂နှစ်၊ လူကြမ်း အဖြစ် ၆နှစ်လောက်လုပ်ဆောင်ခဲ့ပြီး မှ လူရွှင်တော်ဘဝကို တက်လှမ်း ခွင့်ရခဲ့သူပါ။ သူ့အနေနဲ့ လူရွှင် တော် တစ်ယောက်ဖြစ်လာလိမ့်မယ် လို့ ထင်မှတ်မထားခဲ့ဘဲ နောက်ဆုံး မှာတော့ ဆရာကောင်းသမား ကောင်းတွေနဲ့တွေ့ပြီး လူရွှင်တော်  တစ်ယောက်ဖြစ်လာခဲ့တာလို့ သိရပါ တယ်။လူရွှင်တော်နေကျော်ရဲ့ အနု ပညာသက်တမ်းက ၃၅နှစ် ကျော် လွန်ခဲ့ပြီဖြစ်ပြီး ဒီကာလတွေအတွင်း မှာလည်း အခက်အခဲတွေလည်းရှိခဲ့ ပါတယ်။ လူရွှင်တော်တစ်ယောက်ဖြစ် လာဖို့အတွက် အခက်အခဲတွေ အ များကြီးကြားထဲကနေ ကြိုးစားခဲ့ရတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော် နေကျော်လည်း တစ်ယောက်အပါ အဝင်ပါ။

သူဟာကားဆွဲအနေနဲ့ ၂ နှစ်၊မီးထိုးအဖြစ် ၂နှစ်၊ လူကြမ်း အဖြစ် ၆နှစ်လောက်လုပ်ဆောင်ခဲ့ပြီး မှ လူရွှင်တော်ဘဝကို တက်လှမ်း ခွင့်ရခဲ့သူပါ။ သူ့အနေနဲ့ လူရွှင်               တော် တစ်ယောက်ဖြစ်လာလိမ့်မယ် လို့ ထင်မှတ်မထားခဲ့ဘဲ နောက်ဆုံး မှာတော့ ဆရာကောင်းသမား ကောင်းတွေနဲ့တွေ့ပြီး လူရွှင်တော်  တစ်ယောက်ဖြစ်လာခဲ့တာလို့ သိရပါ တယ်။လူရွှင်တော်နေကျော်ရဲ့ အနု ပညာသက်တမ်းက ၃၅နှစ် ကျော် လွန်ခဲ့ပြီဖြစ်ပြီး ဒီကာလတွေအတွင်း မှာလည်း အခက်အခဲတွေလည်းရှိခဲ့ ပါတယ်။

“စိတ်၏ပြေလည်မှု၊ စိတ်၏မ ပြေလည်မှု ၊ငွေရေးကြေးရေးပြေ လည်မှု၊ မပြေလည်မှုတွေလည်း ရှိ တာပါပဲ။ ဒါတွေကို သည်းခံခွင့်လွှတ် ပြီးတော့ အနုပညာအလုပ်ကို ချစ်မြတ်နိုးလို့ ရုန်းကန်ကြိုးစားခဲ့ရ တာပါ။ အဲဒီတော့ ဒီလုပ်ငန်းကို လုပ်တော့မယ်ဆိုရင်လည်း စိတ်က လည်းဦးတည်ချက်ရှိမှ၊ ရည်ရွယ် ချက်ရှိမှလေ။ ကျွန်တော့်အနေနဲ့ ဒီ လုပ်ငန်းနဲ့ ကျွမ်းကျင်တော့ ဒီလုပ် ငန်းကိုပဲလုပ်ချင်တာပါ။အပြင်လုပ် ငန်းကို မကျွမ်းကျင်တော့ ဇဝေဇဝါ ဖြစ်ပြီး ဘာလုပ်ချင်ကိုင်ချင်မှန်းကို မသိတော့ဘူး။ ဒီလုပ်ငန်းလေးလုပ် ရတာ စိတ်ချမ်းသာတယ်။

သေမှပဲ ဒီအလုပ်ကို စွန့်လွှတ်မယ်လို့ စိတ်ကူး ထားပါတယ်” လို့ သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို လူရွှင်တော် နေကျော်ကပြောပါတယ်။ လူရွှင်တော်ဆိုတာကလည်း ပြက်လုံးတစ်လုံးထွင်ဖို့ဆိုတာ မလွယ် ကူဘဲ ပရိသတ်တွေရယ်ဖို့ ဆိုတာက ပိုလို့တောင် ခက်ခဲပြီး ပြက်လုံးကို ပရိသတ်တွေသဘောကျလို့ ရယ်ကြ ရင်လည်း သူတို့အနေနဲ့ တအားစိတ် ချမ်းသာရကြောင်း သူကဆက်ပြော ပါတယ်။ လူရွှင်တော်နေကျော်က အခုလက်ရှိမှာတော့ တင်မောင်ဆန်းမင်းဝင်းတို့  ရွှေမန်းသဘင် ဇာတ် မှာ သူငယ်ချင်း ဖြစ်သူဒီလုံးနဲ့အတူ လူရွှင်တော် အဖြစ် ပါဝင်တင်ဆက်လျက် ရှိနေပါတယ်။

 လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here