သရုပ်ဆောင် ဧငြိမ်းဖြူက ဒါရိုက်တာ သီတာလင်း ရိုက်ကူးမယ့် ‘မိရိုးဖလာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ စောယုနန္ဒာတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ‘မိရိုးဖလာ’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် သူမရဲ့ ပြင်ဆင်မှုအပိုင်းကိုတော့ ဧငြိမ်းဖြူက “ဒီဇာတ်ကားလေးထဲမှာ နိုင်ငံခြားကနေ စာတန်းပြုစုဖို့ ပြန်ရောက် ရှိလာတဲ့ ကာရိုက်တာလေးနဲ့ပါ။ စာတန်းပြုစုတဲ့ ကာရိုက်တာအတွက် တောင်ပြုံး အကြောင်းတွေ လေ့လာထားပါတယ်။ ညီမသိသလောက်တော့ တောင်ပြုံးပွဲက အရမ်းနတ်ကြီးတယ်လို့သိတယ်။ အဲဒီအတွက် ညီမစကားပြောတာတွေ ဝတ်တာ စားတာတွေကို အရမ်းဂရုစိုက်ရမယ် ထင်တယ်။ ဒီဇာတ်ကားက ရုပ်ရှင်ဇာတ်ကား ကြီးအနေနဲ့ ဒုတိမြောက်ဇာတ်ကားပါ” လို့ ပြောပါတယ်။
ဧငြိမ်းဖြူက တတိယမြောက် ရုပ်ရုင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့ အတွက် လေ့လာပြင်ဆင်နေကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ ” တတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့ စီစဉ်ထား ပါတယ်။ အဲဒီဇာတ်ကားကတော့ ကြာမယ်။ အကနဲ့ပတ်သက်တာ လေ့လာဦးမယ်။ ညီမက ငယ်ငယ်လေးကတည်းက ကတဲ့အတွက်တော့ ထွေထွေထူးထူး အခက်အခဲ မရျိဘူး။ ပိုပြီး အဆင်ပြေအောင် ဘန်ကောက်မှာ အကသင်တန်းကျောင်းသွားတက်ဖို့ ရှိတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးမှာဆိုတော့ ညီမတော်တော်လေး ကြိုးစားရမယ်။ ဒါရိုက်တာဝိုင်းက အကနဲ့ပတ်သက်ပြီး တစ်ခါမှ မရိုက်ကူးဖြစ်ခဲ့သေးဘူး။ အကဇာတ် ကားဆိုတော့ တော်တော်လည်း လေ့ကျင့်ဖို့ အချိန်ယူရမယ်” လို့ ဧငြိမ်းဖြူက ဆိုပါတယ်။ သရုပ်ဆောင် ဧငြိမ်းဖြူက အခုလတ်တလော ရုပ်ရှင်ကား ဇာတ်ကားတွေ ရိုက်ကူး သွားဖို့ရှိပြီး ကြော်ငြာ၊ တွေလည်း ရိုက်ကူးဖို့ရှိကြောင်းလည်း သိရပါတယ်။
ချယ်ရီ