အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဘီးကျဲ ဇာတ်ရုပ်တွေပဲ လာကမ်းလှမ်းကြတယ် ကိုကိုလင်းမောင်

0
226

‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် သွားမယ့် သရုပ်ဆောင် ကိုကိုလင်းမောင်က…

“ကိုမင်းဦးပြောတာတော့ အဆိုတော် ကောင်မလေး တစ်ယောက်ကို မြေတောင်မြှောက်ပေးလိုက်တဲ့ လူကြီး ပေါ့။ ချူဆီထုတ်ခံ ရတဲ့ လူကြီးဖြစ်မယ်ထင် ပါတယ်။ ကျွန်တော် အတတ်နိုင်ဆုံး အကောင်း ဆုံး ဖြစ်အောင် ကြိုးစားပါ့မယ်။ အမှန်အတိုင်း ပြော ရရင် ဒီလို ကာ ရိုက်တာမျိုး တစ်ခါမှ သရုပ်မဆောင်ဖူးပါဘူး။ ချူဆီဆိုတဲ့ နာမည်နဲ့ သူကချူတာလား။ ကိုယ်ကချူတာလားတော့ မသိဘူး။ ကိုယ်လည်းတစ်ခါမှ သူများကိုမချူဖူးဘူး။ ကိုယ့်လည်း ချူမခံဖူးဘူးပေါ့။ ဆရာကိုမင်းဦးကိုပဲ အားကိုးပြီးတော့ အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင်သွားမှာပါ”  လို့ပြောပါတယ်။

ကိုကိုလင်းမောင်က ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ကာ အနုပညာလောကထဲ တစ်ကျော့ ပြန် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ‘မမထိပ်နဲ့အမွှေစိန်’ ဇာတ်လမ်းတွဲအပါအဝင် ရုပ်သံဇာတ်လမ်းတွဲ ၃ခု ရိုက်ကူးထားပါတယ်။ အခုရိုက်ကူးမယ့် ‘ချူဆီ’ ရုပ်ရှင် ဇာတ်ကားက စတုတ္ထမြောက် ပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းဖြစ်ကြောင်း ပြောပါတယ်။ အခုလိုအနုပညာ အလုပ်တွေ ပြန်လည်လုပ်ဆောင်တဲ့အခါမှာ ပရိသတ် တွေရဲ့ အမြင်ကိုအခုလို ပြောပါတယ်။

“ပရိသတ်တွေကတော့ ပြောကြတာပေါ့နော်။ ကိုကိုလင်းမောင်အသက်မကြီးသေးဘူးလို့။ အမှန်က အသက်ကြီးနေပါပြီ။ ၅ဝ နားကပ်နေပါပြီ” လို့ ရယ်မော စွာပြောပြခဲ့ပါတယ်။   အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက် လာတဲ့ အချိန်မှာတော့ သူနဲ့လိုက်ဖက်တဲ့ ဇာတ်လမ်း တွေဆို ရိုက်ကူးသွားမှာပါဆိုတဲ့ ကိုကိုလင်းမောင်က “အနုပညာအလုပ်တွေ ပြန်မလုပ်ခင်ကတော့ မိသားစုရှိလာတော့ မိသားစုစားဝတ်နေရေးအတွက် လုပ်ရတာပေါ့။ အနုပညာဘက်ကို ပြန်ရောက်လာ တာက တော့ပါပါကြီးဦးတင်ဦးဆုံးသွားတဲ့နောက်     ကျွန်တော်ပြန်ရိုက်ကူးချင်တာနဲ့ အဆင်ပြေတဲ့ ဇာတ်ကား လေးတွေ ပြန်လည်ရိုက်ကူးဖြစ်သွားတာပါ။ အခုအချိန် မှာတော့ ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ဇာတ်ကား တွေ ဘီးကျဲဇာတ်လမ်းတွေပဲလာတော့မယ်ထင်ပါတယ်”  လို့ ပြောပါတယ်။

  ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here