မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ် ဦးဇင်ဝိုင်း ရဲ့ တစ်ကျော့ပြန် လျှောက်မယ့်လမ်း

0
183

မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး အလုပ်အမှုဆောင်သစ်ရွေး ချယ်ပွဲကို စက်တင်ဘာလ ၂၃ရက်နဲ့ ၂၄ရက် (နှစ်ရက်တိုင်တိုင်) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ စက်တင် ဘာလ ၂၆ရက်နေ့က ကျင်းပပြု လုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး နာယကတွေရှေ့မှောက်မှာ အပြီးသတ် အနေနဲ့ အမှုဆောင်သစ် ရွေးချယ်တဲ့ အစည်းအဝေးမှာတော့ အများရဲ့ ဆန္ဒအရဦးဇင်ဝိုင်းကို ဥက္ကဋ္ဌအဖြစ် ရွေး ချယ်တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အသစ်စက် စက် ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းနဲ့ ပေါ်ပြူလာက တွေ့ဆုံမေးမြန်းဖြစ် ခဲ့တဲ့ အင်တာဗျူးကို ဖို့ တင်ဆက်ပေး လိုက် ပါတယ်။ 

မေး။ ။ အခုဆိုရင် ရုပ်ရှင် လောက သားတွေကရွေးချယ်တင် မြှောက်လိုက်တဲ့အတွက် ဦးဌေး (ဇင်ဝိုင်း)အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဆိုတဲ့ ရာ ထူးကိုနောက်ထပ်တစ်ခေါက် တစ် ကျော့ ပြန်တာဝန်ထမ်းဆောင်ရပြီ။ အဲဒီ အပေါ်ဦးဌေးအနေနဲ့ ဘာများ ပြော ချင်ပါသလဲ။

 ဖြေ။။ကျွန်တော် ကျေးဇူး တင်ပါတယ်။ ကျေးဇူးတင်တယ်ဆို တာက ကျွန်တော့်လောကသားတွေ ကိုပါ။ ကျွန်တော့်လောကသားတွေ ကျွန်တော့်ကို ယုံကြည်ကြတယ်။ ကျွန်တော့်ကိုချစ်ကြတယ်။ ကျွန်   တော့်ကို အားကိုးကြတယ်ဆိုတာကို သိတဲ့အတွက် ကျွန်တော်တာဝန် ကြီးပါတယ်။ ကျွန်တော်ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ကျွန်တော်ချစ်တဲ့၊  ကျွန်တော့်လောကသားများနဲ့ ကျွန် တော်တို့ ရုပ်ရှင်လောကအတွက် ကျွန်တော်တို့အမှုဆောင်တစ် ဖွဲ့လုံးက အစွမ်းကုန်ကြိုးစားပါမယ်။

မေး။။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌအသစ် တစ် ယောက်အနေနဲ့ ကောဘာတွေလုပ် ဆောင်သွားဖို့ စဉ်းစားထားပါသလဲ။

ဖြေ။  ။ ကျွန်တော့် တာဝန်တော့ မလွှဲရ သေးပါဘူး။ ရှေ့မှာငွေ စာရင်းတွေဘာတွေသီးသန့် တာဝန် လွှဲပါမယ်။ တာဝန်လွှဲပြီး တဲ့အချိန် မှကျွန်တော်စတင် တာဝန်ယူပါမယ်။ ဒီလကုန်၊ နောက်လဆန်းလောက်မှာ တာဝန် အပြီးလွှဲပေးဖို့ပြောထားပါ တယ်။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ဘာသာကိုယ် ကြံစည်တွေး တောထားတဲ့လုပ်ငန်းစဉ်များရှိ ပါတယ်။ သို့သော် ကျွန်တော့်အနေနဲ့ ကတော့ အခုချိန်မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင် အဖွဲ့တစ်ဖွဲ့ လုံးကို တိုင်ပင်ဆွေးနွေး ပြီးမှသာလျှင် ကျွန်တော်တို့ အမှု ဆောင်အဖွဲ့သစ် ကနေ လုပ်ဆောင် မယ့်ကိစ္စတွေကို တရားဝင်ထုတ်ပြန် ရမှာပါ။ အခု ကျွန်တော်ပြော လိုက်မယ်ဆိုရင် ဒါဟာ အလွတ် သဘောကြီးဖြစ် နေတဲ့ အတွက်ဝိဝါဒ ကွဲကြမှာတွေလည်းရှိပါတယ်။

မေး။။ဦးဌေးအနေနဲ့ ရှေ့မှာ တုန်းက ဥက္က ဋ္ဌတာဝန်ထမ်းဆောင်စဉ် ကာလမှာ ကျန်းမာရေးကြောင့် အနားယူခဲ့ရတာလည်း ရှိခဲ့တဲ့ အတွက်လက်ရှိအချိန်မှာကော ကျန်း မာရေးဂရုစိုက် မှုတွေကို ဘယ်လိုလုပ် နေရပါသလဲ။ ဦးဌေးရဲ့ ကျန်းမာရေး အခြေအ နေကိုလည်း သိချင်ပါတယ်။

ဖြေ။  ။အရင်ထက်စာရင်တော့ ကျွန်တော် တော်တော်လေးတိုးတက် ကောင်းမွန်လာပါပြီ။ အရင်ကဆိုရင် ကျွန်တော် နာလန်တောင်မထူနိုင် ဘူး။ ရုပ်ရှင်တောင်ပြန်မရိုက်နိုင် တော့ဘူး။ သို့သော်လည်း အခုအခြေ အနေကတော့ ကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ်။ အာရုံကြောနဲ့ ပတ်သက်လို့ကတော့ ဆေးကိုစွဲ သောက်ရပါတယ်။ ခါးကတော့ ကျွန် တော် အနေအထိုင်ဆင်ခြင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ခွဲစိတ်ပြီး သတ္တုရိုးတွေထည့်ထားရ တာမို့လို့ပါ။ ကျန်တဲ့ရောဂါတော့ ကျွန်တော့်မှာ မရှိပါဘူး။

မေး။။မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရယ်မဟုတ်ပါဘူး။  နယ်ပယ်တိုင်းမှာ ဝေဖန်မှုတွေဆိုတာ ရှိတတ်ကြပါတယ်။ အပြုသဘော ဆောင်တဲ့ ဝေဖန်မှုရယ်၊ ပုဂ္ဂိုလ်ရေး အရဝေဖန်မှုရယ်ပေါ့။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတစ် ယောက်အနေနဲ့အဲဒီလိုဝေဖန်မှု တွေ ရှိလာခဲ့ရင်ဦးဌေးဘယ်လို ဖြေရှင်း သွားပါမလဲ။

ဖြေ။ ။ တစ်ခုပါပဲ။ ပြောတဲ့သူက ဘယ် လိုလူလဲဆိုတာ တစ်ချက်ကြည့် ရပါမယ်။ ပြောတဲ့သူက ကိုယ့် လောကသားဆိုရင် သူတို့ ပြောတဲ့ ဟာကို တစ်ချက်စဉ်းစားရ ပါမယ်။ ပြောတဲ့သူကအပြင်လောက ကဆို ရင် ကျွန်တော်တို့ ဖြေရှင်းစရာ မလို ပါဘူး။ အဲဒီလူတွေကို အတွင်း စည်းကိုဖိတ်ခေါ်ပြီး ကျွန်တော်တို့ လုပ်နေ၊ ကိုင်နေတာ တွေ၊ ကျွန်တော် တို့ရည်မှန်းချက်တွေ၊ ကျွန်တော်တို့ လုပ်ပြီး ကိုင်ပြီးတာတွေ ဒါတွေကို သူတို့သိအောင်ချပြရပါမယ်။ တစ်ခါ တလေကျတော့ နားလည်မှု လွဲမှားလို့ ဝေဖန်မှုကလည်း လွဲမှားမှုဆို တာရှိတာပါ။ အခြေအနေမှန်ကို သိသွားတဲ့အခါမှာ သူတို့ဝေဖန်မှုဆို တာလည်း ပြောင်းသွားနိုင်ပါတယ်။ ဒါကို သိလျက်နဲ့မှ သက်သက်ကြီး တိုက်ခိုက်နေမယ်ဆိုရင်တော့ ကျွန်တော် တို့အနေနဲ့ ဘာမှမတတ် နိုင်ပါဘူး။ အဲဒီလိုလူမျိုးကိုတော့ ကျွန်တော် တို့အနေနဲ့ ဘာမှဖြေရှင်း ပြနေစရာ မလိုတော့ပါဘူး။

မေး။ ။နောက်ဆုံးမေးခွန်း ကတော့ ဦးဌေးရဲ့ အနုပညာနဲ့ ပတ်သက်ပြီးတော့ မေးချင်တာပါ။ အခုလက်ရှိအချိန် အထိလည်း ဦးဌေးက ရုပ်ရှင်တွေ ရိုက်ကူးနေတုန်း ပဲဆိုတော့ဟိုးသင်္ကြန် မိုးတို့လို ဇာတ်ကားမျိုး ရိုက်ကူးခဲ့စဉ် လူငယ် လေးဇင်ဝိုင်းနဲ့ အခုဝါရင့် သရုပ် ဆောင်ကြီးဇင်ဝိုင်းဖြစ်လာ တဲ့ အပေါ်မှာ ဒီရုပ်ရှင်အနုပညာဆို တဲ့အပေါ်ကို ခံစားတဲ့စိတ်တွေက ပြောင်းလဲမှုတွေ၊ ကွာခြားမှုတွေရှိ ပါသလား။

ဖြေ။ ။ မပြောင်းလဲပါဘူး။ ကျွန် တော့်အနေနဲ့ကတော့ ဒီရုပ်ရှင်အနုပညာ ကိုချစ် တဲ့အတွက် ဒီအလုပ်လုပ်ရ တာ ကို ပျော်တယ်။ ပျော်တဲ့ အတွက်ဒီအ လုပ်ကိုရွေးချယ် တာပါ။အခုထိလည်း ဒီအလုပ် ကိုလုပ်ခွင့်ရနေ တယ်။ အဲဒီအတွက် ကျေးဇူး တင်တယ်။ ကျွန် တော့်လိုပဲမျိုးဆက် သစ် ကလေးများက လည်း ဒီအလုပ်ကို လုပ် မယ် ဆိုလို့ရှိရင် တကယ် ချစ်လို့ပဲလုပ် စေချင် ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here