စိတ်ကူး အိပ်မက်ထဲကအတိုင်း မင်္ဂလာပွဲကို ပြင်ဆင်သွားမယ့်  နန်းမြတ်ဖြိုးသင်း

0
193

နန်းမြတ်ဖြိုးသင်းက နိုဝင်ဘာလမှာ မင်္ဂလာ ပွဲများ ကျင်းပမှာဖြစ်ပြီး မင်္ဂလာ လက်မှတ်ရေးထိုးပွဲ၊ စုလျား ရစ်ပတ် မင်္ဂလာပွဲနဲ့ မင်္ဂလာ ညစာစားပွဲ စတဲ့မင်္ဂလာပွဲ ၃ ပွဲကျင်းပ သွားမှာ ဖြစ်ပါ တယ်။ သူ့ရဲ့ မင်္ဂလာပွဲတွေကို စိတ်ကူး အိပ်မက်ထဲက ပုံစံအတိုင်း ပြင်ဆင်သွားမယ် ဆိုတဲ့ နန်းမြတ်ဖြိုးသင်းက နိုဝင်ဘာလမှာ မင်္ဂလာ ပွဲများ ကျင်းပမှာဖြစ်ပြီး မင်္ဂလာ လက်မှတ်ရေးထိုးပွဲ၊ စုလျား ရစ်ပတ် မင်္ဂလာပွဲနဲ့ မင်္ဂလာ ညစာစားပွဲ စတဲ့မင်္ဂလာပွဲ ၃ ပွဲကျင်းပ သွားမှာ ဖြစ်ပါ တယ်။ သူ့ရဲ့ မင်္ဂလာပွဲတွေကို စိတ်ကူး အိပ်မက်ထဲက ပုံစံအတိုင်း ပြင်ဆင်သွားမယ် ဆိုတဲ့ နန်းမြတ် ဖြိုးသင်းက “လက်မှတ်ထိုးပွဲ ကတော့ အမှတ်တရလေး ထူးထူးခြားခြားလေး ဖြစ်အောင် လုပ်သွားမယ်။ ခါတိုင်း ဆိုရင် ခန်းမထဲမှာ လက်မှတ်ထိုး တယ်။ formal ဆန်ဆန်လေးပေါ့။ နန်းမြတ်ကတော့ အဲဒီလို မဟုတ်ဘဲနဲ့ နန်းမြတ် ကိုယ်တိုင်ရော ပါဝင်ကြတဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေ အားလုံးလည်း ပျော်ပျော်ရွှင်ရွှင် နဲ့ဘဝအတွက် အမှတ်တရ ဖြစ်မယ့် ဟာမျိုး အဓိက စီစဉ် သွားပါမယ်။ စုလျားရစ်ပတ် ကတော့ ကိုယ့်စိတ်ကူး အိပ်မက်ထဲက မင်္ဂလာပွဲ လေးပေါ့။ ဒင်နာကတော့ အိုင် ဒီယာတွေပို စဉ်းစားထားပါ တယ်”လို့ ပြောပါတယ်။

နန်းမြတ်ဖြိုး သင်းတို့ စုံတွဲကချစ်သူ သက်တမ်း  ၃ နှစ်ခွဲ ကျော်လာပြီလည်း ဖြစ်ပါတယ်။ “သူကနန်းမြတ် ထက် အသက် ၄နှစ် ကြီးပါတယ်။ သူရဲ့ ယောကျာ်း ဆန်တဲ့ စိတ်ကိုပို သဘောကျပါတယ်။ နန်းမြတ်က လွယ်လွယ် မဆုံးဖြတ်ချင် ဘူး။ အချိန် ကြာကြာလေ့လာချင် တယ်။ ကိုယ့်ရဲ့ မိသားစုကပါ လေ့လာ ပေးစေချင် တယ်။နန်းမြတ်က သူ့ကိုအိမ်မှာပဲ အမြဲဝင် ထွက်သွားလာပြီး အိမ်က မိသားစုတွေက ပါလေ့လာပေးပါတယ်” လို့ ပြောပါ တယ်။ မင်္ဂလာ ပွဲနီးနေပေမယ့် ချစ်သူကို ပရိသတ် တွေနဲ့ ဘာ ကြောင့် မိတ်မဆက် ပေးသေးတာလဲ ဆိုတာကိုတော့ နန်းမြတ်ဖြိုးသင်းက “သူကနည်းနည်းကြောက် တယ်။ ရှေ့မှာရှိသမျှ အနုပညာ ရှင်တိုင်းရဲ့ relationship ကို comment ပေါင်းစုံနဲ့ မျိုးစုံ ပြောကြတယ်။ သူက အဲဒါ မျိုးကို စိုးရိမ်နေသေး တယ်။ သူအားမွေးနေတယ်။ သတ္တိရှိ တဲ့အချိန်ကြရင် မိတ်ဆက် ပေး မှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here