သြစတြေးလျနိုင်ငံမှာ ကျောင်းသွားတက်တော့မယ့် ယွန်းနန္ဒီလွင်မိုး

0
213

ယွန်းနန္ဒီလွင်မိုးက အခုလတ် တလောမှာ အစ်မဖြစ်သူ ယွန်းဝတီလွင်မိုး နဲ့အတူ ကြော်ငြာ ရိုက်ကူးခဲ့ ပါတယ်။ အစ်မဖြစ်သူက ပြည်ပမှာ ကျောင်းသွား တက်ရောက်နေတာဖြစ်တဲ့ အတွက် အမှတ်တရဖြစ်အောင် ကြော်ငြာ ရိုက်ကူးခဲ့တဲ့ ယွန်းနန္ဒီလွင်မိုးက အစ်မဖြစ်သူကတော့ အနုပညာနဲ့ပတ်သက်ပြီး သင်ပေးကြောင်း လည်းပြောပါတယ်။ “ညီမတစ်ယောက်တည်း ဆိုရင်တော့ ရိုက်ကူးဖြစ်မှာ မဟုတ်ဘူး။ အစ်မနဲ့ ဆိုတော့ ပျော်စရာကောင်းလို့ ရိုက်ဖြစ်တာပါ၊ အစ်မက အသက် ၁၄နှစ်၊ ၁၅နှစ်လောက် ကတည်းက ကြော်ငြာတွေ စရိုက်ကူးခဲ့တာဆိုတော့ ငယ်ငယ်လေး ကတည်းက သူလုပ် တာတွေ လေ့လာဖြစ်တယ်၊ အစ်မကလည်း ညီမကို အကုန်သင်ပေးတယ်။ ဘယ်လို မျိုးလုပ်ရမလဲ ဆိုတာတွေ အကုန်ပြောပြပေးတယ်”  လို့ ယွန်းနန္ဒီလွင်မိုးကပြောပါ တယ်။

အခုလာမယ့် ဇန်နဝါရီလမှာ တော့ high school တက်ရောက်ဖို့ အတွက် သြစတြေးလျနိုင်ငံကို သွား ရောက်တော့မှာဖြစ်တဲ့ ယွန်းနန္ဒီလွင်မိုးက ကျောင်းပိတ်တဲ့ အချိန် မြန်မာနိုင်ငံကို ပြန်လာလည်တဲ့ အခါမှာ တော့ အနုပညာ အလုပ်တွေ လုပ်ဖြစ်မလား ဆိုတာတော့ မသိသေးကြောင်း ပြောပါတယ်။   “ဟိုမှာက ၁၂တန်းထိတက်ရမှာ။  ၁၂တန်းပြီးရင်လည်း university  တက်ရဦးမှာ ဆိုတော့ ၁ဝနှစ်၊ ၁၅နှစ်လောက် ကြာမယ်။  ကျောင်းပိတ်တဲ့ အချိန်တော့ မြန်မာနိုင်ငံကို လာပြန်လည်မှာပါ၊ အမေက လည်း သမီးနဲ့ လိုက်နေမယ်။  အမေကတော့ ၆လ တစ်ခါတော့ ဒီကို ပြန်လာမှာ ပါ။ အဖေကတော့ တစ်ခါတစ်လေ လာလည်မှာပါ၊ အနုပညာ လုပ်ဖို့က စဉ်းတော့ စဉ်းစားထားတယ်။  ဒါပေမဲ့ ပြန်လာရင်တော့ လုပ်ချင် လုပ်မှာပါ။ ဒါပေမဲ့ မသေချာသေး ပါဘူး။ အခုချိန်မှာတော့ ကျောင်းကိစ္စပဲ အရင် စဉ်းစားထားပါတယ်”လို့ ပြောပါ တယ်။

တွယ်တာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here