ပညာရေးဘက်ကို အလေးထားပြီး ပိုလုပ်ဖြစ်နေပါတယ် အကယ်ဒမီ ယွန်းယွန်း

0
344

ကလေးသရုပ်ဆောင် တစ်ဦးအဖြစ် အနုပညာလောကကို ရောက်ရှိလာ တဲ့ သရုပ်ဆောင်ယွန်းယွန်းကတော့ အကယ်ဒမီဆုကိုလည်း ပိုင် ဆိုင်ထားပြီး ဖြစ်ပါတယ်။ စိတ်ပညာ မေဂျာ ပထမနှစ်ကျောင်းသူ တစ်ဦး ဖြစ်တဲ့ယွန်းယွန်းကပညာရေးနဲ့ အနုပညာ ကို မျှတအောင် လုပ်ဖြစ်နေ ကြောင်း အခုလို…

“ပညာရေးကတော့ ညီမကအခု ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာကို မေဂျာယူပြီးတော့ တက်နေပါတယ်။နောက်ပြီး တော့MHR မှာလည် Business Management ကို တက်နေပါတယ်။ ညီမကပညာရေးနဲ့ အနုပညာကို မျှတ အောင်လုပ်မယ်ဆိုပြီးတော့ အမြဲတမ်းခေါင်းထဲမှာ ထည့် ထားပါတယ်။ နှစ်ခုစလုံးကို လည်း မစွန့်လွတ်နိုင်တဲ့ အတွက် ညီမ အသက်ရွယ် အပေါ်မူတည်ပြီး တော့အရေးကြီး တဲ့ ဟာကိုဦးစားပေးပြီးလုပ်သွားမှာပေါ့။ အခုကတော့ ညီမ First year  ဆိုတော့ ပညာရေးဘက်ကိုတော့ အလေးထားပြီး ပိုလုပ်ဖြစ်နေပါတယ်။ ခုလက်ရှိကတော့ အနုပညာနဲ့ပတ် သက်ရင် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အင်္ကျီကြော် ငြာတွေ မုန့်ကြော်ငြာတွေ ရိုက်ဖြစ်နေပါတယ်။ အသက် ၁၈နှစ်၊ ၁၉နှစ် လောက်ကျရင်တော့ အနုပညာအလုပ်တွေကို ဒီထက်ပိုပြီး လုပ်နိုင်အောင် ကြိုးစားသွားမှာပါ”  လို့ပြော ခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ် တက်ရောက် ပညာသင်ကြားနေပြီဖြစ်တဲ့ သူမကိုခေါင်းဆောင်မင်း သမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးတော့မှာလားလို့ မေးမြန်း ခဲ့ရာ …

“ညီမခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးသွားဖို့ အစီ အစဉ်တော့ရှိပါတယ်။ ဒါပေမဲ့ သေချာမှပဲ ပရိသတ်ကို ပြောပြချင် ပါတယ်” လို့ ယွန်းယွန်းပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here