မင်းသမီးလုပ်ဖို့ အစီအစဉ် မရှိပါဘူး ပန်းရောင်ခြယ်

0
342

အဆိုတော်ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်က သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ဖြစ်သလို ကြော်ငြာ တွေလည်း လက်ခံရိုက်ကူးဖြစ်ပေမယ့် မင်းသမီးလုပ်ဖြစ်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဆိုပါတယ်။ အခုလတ်တလောမှာတော့ ပထမဆုံးတစ်ကိုယ်တော် အခွေလုပ်နေပြီး နောက်နှစ်ထဲမှာ ထွက်ရှိနိုင်အောင် ကြိုးစားမှာဖြစ်ကြောင်း ပြောပါတယ်။ ဒီအခွေမှာ သူကိုယ်တိုင် ရေးသားထားတဲ့ သီချင်းတွေပါဝင်မှာ ဖြစ်ကြောင်းကို ပန်းရောင်ခြယ်က  “ပန်းရောင် အသံနဲ့လိုက်မယ်ထင်တဲ့ ပန်းရောင်ဆိုနေကျပုံစံ Pop နဲR & B ပါပဲ။ တစ်ကိုယ်တော်အ ခွေထဲမှာလည်း ပန်းရောင်ရေးတဲ့ သီချင်းတွေပါမှာပါ” လို့ပြောပါတယ်။

  ဂီတပိုင်းမှာတော့ အားပေး နေတဲ့သူတွေရှိနေသရွေ့ သီချင်းတွေ ဆိုချင်ပါတယ်လို့ ဆိုတဲ့ ပန်းရောင်ခြယ်က”ပန်းရောင် ကိုယ့်ကိုယ်ကိုယ် တအားကံကောင်းတယ်လို့ ထင် တယ်။ ဒယ်ဒီကလည်း Support  အပြည့်ပေးတယ်။ ပန်းရောင်ရဲ့ ပထမဆုံးဂီတ ခြေလှမ်းဆိုလည်း ဒယ်ဒီကတွဲခေါ်ပေးတယ်။ ဒယ်ဒီပရိသတ်ကတစ်ဆင့် ပန်းရောင်ကို သိသွားတဲ့သူ တွေ အများကြီးပဲဆိုတော့ပန်းရောင် တအားကံကောင်းတယ်။ ဒယ်ဒီကတော့ သူကိုယ် တိုင်လည်း အဆိုတော်ဆိုတော့ သမီးသီချင်းဆို မယ်ဆိုတော့ ပျော်တာပေါ့နော်။ အဲဒါကြောင့်မို့ ပံ့ပိုးပေးတယ်။ အခုကတော့ သမီးတအား လုပ်ချင် တဲ့အရာ မို့လို့ သမီးကို အားပေးနေတဲ့သူတွေ ရှိလို့ ပံ့ပိုးပေးတာပေါ့။ ပန်းရောင်ကတော့ ပန်းရောင်သီချင်းတွေ နားထောင်ပေးမယ့် လူရှိသရွေ့ဆိုချင်တာပေါ့။ ဒါပေမဲ့ရေရှည် ကျတော့လည်း အသက်ကြီးလာရင် ပန်းရောင် ဖေဖေနဲ့ မေမေက ကိုယ့်ရဲ့ပညာရေးနဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုစေချင်တယ်”လို့ပြောပါတယ်။  ပန်းရောင်ခြယ်က သြစတြေးလျနိုင်ငံမှာ ရှိတဲ့ UWA တက္ကသိုလ်မှာ ကျောင်းတက်ကာ Architecture ဘာသာကို သင်ယူလျှက်ရှိပါတယ်။ ပညာရေးကို ပြီးဆုံးအောင် သင်ယူ သွားမယ်လို့ဆိုတဲ့ ပန်းရောင်ခြယ်က ကျောင်းပြီးရင် မိခင်ဖြစ် သူနဲ့အတူ ဗိသုကာ ကုမ္ပဏီဖွင့်တာပဲဖြစ်ဖြစ် စီးပွားရေး တစ်ခုခုလုပ်သွားမှာ ဖြစ်ကြောင်းပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here