ချစ်သူနဲ့အတူ ဘဝတစ်ခု တည်ဆောက်လိုက်ပြီဖြစ်တဲ့ ဖော်ကာ

0
214

အဆိုတော် ဖော်ကာနဲ့ သူ့ရဲ့  ချစ်သူ ပွင့်ဖြူအောင်တို့က အောက်တိုဘာလ ၅ ရက်နေ့ မှာတော့ ဆီဒိုး နားဟိုတယ်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့ပါ တယ်။ဖော်ကာတို့စုံတွဲက အောက် တိုဘာလ ၈ ရက်နေ့ မှာတော့ Melia ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ မကြာမီမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် ဖော်ကာ တို့  ချစ်သူနှစ်ဦးကို သူတို့ရဲ့အမှတ်တရတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။အဆိုတော် ဖော်ကာနဲ့ သူ့ရဲ့  ချစ်သူ ပွင့်ဖြူအောင်တို့က အောက်တိုဘာလ ၅ ရက်နေ့ မှာတော့ ဆီဒိုး နားဟိုတယ်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့ပါ တယ်။ဖော်ကာတို့စုံတွဲက အောက် တိုဘာလ ၈ ရက်နေ့ မှာတော့ Melia ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

မကြာမီမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် ဖော်ကာ တို့  ချစ်သူနှစ်ဦးကို သူတို့ရဲ့အမှတ်တရတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ “ကျွန်တော်တို့ က ၂ဝ၁၂ခုနှစ် မှာတွေ့တာ။နယူးရီးယား Show။ အဲဒီပွဲမှာ သူကလာကြည့်ရင်းနဲ့ ကျွန်တော့်ကို တွေ့တာ။ ကျွန်တော် ကလည်း သူ့ပုံလေးတွေ့တော့ သဘောကျပြီး သူ့အကြောင်း စုံစမ်း တာပေါ့။သူကလည်း အရင်ကတည်းက ကျွန်တော့်ကို စိတ်ဝင်စားနေတာ ဆိုတော့ (ရယ်လျက်)တွေ့တဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာပါပဲ။ အဲဒီတုန်းက ကျွန်တော်နဲ့ ရေမွန်ကို တော်တော် များများက သိပ်မကွဲဘူး။ အဲဒါ သူက ဖုန်း Ringtone လုပ်ထားတာက ရေမွန်သီချင်း၊ သူကကျွန်တော့် သီချင်းမှတ်လို့ အဲဒါကို လုပ်ထားတယ်။ ပြီးမှ သူပြန်ပြောင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် Proporse လုပ်တာတွေ ဘာတွေမရှိဘူး။ မြင်မြင်ချင်း ချစ်ကြတာပဲ ပြောရမှာပေါ့။သူလည်း ကျွန်တော့်ကို စိတ်ဝင်စားတာ သိတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတာ သူသိတယ် ဆိုတော့ အေးအေးဆေးဆေးပါပဲ”  လို့  ဖော်ကာကပြောပါတယ်။ ဖော်ကာတို့ ချစ်သူ ၂ ဦးကြား ကတောက်ကဆ ပြဿနာလေးတွေ လည်း ရှိပေမယ့် တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန် အလျှော့ပေးရင်းပဲ ရှေ့ဆက်ကြတယ်လို့ ဖော်ကာက ဆိုပါတယ်။ “ကတောက်ကဆကတော့ သဘာဝအတိုင်းပဲ ရှိတာပါပဲ။ စကားများကြ တာရှိတာပေါ့။ အဲဒီအခါကျတော့လည်း လျှော့တဲ့သူက လျှော့ ပေါ့။ ကိုယ်လည်း မှန်အောင်နေတယ်။ သူလည်း မှန်အောင်နေမယ်လို့ တစ် ယောက်နဲ့ တစ်ယောက် ယုံကြည်တယ်။ တစ်ချို့ ကလည်း ကျွန်တော့် ကို မာကျောတဲ့ ပုံစံလို့ ထင်ကြမယ်။ တကယ်တမ်းပြောရရင် ကျွန်တော် ကပိုတောင်နုဦးးမယ်။ အလျှော့ပေး တဲ့နေရာမှာလည်း ကျွန်တော်တောင် များဦးမယ် ထင်တယ်။ သူ့ဘက်က ကြည့်ရင်လည်း သူပိုများမှာပေါ့” လို့ ဖော်ကာကပြောပါ တယ်။

ဖော်ကာ အနေနဲ့ ခုလို ကိုယ်ချစ်တဲ့ သူနဲ့ဘဝတစ်ခုကို တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ကြည်နူးမိပြီး အိမ်ထောင်ကျပြီး နောက် ပိုင်းမှာလည်း အနုပညာ အလုပ်တွေကို အရင်အတိုင်းပဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်ခု တည်ဆောက် ရမှာဆိုတော့ ဝမ်းသာမိပါတယ်။ ကျွန်တော်က ကလေး ချစ်တတ်တော့ သူနဲ့ယူပြီးတဲ့အခါ ကလေးလေး တွေလည်း ယူမယ်။ အနုပညာ အလုပ်တွေကိုလည်း အရင် အတိုင်းပဲ အရည်အသွေးကို ထိန်းပြီး လုပ်သွားမှာပါ။ ပြီးတော့ ကျွန်တော့် အနေနဲ့ ခုချိန်မှာ ယူဖြစ်တာက ကျွန်တော်က စိတ်ကူးတစ်ခု ရှိတာက One Band Show  လုပ်ပြီးမှ မိန်းမ ယူမယ်လို့ စဉ်းစားထားတာ။ အခု One Band Show  လည်း လုပ်ပြီးပြီ ဆိုတော့ ကျွန်တော့် အိပ်မက်တွေ ဖြစ်လာတာပေါ့” လို့ ဖော်ကာက ပြောပြခဲ့ပါတယ်။

ရဲရဲ

ဓာတ်ပုံ-ဝဏ္ဏခွာနီး


LEAVE A REPLY

Please enter your comment!
Please enter your name here