ချစ်သူ က အနုပညာ မာနကြီးတယ်လို့ ဆိုလိုက်တဲ့ ပိုင်ဖြိုးသု

0
290

သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ အခုလတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားတွေ လည်း  ဆက်တိုက် ရိုက်ကူးလာတာ တွေ့ရပါတယ်။ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဏကြီးနဲ့ ချစ်သူဖြစ်နေတယ် ဆိုပြီး ပရိသတ်များကြား ပြောနေကြတာနဲ့ ပတ်သတ်ပြီး သူမရဲ့ အချစ်ရေးကို မေးမြန်းခဲ့ရာ… သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ အခုလတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားတွေ လည်း  ဆက်တိုက် ရိုက်ကူးလာတာ တွေ့ရပါတယ်။ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဏကြီးနဲ့ ချစ်သူဖြစ်နေတယ် ဆိုပြီး ပရိသတ်များကြား ပြောနေကြတာနဲ့ ပတ်သတ်ပြီး သူမရဲ့ အချစ်ရေးကို မေးမြန်းခဲ့ရာ… “ချစ်သူသက်တမ်းက သုံးနှစ် ကျော်လောက်ရှိပါပြီ။ သူ့ကိုရွေး ချယ်ဖြစ်ခဲ့တာကတော့ သုနဲ့ သူနဲ့ကတော့ စိတ်တူတယ်ပေါ့နော်။ သု တို့နှစ်ယောက်လုံးက အနုပညာကို အရမ်းတန်ဖိုး ထားတာချင်းလည်း တူကြတယ်။ အနုပညာအပေါ် ရူးသွပ်မူကတော့ သူကပိုမယ်လို့ထင် ပါတယ်။ နောက်ပြီး သူက အနုပညာ မာနလည်ကြီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုကတော့  ကြီးကြီးမားမား ညှိယူရတာတော့ မရှိပါဘူး။ သူလည်း သူ့အလုပ် ကြိုးစားတယ်ပေါ့နော်။ သုလည်း သုအလုပ်ကို ကြိုးစားတယ်။ သူကတော့ အကြံပေးတတ်တယ်။ ကာရိုက်တာပိုင်း အတွက် ပြင်ဆင်တာတွေပေါ့။ အနုပညာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ ပေးဖတ်ခိုင်းတယ်။ အဲဒီလိုမျိုး Guide လုပ်ပေးတာတွေတော့ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်တာလည်း သိပ်မရှိပါဘူး။ နှစ် ယောက်စလုံးက ကြိုးစားနေ ဆဲဆိုတော့ သုတို့နှစ်ယောက်ချထားတဲ့ Plan အဆိုရင်တော့ လက်ထပ်ဖို့ လိုတော့လိုပါသေး တယ်” လို့ပြောခဲ့ပါတယ်။

သူမရဲ့ ချစ်သူဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ အတူ ဒီနှစ်ထဲမှာ ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ စီစဉ် ထားကြောင်းလည်း သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်ပြီးလည်း အခုလို ပြောပြခဲ့ပါတယ်။ |အဲဒီဇာတ်ကားက ဒီဇင်ဘာလ (၁၈) ရက်မှာ စတင်ရိုက်ကူးမှာပါ။ ဇာတ်လမ်းက တော့ ဆရာမ ကြည်အေးရဲ့ မီဝတ္ထုကို ရွေးထားပါတယ်။ သူနဲ့ရိုက်ဖြစ် တာကတော့ သူရိုက်တဲ့ ဇာတ်တွေက ဆရာမကြည်အေး ဝတ္ထုပုံစံတွေ ဘက်ကိုသွားတယ်။ သူ့ရှေ့မှာ ရိုက်ခဲ့တဲ့ “ဘိုမ” တို့ “ဘယ်က လာလဲ” ဇာတ်ကားတို့ဆိုလည်း အဲဒီလိုမျိုးပဲ။ မီဝတ္ထု ကို ညီမဖတ်ပြီး ကတည်းက ညီမအရမ်းရိုက်ချင်တယ်။ မီနေရာက သရုပ် ဆောင်ချင်တယ်။ ဝတ္ထုက သူရိုက်နေကြ ပုံစံလေးတွေ နဲ့တူလို့သူနဲ့ ရိုက်ဖို့စီစဉ်ခဲ့တာပါ’ လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here