မင်္ဂလာမောင်နှံတို့ မင်္ဂလာသက်တမ်းအဓွန့်ရှည်စေဖို့ ဆရာဦးဟိန်းလတ် လမ်းညွှန်စကား

0
295

ဝါကျွတ်ကာလ ရောက်ရှိပြီဖြစ်တာနဲ့ ချစ်သူစုံတွဲများကတော့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် အကောင်အထည် ဖော်ကြပြီလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကာလဟာ မင်္ဂလာစုံတွဲတို့ အတွက် အလွန်ကြည်နူးစရာ ကောင်းတဲ့ အချိန်အခါ သမယလည်း ဖြစ်ပါတော့တယ်။ ဒီလိုမင်္ဂလာပွဲ ဆင်နွှဲတဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက်ဘယ်လို ညှိနှိုင်းမှုတွေနဲ့အတူ လုပ်ဆောင်သွားသင့်တယ်၊ မင်္ဂလာမောင်နှံ တို့အတွက် မင်္ဂလာသက်တမ်း အဓွန့်ရှည်စေဖို့ တစ်ဦးနဲ့ တစ်ဦးဘယ် လိုနားလည်မှုတွေ နဲ့ရှေ့ဆက်သွား သင့်သလဲ ဆိုတာကိုတော့ ဆရာဦးဟိန်းလတ်က အခုလိုမျိုး အကြံပြုပြော ပြလာတာကတော့ …ဝါကျွတ်ကာလ ရောက်ရှိပြီဖြစ်တာနဲ့ ချစ်သူစုံတွဲများကတော့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် အကောင်အထည် ဖော်ကြပြီလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကာလဟာ မင်္ဂလာစုံတွဲတို့ အတွက် အလွန်ကြည်နူးစရာ ကောင်းတဲ့ အချိန်အခါ သမယလည်း ဖြစ်ပါတော့တယ်။ ဒီလိုမင်္ဂလာပွဲ ဆင်နွှဲတဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက်ဘယ်လို ညှိနှိုင်းမှုတွေနဲ့အတူ လုပ်ဆောင်သွားသင့်တယ်၊ မင်္ဂလာမောင်နှံ တို့အတွက် မင်္ဂလာသက်တမ်း အဓွန့်ရှည်စေဖို့ တစ်ဦးနဲ့ တစ်ဦးဘယ် လိုနားလည်မှုတွေ နဲ့ရှေ့ဆက်သွား သင့်သလဲ ဆိုတာကိုတော့ ဆရာဦးဟိန်းလတ်က အခုလိုမျိုး အကြံပြုပြော ပြလာတာကတော့ …

“မင်္ဂလာဆိုတာက နှစ်ဦးနှစ်ဖက် တစ်ယောက်နဲ့ တစ်ယောက် နားလည် မှုရှိတယ်၊ နှစ်ဖက်မိဘတွေက လည်း သဘောတူကြမယ်၊ နှစ်ကိုယ်တူ ကလည်း ချစ်ရည်တူမျှမယ်၊ မည်သူတစ်ဦးတစ် ယောက်ကမျှ အတင်းအဓမ္မ တိုက်တွန်းခြင်း မရှိဘဲနဲ့ နှစ်ဦးနှစ်ဖက် ပေါင်းသင်းကြမယ် ဆိုရင် ဒါမင်္ဂလာပါပဲ။ မင်္ဂလာ ဆိုတာ အခမ်းအနားကြီး လုပ်တော့မှ လူတွေဖိတ်တော့မှ မဟုတ်ပါဘူး။ ရှေးတုန်းက ဆိုရင် ပုဆိုးတန်းတင်ရင် အကြင် လင်မယားတောင် ပြောလို့ ရတယ်။ ရှေ့အိမ် ၇အိမ် နောက်အိမ် ၇အိမ် အသိအမှတ်ပြုရင် မင်္ဂလာ ဖြစ်မြောက်တာပဲ။ တစ်ချို့ကမင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်ကြီး စေ့စပ်တုန်း ကဟိုတယ်တစ်ခု၊ မင်္ဂလာပွဲ ကြတော့ ဟိုတယ်တစ်ခုမှာ ဆောင်ကြပြီးတော့ စလယ်ဝင်ဖင်မမဲခင်မှာ စိတ်ဓာတ် သဘောထား မတိုက်ဆိုင်ဘဲ ကွဲသွားတာ တွေရှိသလို နှစ်ဦးသဘောတူ တစ်ယောက်နဲ့တစ် ယောက်ညှိနှိုင်း တိုင်ပင်ပြီး တော့ တစ်ယောက် စိတ်သဘောထား တစ်ယောက် လိုက်လျောကြရင်လည်း ဘယ်သူမှဖိတ်စရာ မလိုဘဲနဲ့ ရုံးတော်မှာပဲလက်မှတ်ထိုးပြီး ခိုင်မြဲနေတဲ့အိမ် ထောင်တွေ အများကြီးပါပဲ။ ဒါကြောင့်ဒီဝါကျွတ်မှာ မင်္ဂလာဆောင် ကြတော့ မယ့် မင်္ဂလာစုံတွဲ တွေကိုလည်း ပြောကြားချင်တာက တစ်ဖက်နဲ့ တစ်ဖက် အမြင်ချင်း တူချင်မှတူမယ်။ မတူတာတွေကို တူအောင်ညှိမယ်။ ထို့အပြင် ချစ်သူဘဝတုန်းက နှစ်ယောက်သားက သူ့အလို ကိုယ်လိုက် ကိုယ့်အလို သူလိုက်ရှိကြပေမယ့် အိမ်ထောင်ကျ သွားတဲ့အခါကျမှသာ အတ္တတွေပေါ် လာပြီးတော့ ကိုယ့်ရဲ့ စိတ်ဆန္ဒ အတိုင်း လုပ်ကြတဲ့အတွက် ပြသနာတွေ ပေါ်ကြ တာရှိတယ်။ ဒီထက်ပိုဆိုး တာက နှစ်ဦးနှစ်ဖက် မိဘတွေ ပါလာတယ်။ အမျိုး တွေပါလာတယ်။ မင်္ဂလာမောင်နှံနှစ်ဦး က အဆင်ပြေပြေ ရှိကြပါလျက်နဲ့ နှစ်ဖက်မိဘ ဆွေမျိုးတွေရဲ့ အတွန်းအတိုက်ဟိုဘက် ဒီဘက်ကိုစွဲကြတဲ့ အတ္တတွေကြီးမား မှုကြောင့် အိမ်ထောင်တွေကွဲ သွားကြတာတွေရှိတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် မင်္ဂလာ မောင်နှံဘဝ ရောက်ကြပြီဆိုရင် ကိုယ့်ရဲ့ အားနည်း ချက်ကိုလည်း တစ်ဖက်က နားလည် ပြီးတော့ ခွင့်လွှတ်ပေးပါ။ တစ်ဖက်က အားနည်း ချက်ကိုလည်း တစ်ယောက်ခွင့်လွှတ်နားလည်ပေး တစ်ဖြည်းဖြည်း သဘောပေါက် နားလည်အောင် ပြုပြင်ထိန်းသိမ်းကြတဲ့ အပြင် နှစ်ဖက် ဆွေမျိုးတွေရဲ့ ကြားဝင်တဲ့ ပယောဂတွေ ကိုလည်း ကြံ့ကြံ့ခံနိုင်ရင်းနဲ့ ဘဝခရီးကို အတူ လက်တွဲဖြတ်သန်း သွားကြရင်ဖြင့် ရေရှည်တည်တံ့တဲ့ မင်္ဂလာမောင်နှံတွေ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here