မွေးနေ့အမှတ်တရ တစ်ကိုယ်တော်အခွေ စီစဉ်နေတဲ့ ဇွဲပြည့်

0
157

အဆိုတော်ဇွဲပြည့်ဆိုပြီး ပရိသတ် လက်ခံအားပေးမှုတွေရလာစေတဲ့ သီချင်းတွေက ဘာတွေဖြစ်မ လဲဆိုတာကို ဇွဲပြည့်က  “ဇွဲပြည့်ဆိုပြီး ပရိသတ် လက်ခံ အားပေးမှုတွေ ရလာတဲ့ ပထမဦးဆုံး သီချင်းက ‘အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့’ ပေါ့။ အဲဒီနောက်မှာ  စာချွန်တော်၊ စကားတစ် ခွန်း၊ ခေတ်သစ်ရှားလော့ဟုမ်းတို့၊ သီချင်းဟောင်းတွေဖြစ်တဲ့ အချစ်များရင်ထဲမှာ၊ အတ္တတို့  ဖြစ်ပါတယ်။ ဒီသီချင်း လေးတွေဟာ ဇွဲပြည့်ဆိုပြီး ဖြစ်လာစေတဲ့ သီချင်း တွေပါ” လို့ ပြောပြပါတယ်။ အဆိုတော်ဇွဲပြည့်ဆိုပြီး ပရိသတ် လက်ခံအားပေးမှုတွေရလာစေတဲ့ သီချင်းတွေက ဘာတွေဖြစ်မ လဲဆိုတာကို ဇွဲပြည့်က  “ဇွဲပြည့်ဆိုပြီး ပရိသတ် လက်ခံ အားပေးမှုတွေ ရလာတဲ့ ပထမဦးဆုံး သီချင်းက

 မွေးနေ့အမှတ်တရ စီးရီးခွေထွက်ဖို့ စီစဉ် နေတဲ့အကြောင်းကိုလည်း “ကျွန်တော်မွေးနေ့ နား နီးကပ်လာတဲ့အတွက် မွေးနေ့အမှတ်တရ Album လေးလုပ်ဖို့ စီစဉ်နေပါတယ်။ သီချင်း တွေလည်း တော်တော်စုမိနေပါပြီ။ အသံသွင်းတဲ့ သီချင်းတွေလည်း သွင်းနေပါပြီ။ ကျွန်တော့်မွေးနေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ထွက်ရှိနိုင် အောင် ကြိုးစား နေပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ ကျွန်တော်က ‘ခိုလှုံရာ’ AUDIO CD ခွေ လည်း ထွက်ထားတယ်။ MUSIC VIDEO လည်း ထွက်ထားတယ်ဆို တော့ တစ်နှစ်ထဲမှာပဲ နောက်တစ်ခွေ ထပ် ထွက်မယ်ဆိုရင် ၃ခွေ မြောက်ထွက်သလို ဖြစ်နေတယ်။ စီးရီး ခွေ ထွက်စိတ်တယ်လို့ အပြောခံရမလားတော့ မသိဘူး။ ကျွန်တော်က စီးရီးခွေကို ထွက်ချင်စိတ် ကတော့ ပိုများနေတယ်။ ရှေ့နှစ်ထဲမှာပဲ ထွက်ဖြစ်ရင် ကောင်းမလားဆိုတာတော့ စဉ်းစား နေပါတယ်” လို့ ဇွဲပြည့်က ပြောပြပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here