မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနနုဂ္ဂဟ အသင်း (မန္တလေးတိုင်းဒေသကြီး)တို့က ကြီးမှူး၍ ဘွဲ့တံဆိပ်ရရှိသည့် သာသနနုဂ္ဂဟအဖွဲ့ဝင် လူပုဂ္ဂိုလ် များအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်း အနားကို အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့၊နိုင်ငံ တော် ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနနုဂ္ဂဟ အသင်း (မန္တလေးတိုင်းဒေသကြီး)တို့က ကြီးမှူး၍ ဘွဲ့တံဆိပ်ရရှိသည့် သာသနနုဂ္ဂဟအဖွဲ့ဝင် လူပုဂ္ဂိုလ် များအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်း အနားကို အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့၊နိုင်ငံ တော် ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ ဆင်မင်းဆရာတော် ဘဒ္ဒန္တသြဘာ သာဘိဝံသထံမှ သြဝါဒခံယူကြသည်။ ထို့နောက် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထား တင်ပြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင် တန်းဒေသ သာသန နုဂ္ဂဟအသင်း (မန္တလေးတိုင်းဒေသ ကြီး) ဥက္ကဋ္ဌ ဦးကျော်ဝေက ထပ် ဆင့်ဂုဏ်ပြုပွဲပြုလုပ်ရခြင်းနှင့် ပတ် သက်၍ လျှောက်ထားတင်ပြသည်။ ထို့နောက် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာ တော် သံဃာတော်များအား လှူဖွယ် ပစ္စည်များ ဆက်ကပ်လှူဒါန်းပြီး မန္တလေး တိုင်းဒေသကြီးမှ ဘွဲ့တံ ဆိပ်ရရှိသည့် သာသနနုဂ္ဂဟအဖွဲ့ဝင် လူပုဂ္ဂိုလ်များ အား ထပ်ဆင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြောင်း သိရှိရ သည်။