မန္တလေး ဂီတမောင်နှမများ ပရဟိတအသင်း ဒုတိယအကြိမ် သက်ကြီး အနုပညာရှင်များအား ပူဇော်ကန်တော့

0
296

မန္တလေးဂီတမောင်နှမများ ပရဟိတအသင်း၏ ဒုတိယအကြိမ် သက်ကြီးအနုပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို စက်တင်ဘာလ၃ဝရက်နေ့၊ နံနက် ၉ နာရီတွင် မန္တလေးမြို့၊ ၈၆လမ်းနှင့် ၂၁လမ်းထောင့်ရှိ  မြို့မတူရိယာအ သင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ အကယ်ဒမီဦးသော်ဇင်မှ သက်ကြီးပူ ဇော်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အသင်း၏ ဆောင်ရွက်မှုများအား  ရှင်းလင်းပြောကြားခဲ့ပြီး ဂီတစာဆို မောင်လူလှ (အမရစံခေါင်)ရေးသား သော ဆုံးမကဗျာကို အဆိုတော်ဇော် မျိုးထက်က ရွတ်ဆိုဂုဏ်ပြုခဲ့သည်။ ထို့နောက် သက်ကြီးအနုပညာရှင် များအား ကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ကြပြီး ကန်တော့ခံပစ္စည်း များကို ပေးအပ်လှူဒါန်းကြသည်။

“ကျွန်တော်တို့ မန္တလေးဂီတ မောင်နှများ ပရဟိတအသင်းရဲ့ ဒုတိယအကြိမ်သက်ကြီးပူဇော်ပွဲမှာ မန္တလေးမြို့ပေါ်က ဂီတနဲ့ပတ်သက် တဲ့ အသက် ၇ဝနှင့်အထက် သက် ကြီးအနုပညာရှင် ၂၇ဦးကို တစ်ဦးကို ငါးသောင်းကျပ်စီ ပူဇော်ကန်တော့ ပါတယ်။ အသင်းသားတွေနဲ့ ဂီတချစ် သူ မိတ်ဆွေတွေက ကန်တော့ခံ  ပစ္စည်းတွေလှူတာလည်းရှိပါတယ်။ ပူဇော်ပွဲ အခမ်းအနားကို မတက် ရောက်နိုင်တဲ့ သက်ကြီးအနုပညာ ရှင်တွေကို နဃ အဖွဲ့က အိမ်တိုင်ရာ ရောက် သွားပြီးကန်တော့ကြမှာပါ”  ဟု မန္တလေးဂီတမောင်နှမများ ပရဟိ တအသင်းမှ အလုပ်အမှုဆောင် တေးသံရှင်ကိုစိုးထက်ကပြောသည်။အခမ်းအနားသို့ မန္တလေးဂီတမောင် နှမများ ပရဟိတအသင်းမှ အမှု ဆောင်များ၊ အသင်းသားများ၊ ဂီတ အနုပညာရှင်များ၊ အလှူရှင် များ၊ သတင်းမီဒီယာများမှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့် သည်များ စုံလင်စွာ တက်ရောက်ဂါရဝ ပြုကြကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here