၂၄ နှစ်ပြည့် မွေးနေ့မှာ ခြူးလို့ အမည်ပြောင်းလိုက်တဲ့ မင်းသမီး

0
177

သရုပ်ဆောင် နေအဉ္ဇရာက သူ့ရဲ့အနုပညာအမည်ကို “ခြူး” လို့ ပြောင်း လဲလိုက်ပြီဖြစ်ပါတယ်။ ဒီလို ပြောင်းလဲလိုက်တာက သူ့ရဲ့နယ် ပရိသတ် တော်တော်များများက နာမည်ရင်း နေအဉ္ဇရာ ထက် ပန်းနု သွေးဒုတိယ ဇာတ်လမ်းတွဲထဲက “ခြူး လေး”ဆိုတဲ့ ကာရိုက်တာ နာမည်ကို ပိုမှတ်မိနေကြ တာကြောင့်လည်း ပါတယ်လို့ ပြောပါတယ်။

“ခြူး”ဆိုတဲ့ အမည်နာမကို ဆရာမကြီးအီးတီရဲ့ ညီမ၊ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင် ဖြစ်သူ ဒေါ်သီသီဝင်း ကပေးတဲ့အကြောင်းကို သရုပ်ဆောင် နေအဉ္ဇရာက သူ့ရဲ့အနုပညာအမည်ကို “ခြူး” လို့ ပြောင်း လဲလိုက်ပြီဖြစ်ပါတယ်။ ဒီလို ပြောင်းလဲလိုက်တာက သူ့ရဲ့နယ် ပရိသတ် တော်တော်များများက နာမည်ရင်း နေအဉ္ဇရာ ထက် ပန်းနု သွေးဒုတိယ ဇာတ်လမ်းတွဲထဲက “ခြူး လေး”ဆိုတဲ့ ကာရိုက်တာ နာမည်ကို ပိုမှတ်မိနေကြ တာကြောင့်လည်း ပါတယ်လို့ ပြောပါတယ်။ “ခြူး”ဆိုတဲ့ အမည်နာမကို ဆရာမကြီးအီးတီရဲ့ ညီမ၊ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင် ဖြစ်သူ ဒေါ်သီသီဝင်း ကပေးတဲ့အကြောင်းကို  “နာမည်ပြောင်းချင်နေတာကတော့ ကြာပါပြီ။ ပြောင်းမယ်ပြောလိုက်တိုင်း နေအဉ္ဇရာ နာမည်ကို သိ နေကြတာ မပြောင်းပါနဲ့လို့ ပြောကြတာနဲ့ပဲ မပြောင်းဖြစ်ခဲ့ဘူး။ အခုမှပဲ ပြောင်းဖြစ်တယ်။ နယ်ဘက်က ဇာတ်လမ်းတွဲကို အားပေးတဲ့ ပရိသတ်တော်တော် များများက နေအဉ္ဇရာ ဆိုတဲ့ နာမည်ကိုခေါ်ဖို့ တအားကိုထောက်တယ်။ နေရယ်၊ အဉ္ဇရာယ် ကိုရော ရောခေါ်လိုက် ရင် ထောက်ပြီးလွယ်လွယ်ကူကူ မမှတ်မိ ကြဘူး။ နောက်ပြီး ဇာတ်လမ်းတွဲထဲ က ခြူးလေး ဆိုတာကို ပရိသတ်တွေ က နှုတ်ကျိုးနေပြီး ဒီအတိုင်းပဲ မှတ် ထား ကြတယ်။ ဒါနဲ့ပဲနေအဉ္ဇရာ နာမည်က နယ်ဘက်မှာ ပျောက်သွား ရော။ ဒီနာ မည်နဲ့ပဲ နယ်မှာ ရှိုးသွားဆို တော့ မသိ ကြဘူး။ ဓာတ်ပုံပြတော့ ခြူးလေးလို့ပဲ ဆိုကြတယ်။ ဒါကြောင့် လည်းပါ တယ်။ နောက်ပိုင်း ကိုစည် ဖြိုးရဲ့အမေ အန်တီသီ နဲ့တွေ့တော့ အန်တီကနာမည် ပြောင်းရင် ခြူးဆိုတဲ့ စကားလုံးကို နောက်ထပ်စကားလုံးတစ်ခုခုနဲ့ ကပ်ပါ လားလို့ပြောပြတယ်။ ခြူးလေးလို့ပဲ ပြောင်း ရင်လည်း ခေါ်လို့ ဖြစ်ပေမယ့် သိပ်မ ကောင်းဘူးလေ။ ဒါကြောင့်ပဲ “ခြူး” တစ်လုံးတည်းကိုပဲ ပြောင်း လိုက်တာပါ”လို့ နာမည်ပြောင်း ဖြစ်ပုံနဲ့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here