လက်ရှိအရွယ်နဲ့ အိမ်ထောင်မပြုချင်သေးပါဘူးခိုင်သဇင်ငုဝါ

0
215

ခိုင်သဇင်ငုဝါက အဆိုတော် Ah-Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ ထိုင်းနိုင်ငံမှာ သွားရောက်ရိုက်ကူးတဲ့ Pre-Wedding ဓာတ်ပုံရိုကကူးမှုအ တွက် သတို့သမီး အရံအဖြစ် ကူညီ ပေးခဲ့ပါတယ်။ ကျော်ထွဋ်ဆွေ၊ လွှမ်း ပိုင်၊ စိုးဖြိုး၊ ခိုင်သဇင်ငုဝါ၊ Bobby- Soxer၊ နန်းသူဇာ စတဲ့ သတို့သား၊ သတို့သမီး အရံတွေနဲ့ ရိုက်ကူးခဲ့တဲ့ Pre – Wedding ရိုက်ကူးမှုကလည်း ပရိသတ်များ အကြားမှာ ရေပန်းစား ခဲ့ပါတယ်။ သတို့သမီးအရံ အဖြစ် ကူညီ ပေးခဲ့တဲ့ အတွေ့အကြုံတွေ အကြောင်းကို …ခိုင်သဇင်ငုဝါက အဆိုတော် Ah-Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ ထိုင်းနိုင်ငံမှာ သွားရောက်ရိုက်ကူးတဲ့ Pre-Wedding ဓာတ်ပုံရိုကကူးမှုအ တွက် သတို့သမီး အရံအဖြစ် ကူညီ ပေးခဲ့ပါတယ်။ ကျော်ထွဋ်ဆွေ၊ လွှမ်း ပိုင်၊ စိုးဖြိုး၊ ခိုင်သဇင်ငုဝါ၊ Bobby- Soxer၊ နန်းသူဇာ စတဲ့ သတို့သား၊ သတို့သမီး အရံတွေနဲ့ ရိုက်ကူးခဲ့တဲ့ Pre – Wedding ရိုက်ကူးမှုကလည်း ပရိသတ်များ အကြားမှာ ရေပန်းစား ခဲ့ပါတယ်။ သတို့သမီးအရံ အဖြစ် ကူညီ ပေးခဲ့တဲ့ အတွေ့အကြုံတွေ အကြောင်းကို … “ညီမတို့ကို ကိုAh-Boy က ကြို ပြီးတော့ ပြောခဲ့တယ်။ ထိုင်းက ကမ်းခြေတွေမှာ သွားရိုက်ခဲ့တယ်။ သွားတဲ့ ခရီးကလည်း အတွဲတွေချည်း ပဲဆိုတော့ ပျော်လည်း ပျော်ဖို့ကောင်း တယ်။ တအား လည်း ပင်ပန်းကြပါ တယ်။ ရိုက်ကူးရေးက စက်တင်ဘာ လ ၂၃ ရက်နေ့စတင် တယ်ပေါ့။ ၂၈ ရက်နေ့မှာ ရန်ကုန်ပြန် ရောက်ပါတယ်။ အတွဲအစစ် တွေ ရိုက်ကြတော့ ပျော်ဖို့ကောင်းတယ်။ နောက်ပြီးကို Ah-Boy တို့ဆိုရင် ညဘက်တွေ တောင် ရိုက်ကြရတယ်။ သင်္ဘောနဲ့ သွားရိုက်တုန်းကဆို သင်္ဘော ပေါ်မှာပဲ တစ်နေ့လုံး မနက်က ညနေ၆  နာရီ အထိ ပင်လယ်ထဲ မှာပါပဲ။ လှိုင်းတွေ လည်း မူး၊ နေလည်းတ အားပူခံပြီး ရိုက်ကြတာ ပါ။ အားလုံးက နေလောင်ဒဏ်ခံတဲ့ ခရင်မ် တွေလိမ်းပြီး ရိုက်ကြတယ်။ ဒီလိုလေး ကူညီ ဖြစ်တယ်”လို့ ခိုင် သဇင်ငုဝါက ဆိုပါ တယ်။ ဒီလို သူများရဲ့ မင်္ဂလာပွဲ တွေကို ကူညီ ပေး ဖြစ်နေတဲ့ ခိုင်သဇင် ငုဝါကို သူ့ရဲ့အလှည့် ဘယ်တော့ လဲလို့ မေးမြန်းတော့  “လက်ရှိအရွယ်နဲ့တော့ ညီမ အိမ်ထောင်မပြုချင်သေးပါ ဘူး။ ညီမရဲ့အလှည့်က လိုပါသေး တယ်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here