မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်ဟောင်းမှ အမှုဆောင်သစ် များသို့တာဝန်လွှဲပြောင်း ပေးအပ်

0
221

ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ဦးဆောင်တဲ့ အလုပ်အမှုဆောင်သစ် များအနေနဲ့ အောက်တိုဘာလ ၆ ရက်နေ့ကနေစ တင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို စတင် တာဝန်ယူပြီဖြစ်ပါ တယ်။  မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး အမှုဆောင်ဟောင်းမှ အမှု ဆောင်သစ် များသို့ တာဝန်လွှဲပြောင်း ပေးအပ်ပွဲကိုလည်း အောက်တိုဘာ လ ၆ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးခန်းမမှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ အလုပ်အမှုဆောင် သစ်များ အနေနဲ့ လုပ်ကိုင်ရမယ့် အလုပ်တွေက များပြားနေပြီး မကြာ မီ အောက်တိုဘာလ ၁၃ရက်နေ့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲလည်း တစ်ခု အပါအဝင်ဖြစ် ပါတယ်။ တာဝန် လွှဲပြောင်းပေးအပ် ခြင်းနဲ ပတ်သက်ပြီး အမှုဆောင် သစ်မှာဒုတိယ ဥက္ကဋ္ဌအဖြစ် ဆက် လက် တာဝန်ထမ်းဆောင်မယ့် ဦးအေးကြူလေး ကို မေးမြန်းဖြစ်တဲ့ အခါဥက္ကဋ္ဌ ဦးဇင်ဝိုင်း ဦးဆောင်တဲ့ အလုပ်အမှုဆောင်သစ် များအနေနဲ့ အောက်တိုဘာလ ၆ ရက်နေ့ကနေစ တင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို စတင် တာဝန်ယူပြီဖြစ်ပါ တယ်။

  မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး အမှုဆောင်ဟောင်းမှ အမှု ဆောင်သစ် များသို့ တာဝန်လွှဲပြောင်း ပေးအပ်ပွဲကိုလည်း အောက်တိုဘာ လ ၆ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးခန်းမမှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ အလုပ်အမှုဆောင် သစ်များ အနေနဲ့ လုပ်ကိုင်ရမယ့် အလုပ်တွေက များပြားနေပြီး မကြာ မီ အောက်တိုဘာလ ၁၃ရက်နေ့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲလည်း တစ်ခု အပါအဝင်ဖြစ် ပါတယ်။

တာဝန် လွှဲပြောင်းပေးအပ် ခြင်းနဲ ပတ်သက်ပြီး အမှုဆောင် သစ်မှာဒုတိယ ဥက္ကဋ္ဌအဖြစ် ဆက် လက် တာဝန်ထမ်းဆောင်မယ့် ဦးအေးကြူလေး ကို မေးမြန်းဖြစ်တဲ့ အခါ “မလွှဲခင် ၉လပိုင်း လကုန်က တည်းက ငွေစာရင်း ရှင်းတမ်းတွေ လုပ်ထားတယ်။ အစည်းအရုံးက စာရင်းစစ်တွေ နဲ့ စစ်ပြီးတဲ့ အခါကျ တော့ ကျန်တဲ့ ပိုက်ဆံပေါ့၊ ဘဏ်တွေ မှာရှိတဲ့ ပိုက်ဆံတွေ၊ ဘဏ်စာအုပ် တွေကို လွှဲပေးရတာပေါ့။ အခုလော လောဆယ်တော့ သိန်းတစ်သောင်းလေးထောင် လောက်ရှိတယ်။ ကိုဌေး (ဇင်ဝိုင်း)တို့ပထမစတက် လာခါစကတော့ သိန်းခုနှစ်ထောင်၊ ရှစ်ထောင်လောက် ရှိတယ်။ အဲဒီက နေတိုးလာတာပေါ့။ တိုးလာတဲ့ အခါမှာ ဒီပိုက်ဆံတွေပေါ့။ နောက် တစ်ခါ ကျန်တဲ့ဟာတွေပေါ့။ လက်ရှိ လုပ်နေတဲ့ ဟာတွေကနေ ဂရန်တွေ ရှိတယ်။ ဒီရုပ်ရှင်အစည်းအရုံးမြေရဲ့ ခေတ် အဆက်ဆက်မှာ ဂရန်မရှိခဲ့ ဘူး။ အဲဒါကို ပြီးခဲ့တဲ့ သက်တမ်းက လုပ်ထားတာ။ နောက်တစ်ခါ အရင် တုန်းကကျန်တဲ့ မြေကွက် လေးရှိ တယ်။ အဲဒီမြေကွက်လေးတွေ ဂရန် လုပ်ထားတယ်။ နောက်တစ်ခါ မေမြို့မြေကွက် ကိစ္စရှိတယ်။ အောက်မှာ ရုပ်ရှင်ရုံ ရှိတယ်။ ဒါတွေ ကတော့ အဖတ်တင် သွားတာ ပေါ့။ ဒါတွေပါပဲ” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here