အနုပညာ လောကမှာ နာမည်ကြီးဖို့ထက် ပရိသတ်တွေနဲ့ ရင်းနှီးဖို့တောင် ကြိုးစားရတာ ခက်ပါ တယ်။ ခေတ်သစ် ကြေးမှုံအငြိမ့်အဖွဲ့

0
183

မြန်မာ့ဒီမိုကရေစီပွဲတော်၊ အငြိမ့်ပြိုင်ပွဲမှာ ခေတ်သစ်ကြေးမှုံအဖွဲ့က ဒုတိယ အကောင်းဆုံးအငြိမ့်အဖွဲ့ နဲ့ အကောင်းဆုံးဆိုင်းအဖွဲ့ဆုတို့ကို ရရှိခဲ့ပါတယ်။ သူတို့ အဖွဲ့အနေနဲ့ အဖွဲ့တည်ထောင်ဖြစ်တာကတော့ ၁နှစ်နီးပါးရှိခဲ့ပြီဖြစ်ကာ အဖွဲ့ဝင် တွေ အကုန်လုံးကလည်း အမျိုးတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။ပြိုင်ပွဲမှာဆုရရှိခဲ့ တဲ့အပေါ်သူတို့ရဲ့စကားသံကလည်း  မြန်မာ့ဒီမိုကရေစီပွဲတော်၊ အငြိမ့်ပြိုင်ပွဲမှာ ခေတ်သစ်ကြေးမှုံအဖွဲ့က ဒုတိယ အကောင်းဆုံးအငြိမ့်အဖွဲ့ နဲ့ အကောင်းဆုံးဆိုင်းအဖွဲ့ဆုတို့ကို ရရှိခဲ့ပါတယ်။ သူတို့ အဖွဲ့အနေနဲ့ အဖွဲ့တည်ထောင်ဖြစ်တာကတော့ ၁နှစ်နီးပါးရှိခဲ့ပြီဖြစ်ကာ အဖွဲ့ဝင် တွေ အကုန်လုံးကလည်း အမျိုးတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။ပြိုင်ပွဲမှာဆုရရှိခဲ့ တဲ့အပေါ်သူတို့ရဲ့စကားသံကလည်း ………….

“ကျွန်တော်တို့အတွက်က ဆုဆိုတာထက် ပရိသတ်ကိုအကောင်းဆုံးတင်ပြ နိုင်ဖို့အတွက်ကို ကြိုးစား ထားခဲ့ပါတယ်။အဲဒီထဲကနေ ဆုကို ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့က ပိုပြီးဝမ်းသာတာပေါ့။ အခုကျင်းပ လိုက်တဲ့ ပွဲကြီးက ကျွန်တော် တို့အတွက်တော့ အကောင်းဆုံးသော လမ်းကြီးတစ်ခုပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုပြိုင်ပွဲမျိုးဆိုတာက အားလုံးကသတိထားကြတယ်လေ။ ဒီလိုစင်ပေါ်မှာ ဒီလိုပြိုင်ပွဲမျိုးကို ပြိုင်ရတာက ကျွန်တော်တို့အတွက် တက်လမ်းတစ်ခုပေါ့” လို့ ခေတ်သစ်ကြေးမှုံအဖွဲ့မှ လူရွှင်တော်ပေါက်မဲကပြောပြပါတယ်။ အနုပညာ လောကမှာ လူရွှင်တော်အဖွဲ့တွေ အများကြီး ရှိနေတဲ့အတွက် ဒီလိုအဖွဲ့တွေကြား ထဲမှာ ကိုယ့်အဖွဲ့ကိုလူသိအောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုလည်း သူတို့ကို ဆက်လက် မေးမြန်းတဲ့အခါမှာတော့

“ကျွန်တော်တို့အနေနဲ့က တော့နာမည်ကြီး ဖို့ဆိုတာထက် ပရိသတ်တွေနဲ့ ရင်းနှီးဖို့ကိုတောင် ကြိုးစားရတာတော်တော်ခက် ပါတယ်။ ဒါပေမဲ့ ဒီလိုပွဲမျိုးရှိတဲ့အတွက် ကျွန်တော်တို့အတွက် အများကြီးတက်လမ်းရှိ သွားပါတယ်။ အဓိကတော့ ပြီးခဲ့တဲ့ ခေတ်သစ်ကြေးမှုံထက် အခုလာမယ့် ခေတ်သစ်ကြေးမှုံကိုပိုပြီးကောင်း အောင်ကြိုးစားသွားမယ်။ အကောင်းတကာ့ အကောင်းဆုံးဖြစ်တဲ့ ဖျော်ဖြေတင်ဆက်မှုမျိုးဖြစ်အောင် ကျွန်တော်တို့ တင် ဆက်ကပြသွားမှာပါ။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲဆို တဲ့အတွက် အဲဒါနဲ့ ပတ်သက်တဲ့ ပြက်လုံးလေးတွေနဲ့ ပရိသတ်တွေကို အကြိုက် ဆုံးဖြစ် အောင်တင်ဆက်ပေးခဲ့တယ်။ အခုကျတော့ ကျွန်တော်တို့က ရန်ကုန်တိုင်းကို လှည့်ပတ် ဖျော်ဖြေကပြမှာဖြစ်တဲ့အတွက် ပရိသတ်တွေအကြိုက်တွေ့စေမယ့် ရယ်စရာများနဲ့ အဓိက ထား ပြီးပြက်လုံးပြက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်သစ်ကြေးမှုံညီအစ်ကို         တွေ ဆက်ပြီးတော့ ကြိုးစားပါဦးမယ်။ နောင်လာမယ့်ပွဲတွေကျရင်လည်း အားပေးကြပါ ဦး”လို့ လူရွှင်တော် ပေါက်မဲကပြောပြပါတယ်။ ခေတ်သစ်ကြေးမှုံအငြိမ့်အဖွဲ့မှာတော့ လူရွှင်တော်များအဖြစ် လူမော်၊ ပေါက်မဲ၊ ရွှေကောင်း၊ရွှေကျား၊ လေပြေတို့ပဲဖြစ်ပြီး ခေါင်းဆောင် မင်းသမီးကတော့ နီနီထက် ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here