အခုအချိန်မှာတော့ အနုပညာနဲ့ စီးပွားမရှာတော့ဘူး ဟာသသရုပ်ဆောင် ဖိုးဖြူ

0
221

လူရွှင်တော်၊ ဟာသသရုပ် ဆောင် ဦးဖိုးဖြူအနေနဲ့ လက်ရှိမှာ တော့ စီးပွားဖြစ်အနေနဲ့ ရုပ်ရှင် ရိုက်ကူးတာတို့၊ အငြိမ့်ကတာတို့ လုပ်ဆောင်ခြင်းမရှိတော့ပေမယ့် လည်း အနုပညာပိုးကတော့ သေမှာ ပဲပျောက်မှာပဲလို့ သူကဆိုပါ တယ်။ စီးပွားဖြစ်အနေနဲ့ မရိုက်ကူးဖြစ် ပေမယ့်နိုင်ငံအကျိုးပြုအနေနဲ့တော့ ပညာပေးကဏ္ဍတွေမှာပါဝင်လုပ် ဆောင်ပေးဖြစ်နေပါကြောင်းလည်း သိရပါတယ်။ လူရွှင်တော်၊ ဟာသသရုပ် ဆောင် ဦးဖိုးဖြူအနေနဲ့ လက်ရှိမှာ တော့ စီးပွားဖြစ်အနေနဲ့ ရုပ်ရှင် ရိုက်ကူးတာတို့၊ အငြိမ့်ကတာတို့ လုပ်ဆောင်ခြင်းမရှိတော့ပေမယ့် လည်း အနုပညာပိုးကတော့ သေမှာ ပဲပျောက်မှာပဲလို့ သူကဆိုပါ တယ်။ စီးပွားဖြစ်အနေနဲ့ မရိုက်ကူးဖြစ် ပေမယ့်နိုင်ငံအကျိုးပြုအနေနဲ့တော့ ပညာပေးကဏ္ဍတွေမှာပါဝင်လုပ် ဆောင်ပေးဖြစ်နေပါကြောင်းလည်း သိရပါတယ်။

“အရင်တုန်းကလိုတော့ အများ ကြီးရိုက်ကူးပြီးတော့ စီးပွားမရှာ    တော့ဘူး။ ဘာကြောင့်လည်းဆို တော့ ကျန်းမာရေးအရလည်း ပြန် ကောင်းလာတယ်၊။ အဲဒီတော့ ကျန်း မာရေးပြန်ကောင်းလာတော့ ကျန်းမာရေးမကောင်းတဲ့သူတွေကိုလည်း ကူညီပေးနေတယ်။ တစ်ဖက်တစ် လမ်းကနေလည်း ဒီအနုပညာကို တတ်အားသရွေ့၊ နိုင်သရွေ့တော့ လုပ်နေတာပါပဲ။ ဒါပေမဲ့ အနုပညာနဲ့ တော့ စီးပွားဖြစ်မလုပ်တော့ဘူး” လို့  အနုပညာနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်နေမှုတွေအပေါ် ဦးဖိုးဖြူ ကပြောပြပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီပွဲ တော် အထိမ်းအမှတ် အငြိမ့်ပြိုင်ပွဲ မှ ဆုရရှိခဲ့ကြတဲ့ အငြိမ့်အဖွဲ့များကို လည်း သူကအခုလိုစကားဆိုတာက “ဆုအရသာကပထမ၊ဒုတိယ၊ တတိယရွေးကြတာပါ။ အငြိမ့် မျိုးဆက်သစ်တွေကအကုန်လုံးကို ကောင်းပါတယ်။

သူတို့တွေအကုန် လုံးကနောင်တစ်ခေတ်မှာနာမည် ကြီးလာ ကြမှာလေ။ တစ်ဖွဲ့ကို တစ်ခုတော့ အနည်းဆုံးကောင်းကြ တယ်။ မကောင်းတဲ့အဖွဲ့ တစ်ဖွဲ့မှမရှိ ဘူး။ တင်ပြပုံတွေကောင်းကြတယ်။ အမြင်တွေကောင်းကြတယ်။ ကြိုးစား ကြပါ။ ဘဝမမေ့ကြပါနဲ့။ ကျွန် တော် တို့ တုန်းကနဲ့တော့ခေတ် ရေစီး ကြောင်းအရတော့ကွာ ခြား သွားပြီ ပေါ့။ ဟိုတုန်းကလည်း အစ်ကိုတို့ လုပ်ခဲ့ကြတာပဲ။ အဲဒီခေတ်အဲဒီ အခါ တုန်းက လည်းအစ်ကိုတို့ အနေနဲ့ လည်းတန်းဝင်ခဲ့ကြ တာပဲ။ ဒါပေမဲ့ အခုကျတော့ အစ်ကို တို့က အသက်အရွယ် အား ဖြင့်သော်လည်းကောင်း၊ လုပ် နိုင်ကိုင်နိုင်ရည်အား ဖြင့်သော် လည်းကောင်းကျ လာပြီလေ။ လူဆိုတာအတက် ရှိရင်အကျရှိမှာပဲလေ။ အခု ခေတ်ကလေးတွေကျတေွာှ့နခ့ညငခ တွေ အင်မတန် ကောင်းလာတယ်။ ခေတ် ရေစီးကြောင်းက အင်မတန် ကောင်းလာတယ်”လို့ ပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here