မိုရီဆာကီဝင်းရဲ့ ဖျော်ဖြေမှုတွေကို မြင့်တွေ့ခဲ့ရတဲ့ ရွှေအက်(ဖ်)အမ် ၈နှစ်ပြည့် အထိမ်းအမှတ်ပွဲ

0
157

ရွှေအက်(ဖ်)အမ် ၈နှစ်ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲ အခမ်းအ နား နဲ့ Shwe FM 8th Anniversary Awards 2017 ဆုပေးပွဲ အခမ်း အနားကို အောက်တိုဘာလ ၁ရက်၊ နေ့ညပိုင်းက ရန်ကုန်မြို့၊ အမှတ်-၅၁ (ဘီ)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်ရှိ Hexagon Complex မှာကျင်းပပြုလုပ်ခဲ့ပါ တယ်။

Myanmar Idol Season-2 က အဆိုရှင်တွေရဲ့ ဖျော်ဖြေတင် ဆက်မှု၊ မြန်မာပြည်ဖွား ဂျပန် အဆိုတော် မိုရီဆာကီဝင်းရဲ့ ဖျော် ဖြေတင်ဆက်မှုတွေနဲ့ ရွှေအက် (ဖ်)အမ်၈နှစ်ပြည့်ပွဲ အခမ်းအနားကို ကျင်းပခဲ့တာပါ။ ထူးခြားတာက မိုရီဆာ ကီဝင်းရဲ့ ဖျော်ဖြေတင်ဆက်မှု တွေကို လက်ရှိရိုက်ကူးနေတဲ့ “ဇာတိမြေ” ရုပ်ရှင် ဇာတ်ကားမှာ အသုံးပြုသွားမှာလို့ သိရပါတယ်။ ၂ဝ၁၇ ခုနှစ် အတွင်း ခေတ်ပေါ် တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆုကို “Message” သီချင်းနဲ့ ရရှိခဲ့သူ Jewel ကလည်း အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ကူညီ ပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် ဂီတ မောင်နှမ တွေကို ကျေးဇူးတင် ကြောင်း ပြော ပါတယ်။ Shwe FM 8th Anniversary Awards 2017ဆုပေးပွဲမှာတော့ ချမ်းသာ၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ မိုရီဆာကီဝင်း၊ ဖြိုးပြည့်စုံ၊ Jewel၊ စောလားထော်ဝါး အစရှိတဲ့ အနုပညာရှင် အသီးသီးက ဆုတွေ
ရရှိခဲ့ကြဖြစ်ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here