ချစ်သူသက်တမ်း ၁နှစ် နီးပါး ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ

0
244

သရုပ်ဆောင် သူရိယနဲ့ဆုအိမ့်စံ တို့က ချစ်သူတွေ ဖြစ်နေကြပါပြီ။ ချစ်သူသက်တမ်း ကလည်း တစ်နှစ် နီးနီး ရှိပြီလို့လည်း သိရပါတယ်။ သူတို့နှစ်ဦး စတင်တွေ့ ဆုံခဲ့ပုံနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို သူရိယက အခုလို ပြောပြပါတယ်။သရုပ်ဆောင် သူရိယနဲ့ဆုအိမ့်စံတို့က ချစ်သူတွေ ဖြစ်နေကြပါပြီ။ ချစ်သူသက်တမ်း ကလည်း တစ်နှစ် နီးနီး ရှိပြီလို့လည်း သိရပါတယ်။ သူတို့နှစ်ဦး စတင်တွေ့ ဆုံခဲ့ပုံနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို သူရိယက အခုလို ပြောပြပါတယ်။ “ကျွန်တော်တို့ ချစ်သူသက်တမ်း ၁ နှစ်နီးနီး ရှိပါပြီ။ သူနဲ့ ကျွန်တော်က “ဖေ့ဘုတ်ရွာ” ဇာတ်ကား ရိုက်ကူးတုန်းက စတွေ့ခဲ့တာပါ။ စတွေ့ခဲ့တုန်းက အမှတ် တရကတော့ ဖေ့ဘုတ်ရွာ ဇာတ်ကားမှာက သူ့ကိုထမ်း ပြေးရတာ အဲဒါလေးက အမှတ်တရပါ ။ ဒါပေမဲ့ အဲဒီမှာ သူနဲ့ မကြိုက်သေးပါဘူး။ ဒီဇာတ်ကား ရိုက်ကူးပြီး သွား တော့မှ ကျွန်တော်တို့တွေ ချစ်သူဖြစ်သွားခဲ့တယ်။ အခု လက်ရှိ အချစ်ရေးကတော့ ပရိသတ်တွေ မြင်တွေ့ကြတဲ့ အတိုင်းပဲ နှစ်ယောက်စလုံးက အေးအေးချမ်းချမ်းပါပဲ။ ကိုယ့်ချစ်သူအပေါ်ကို လူတိုင်းကတော့ အကောင်းဆုံး တွေပဲ ပေးချင်တာလေ ။ အဲဒီ့တော့ ကျွန်တော်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ”လို့ သူရိယ က ပြောပါတယ်။
ချစ်သူ သူရိယက စိတ်သဘောထား အလွန်ကောင်း တဲ့ သူဖြစ်သလို သူမအပေါ်ကိုလည်း တအားချစ်ကြောင်း ကို သရုပ်ဆောင်ဆုအိမ့်စံက “သူက စိတ်ထားလည်း ကောင်း တယ်။ ဆုဆု အပေါ်ကိုလည်း တအားဂရုစိုက်တယ်။ ဆုဆု ကိုလည်း တအားချစ်တယ်။ ဆုဆုလည်း သူ့ကိုချစ်တယ်။ အဓိကကတော့ ဆုဆုတို့က အနုပညာရှင်တွေ ဆို တော့လည်း တစ်ယောက်နဲ့တစ်ယောက် နား လည်ကြပါတယ်။ ဆုဆုကို သူနားလည်မှုတွေ ပေးသလို ဆုဆုလည်း သူ့ကို နားလည်မှုတွေ အများကြီးပေးထားပါတယ်။ အခုချိန်မှာတော့ ဆုဆုတို့ အနုပညာအလုပ် ကိစ္စတွေကို အဓိက အရင်လုပ်ပြီး သေချာပြီးဆို တော့မှ နှစ်ယောက် အနာဂတ် ခရီးကို ချပြသွားမှာပါ။ နှစ် ယောက်လုံးလည်းအကောင်း ဆုံး ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။
သူတို့ ချစ်သူနှစ်ဦး ချစ်သူ မဖြစ်  ခင်က အတူရိုက်ကူးထားတဲ့ ဇာတ် ကားများ ထွက်လာဖို့ ရှိသလို နောက် ထပ်လည်းချစ်သူနှစ်ဦး ဇာတ်ကားများ အတူတူ ရိုက်ကူးသွားဖို့ရှိကြောင်းလည်း သိရပါတယ်။     ဇင်မာနွယ် ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here