နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ ပြသသွားမယ့် From Bangkok To Mandalay

0
252

dsc_1658-copy

From Bangkok To Mandalay လို့အမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကို နိုဝင်ဘာလ၄ရက်နေ့ ကျရင် မြန်မာတစ်နိုင်ငံလုံးမှာ တစ် ပြိုင်နက်တည်း ရုံတင် ပြသသွားတော့ မှာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရှိ ရုပ် ရှင်ရုံတွေမှာတော့ နိုဝင်ဘာလလယ် အတွင်းမှာ စတင်ရုံတင်   ပြသသွား တော့မှာဖြစ်ပါတယ်။

From Bangkok To Mandalay  ကိုဖန်တီးရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnust  ကတော့ ဒီဇာတ်ကားဟာ မြန်မာနဲ့ ထိုင်းလူမျိုးတို့ရဲ့ ချစ်ခြင်း မေတ္တာပြယုဂ်တစ်ခု ဖြစ်တဲ့အပြင် မြန်မာပြည်ရဲ့ အလှတရားတွေကို   မြန်မာပြည်အနှံ့သွားရောက်ပြီး
တော့ ဖော်ထုတ်ထားတဲ့ ဂုဏ်ယူဖွယ် ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ခု အဖြစ်မြင်တွေ့ရမှာဖြစ်ကြောင်း ညွှန်းဆိုထားပါတယ်။

“ကျွန်တော့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့၃နှစ် ကျော် ကြာ အချိန်ယူခဲ့ရပါတယ်။ မြန်မာ နိုင်ငံကို ကျွန်တော်အလည်လာရာ ကနေ အစပြုခဲ့တဲ့From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်ပေါ်လာခဲ့ရပါတယ်။ ထပ် ပြီးကံကောင်းခဲ့တာက
ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မြန်မာမိတ်ဆွေတွေ ဖြစ်တဲ့ AEE ကုမ္ပဏီနဲ့ မိုးကောင်း ကင် ရုပ်ရှင်ထုတ်လုပ်ရေးတို့က ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ပြီး အကောင်အထည် ဖော်ပေးခဲ့ကြ လို့ပါ။ ဒါကြောင့် ကျွန်တော့်အိပ်မက် တွေဟာ မျှော်မှန်းထားတာထက် ပိုပြီး   အောင်မြင်ခဲ့တယ်လို့လည်း ခံစားရပါတယ်” လို့ ထိုင်းဒါရိုက် တာ Chartchai Ketnust ဆိုခဲ့ပါ တယ်။

From Bangkok To Mandalay  ရုပ်ရှင်ဇာတ်ကားရဲ့World Premiere Red Carpet Screening ပြသခြင်းကိုတော့ ပြီးခဲ့ တဲ့   အောက်တိုဘာလ၂၇ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံ မှာ ပြုလုပ်ခဲ့ရာမှာတော့ အဓိက ဇာတ်
ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေတိုး၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဝတ်မှုံရွှေရည် ၊ ထိုင်းမင်းသမီးNann Wahn  ၊ ထိုင်းဒါရိုက်တာ Chartchai Ketnust  တိုနဲ့အတူ ထုတ်လုပ်သူများ၊ အဓိကကူညီပံ့ပိုးပေးသူများ ၊ ထိုင်း နိုင်ငံ ဂီတနဲ့ အနုပညာနယ်ပယ်မှ အနုပညာရှင်များ၊
မြန်မာနိုင်ငံက နာမည်ကျော် အနုပညာရှင်များ စွာတက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

dsc_1574-copy

အဲ့ဒီနေ့အခမ်းအနားကို တက်ရောက် လာတဲ့ အကယ်ဒမီဝတ်မှုံရွှေရည်က

“ဒီဇာတ်ကားလေးက ကြည့် လိုက်တဲ့သူတွေရဲ့ ရင်ထဲမှာ စိတ်ချမ်း သာစရာကောင်းတဲ့ ဇာတ်ကားတစ်ခု ဖြစ်စေမယ်လို့ ယုံကြည် ပါတယ်။ ပရိ သတ်တွေလည်း စောင့်မျှော်ရကျိုးနပ် မှာပါလို့ ပြောချင်ပါတယ်” လို့ Red Carpet  ကို လျှောက်လှမ်းရင်း ဆို ခဲ့သလို
အကယ်ဒမီနေတိုးကလည်း

“ပရိသတ်တွေ မျှော်လင့်ထားတဲ့ အတိုင်း ဒီဇာတ်ကားလေးရဲ့ ရသ ပိုင်း၊ သရုပ်ဆောင်မှု အပိုင်းတွေမှာ ရော၊ မြန်မာပြည်ရဲ့လှပတဲ့ အထင် ကရ ဒေသတွေမှာရော၊ သွားရောက် ရိုက်ကူးထားတဲ့အတွက် ဒီဇာတ်ကား လေးက တန်ဖိုးရှိတဲ့ ဇာတ်ကားလေး တစ်ကားဖြစ် လာမယ်လို့ ယုံကြည် ပါတယ်။ ပရိသတ်တွေလည်း ကြိုက် နှစ်သက်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

dsc_1622-copy

စိုင်းစိုင်းခမ်းလှိုင် ကတော့ သူ ကိုယ်တိုင် From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကို ကြည့်ရဖို့အတွက် စိတ်လှုပ်ရှား   နေတာမို့ ပရိသတ်တွေ အနေနဲ့ လာရောက်အားပေးချီးမြှင့်ပေးကြဖို့ ပြော ချင်ပါတယ်လို့ ပြောပြခဲ့သလို ထိုင်းမင်းသမီးNann Wahn က တော့ မြန်မာပြည်က ပရိသတ်တွေနဲ့ အခုလို ဆုံတွေ့ခွင့်ရတဲ့အတွက် တအားကို ရင်ခုန်စိတ်လှုပ်ရှား နေတာမို့ ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားလေးအပေါ်ကို ကြိုက် နှစ်သက်တယ်ဆိုရင်ပဲ ကြိုးစားအား ထုတ်ခဲ့ရတဲ့ ပင်ပန်းရကျိုးနပ်မှာ ဖြစ်ပါတယ်လို့ ပြောပြပေး ခဲ့ပါတယ်။

From Bangkok To Mandalay World Premiere Show ကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် နာယက ကြီး ဘဘဦးတင်ဦး ကိုယ် တိုင်တက် ရောက်ဂုဏ်ပြုပြီး အဖွင့်မိန့်ခွန်းစကား ပြောကြားပေးခဲ့ပါတယ်။

ထက်လူ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here