ရည်မှန်းချက် ပြည့်ဝခဲ့ပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ အလှူဒါန

0
190

ဆောင်းဦးလှိုင်ရဲ့ RAYS OF MUSIC တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို အောက်တိုဘာ ၁ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲက အောင်မြင်တဲ့ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး ပရိသတ်တွေလည်း ဆောင်းဦးလှိုင်ရဲ့သီချင်းတွေနဲ့အတူ ခံစားနားဆင် စီးမျောခဲ့ကြပါတယ်။ အဆိုပါဖျော်ဖြေပွဲတွင် ဆောင်းဦး လှိုင်ကိုယ်တိုင် တီးခတ်ဖျော်ဖြေပေးခဲ့တဲ့ MARTIN JUNIOR ဂီတာနှင့် Amplifier တို့ကို ပွဲအပြီးမှာ လေလံတင်ခဲ့ရာ ကိုညီဝေမိုးမှ စင်္ကာပူဒေါ်လာ ၁၅၇ဝ ဖြင့်အမြင့်ဆုံး ဈေးပေးဝယ်ခဲ့ပါတယ်။ အခုလိုမျိုးရရှိခဲ့တဲ့ ငွေ (မြန်မာငွေ တစ်ဆယ့်ငါးသိန်းခုနှစ် သောင်းကျပ် တိတိကို ပွဲစီစဉ်သူ ကိုဘိုဘိုဝင်း၊ ကိုမြတ် မင်းစိုး၊ ကိုဇော်သန့်မင်းနှင့် အဆိုတော် ကိုဆောင်းဦးလှိုင် တို့မှ အဝေးမှတစ်ဆင့် နာရေးကူညီမှု အသင်း(ရန်ကုန်)ဆီ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ လှူဒါန်းမှု နဲ့ပတ်သက်ပြီး ဆောင်းဦးလှိုင်က “လက်မှတ်ကုန်လို့ ရုံပြည့် အောင် အားပေးခဲ့ကြသော ပရိသတ်အားလုံး၏ ကောင်းမှု၊ ကူညီဖေးမခဲ့သူအားလုံးတို့၏ ကုသိုလ်လည်း ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် မျှတစင်ကြယ်၍ မွန်မြတ်ခြင်း တစ်စုံတစ်ရာ ပါဝင်ရေးဟူသော ကျွန်တော့် ရည်မှန်းချက်ပြည့်ဝခဲ့ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here