ယောက်ျားလေးတွေ ဘက်ကနေ ပြောချင်တဲ့ စကားတွေ ဒီဇာတ်ကောင်မှာ ရှိတယ် ပြေတီဦး

0
330

 ပြေတီဦးက “ရင်ဘတ်ထဲက ဓား”ရုပ်ရှင် ဇာတ်ကားမှာ ပရိသတ် အမုန်းခံရမယ့် ဇာတ်ရုပ်ဖြစ်ပေမယ့်လည်း ဒီဇာတ်ကား ထဲက သီဟနိုင် ပြောတဲ့ ဒိုင်ယာလော့ခ် တစ်ခုကို သဘောကျတဲ့အတွက် လက်ခံ ရိုက်ကူးရခြင်းဖြစ်ကြောင်း ပြောပါတယ်. “အိမ်ထောင်ရေး တစ်ခုမှာပဲ ဖြစ်ဖြစ် သမီးရည်းစား  Relationship တစ်ခုမှာပဲ ဖြစ်ဖြစ်။ ယောက်ျား လေးဘက်ကပြောစရာ စကားရှိသလို မိန်းကလေးဘက်က ပြောစရာလည်း ရှိတယ်။ ဒီဇာတ်ကားမှာက သီဟနိုင် ဆိုတဲ့ ဇာတ်ကောင်က ဗီလိန်တစ်ယောက် ဖြစ်သွားတယ်ဆိုပေမယ့် သူ့ရဲ့စိတ်ခံစားချက်တွေ သူဖြတ်သန်းခဲ့ရတာတွေ သူ ကြုံတွေ့ခဲ့ ရတာတွေကလည်း အများကြီး ရှိတာကိုး။ ပြီးတော့သူ့မိန်းမကို ပြောပြချင်တဲ့ စကားတွေလည်းရှိတယ်။ အပြန် အလှန်နား လည်မှုရှိမှသာဒီ  Relationship တစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက် လို့ရတာကိုး။ အစ်ကို့ အနေ နဲ့ကြိုက်တဲ့ စကားတွေ၊  အစ်ကိုတို့ ယော ကျာ်းလေးတွေဘက် ကနေပြောချင်တဲ့စကားတွေ က ဒီသီဟနိုင်ဆိုတဲ့ ဇာတ်ကောင်မှာ ရှိတယ်။ အဲဒါကို ကြိုက်တဲ့ အတွက် အစ်ကိုက လက်ခံရိုက်ကူး ဖြစ်တာပါ။ အားလုံး ကားဆက်ပြီး သွားတဲ့ အချိန်မှာကို ကိုဝိုင်းက အခန်း တစ်ခန်းဖြတ်မယ်တဲ့။ အဲဒီဖြတ်မယ် ဆိုတဲ့ အခန်းကအစ်ကို ပြောချင်တဲ့ စကားတွေပါတဲ့ အခန်းဖြစ်နေတယ်။ အစ်ကိုက ဒီအခန်းလေး ကိုကြိုက်လို့ ဒီစကားကို ကြိုက်လို့ ဒီတစ်ဇာတ်လုံးကို လူအမုန်းခံရမယ့်နေရာ ကို ရိုက်တာကိုး။  ဒီအခန်း ကိုဖြတ်မယ် ဆိုသေပြီလေ။ ဘုရားမှာ ဆုတောင်းရတယ်။ မဖြတ်ပါစေနဲ့လို့။ နောက်မှ ကိုဝိုင်းက ဖုန်းဆက်တယ်။ ဒီအခန်း မဖြတ်တော့ဘူးတဲ့။ တော်ပါ သေးရဲ့လို့။ အဲဒါကြောင့် စဉ်းစားနေ တယ်။ အဲဒီအခန်းက ဘယ်အခန်း ဖြစ်မလဲ။ အစ်ကိုပြောချင်တဲ့ စကား တွေက ဘယ်ဒိုင်ယာလော့ခ်တွေဖြစ်မ လဲ။ ပရိသတ်တွေကို ခန့်မှန်းခိုင်း ပြီးတော့ အဖြေမှန်တဲ့လူ ရှိရင်ဆုပေးမယ် ပေါ့။ယောက်ျားလေး တွေအနေ နဲ့ ကိုယ့်ရဲ့မိန်းမ၊ ကိုယ့်ရဲ့ချစ်သူနဲ့အတူ သွားကြည့်ရှုသင့်တဲ့ ဇာတ်ကား တစ်ကားလို့ထင်ပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်ကားမှာ လရိပ်ဝေး အဖြစ် သရုပ်ဆောင်တဲ့ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပြေတီဦးက “သူက တော့ သမ္ဘာရော၊ ဝါရောသရုပ်ဆောင်နဲ့ ပတ်သက်ရင် Talent ရှိ တယ်လို့ ပြောလို့ရတဲ့အထဲ မှာပါတယ်။ ဒီဇာတ်ကားမှာ ဒိုင်ယာလော့ခ် ရော၊ ဖလိုးရော တော်တော်လေးကိုကောင်းပါတယ်။ ကိုယ့်မိန်းမ ကိုယ် ပြောရတာတော့ သိပ်မကောင်းပါဘူး။ ပရိသတ်တွေပဲ အကဲဖြတ်တာ ကောင်းပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here