Starlet Sky ကလေးသီချင်း အဆိုပြိုင်ပွဲအစီအစဉ်များကတစ်ဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ လူငယ်အဆိုရှင်တစ်ဦးဖြစ်တဲ့ ဝိုင်းလမင်း အောင်ကတော့ ခုလက်ရှိ ယဉ်ကျေးမှုတက္ကသိုလ်မှာ အဆို၊ အတီး အထူးပြု နဲ့ ပထမနှစ်တက်ရောက် သင်ယူနေပါတယ်။ လတ်တလောမှာတော့ နယ် ဖျော်ဖြေပွဲတွေမှာ သီချင်းဆိုဖြစ်နေပြီး သူအနေနဲ့ အနုပညာနဲ့ပတ်သက်ပြီး လေ့လာသင်ယူနေတာနဲ့ ပတ်သက်ပြီးခုလိုပြောပြခဲ့ပါတယ်။
“ကျွန်တော်က ခုလက်ရှိ ယဉ်ကျေးမှုတက္ကသိုလ်မှာ ပထမနှစ် တက် နေပါတယ်။ အဆိုနဲ့အတီးကို အဓိကထားပြီး သင်ယူနေပါတယ်။ အဆို ပိုင်းမှာဆိုလည်း Note တွေ သင်္ကေတ Note တွရောအကုန်သင်ပေးပါတယ်။ အတီး ပိုင်းမှာဆိုလည်း စောင်း၊ စန္ဒားယား၊ တယော၊ ပတ္တလားစတဲ့ မြန်မာမှုတွေ အစုံသင်ပေးပါတယ်။ ပထမနှစ်ဆိုပေမယ့်လည်း ကိုယ် လေ့လာမိသလောက် အရမ်းကိုတန်ဖိုးရှိတဲ့ ပညာတွေလည် ဖြစ်ပါတယ်။ နောက်ပြီး သီချင်းရေး တဲ့အပိုင်းကိုလည်း လေ့လာဖြစ်နေပါတယ်။ နောက်တစ်ချိန်မှာ အကျိုးရှိအောင် အသုံးချဖို အခုကတည်းက လေ့လာသင်ယူနေပါတယ်။ သီချင်းပိုင်းမှာ ခေတ်ပေါ် သီချင်းတွေရော၊ ခေတ်ဟောင်း သီချင်းတွေဖြစ်တဲ့ အန်တီ မာမာအေးတို့သီချင်းတွေပါ လေ့လာပြီးတော့ မျှတအောင် လုပ်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
သူကတော့ ၁၄ နှစ်မြောက် City Fm ပွဲမှာ သရုပ် ဆောင် ယွန်းယွန်းနဲ့အတူ ‘တူရိယာလုလင်’ သီချင်းနဲ့ တေးသရုပ်ဖော်သီဆို ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပိုင်း အပြင် သရုပ်ဆောင်ပိုင်းကိုလည်းလုပ်သွားဖို့ရှိလားလို့ မေးမြန်းခဲ့ရာ “ကျွန်တော့် ၁၄ နှစ်ပြည့် City Fm တုန်း က ယွန်းယွန်းနဲ့အတူ တူရိယာလုလင်သီချင်းကို သရုပ် ဖော်ခဲ့ပါတယ်။ အဲဒီကစပြီးတော့ ကိုယ်ကလည်း၊ ရုပ်ရှင် ရိုက်ကူးတဲ့အခါ ဘယ်လောက်ခက်ခဲ့မယ်ဆိုတာ သိလာတယ်။ မျက်နှာ၊ ကိုယ်နေဟန်ထား၊ မျက်လုံးကအစ တကယ် အရေး ကြီးတဲ့အပိုင်းတွေရှိတယ်။ ပရိသတ်တွေကလည်း ရုပ်ရှင်ရိုက်ကူးဖို့ အားပေးကြတယ်။ ဒါရိုက်တာတွေကလည်း တစ်ခါတလေကျရင် ပြောကြတယ်။ ရုပ်ရှင်ရိုက်ကူးဖို့ကောင်းတယ်ပေါ့။ ခုရုပ်ရှင်ဇာတ်ကား တွေကြည့်ပြီး လေ့လာဖြစ်နေတယ်။ တစ်ချိန်ကျရင် ပြန်အသုံးချလို့ရ အောင်လို့ပါ။ ခုကတည်းက လေ့လာထားမှ ကိုယ်တကယ်လုပ်ဖြစ်တဲ့အခါ ကျ ရင်အဆင်ပြေမှာပါ။ သရုပ်ဆောင် ပိုင်းကိုလုပ်သွားဖို့ အစီအစဉ် တော့ ရှိပါတယ်” လို့ပြောခဲ့ပါတယ်။
ဇော်ဝင်းအောင်