‘မုန်းစွဲ ‘အတွက် စိတ်ဓာတ်ရော၊ ကာရိုက်တာပိုင်းပါ ပြင်ဆင်နေတယ် အေးဝတ်ရည်သောင်း

0
308

အေးဝတ်ရည်သောင်းက “မုန်းစွဲ” လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကို အောက်တိုဘာလထဲမှာ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီရုပ်  ရှင်ဇာတ်ကားရဲ့  ဇာတ်လမ်းကတော့  ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ “အသေလှတဲ့သူ” ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ဒါရိုက်တာ သြရသပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ နှစ်ဘဝ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် အေးဝတ်ရည်သောင်းကလည်း…အေးဝတ်ရည်သောင်းက “မုန်းစွဲ” လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကို အောက်တိုဘာလထဲမှာ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒီရုပ်  ရှင်ဇာတ်ကားရဲ့  ဇာတ်လမ်းကတော့  ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ “အသေလှတဲ့သူ” ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ဒါရိုက်တာ သြရသပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ နှစ်ဘဝ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် အေးဝတ်ရည်သောင်းကလည်း… “ဒီဇာတ်ကားမှာ အစ်မက ဘဝနှစ်ဘဝနဲ့ သရုပ်ဆောင်ရမှာပါ။ တစ်ဘဝကတော့ ကိုနေတိုးရဲ့ မိန်းမ နေရာကပေါ့။ ရှေးဘဝ က ချစ်ခဲ့တာ တွေကိုစွဲပြီး နောက်ဘဝမှာလည်း လိုက်ပြီး ကြိုက်နေတဲ့ ပုံစံလေးပါ။ အစ်မက ဇာတ်ကားမရိုက်ကူးခင် အမြဲ တမ်း ကြိုတင်ပြင်ဆင်လေ့ ရှိပါတယ်။ ဒီဇာတ်ကားအတွက်လည်း အခုတစ်လ အလိုကတည်းက ပြင်ဆင်နေတယ်။ ဗိုက်ကြီးတဲ့ အခန်းတွေလည်းပါတာ ဆိုတော့ စီလီကွန်နဲ့ ပတ်သက်တာတွေ၊ အဝတ်အစားနဲ့ ပတ်သက်တာတွေ ပြင်ဆင်တယ်။ စိတ်ဓာတ်ရော၊ ကာရိုက်တာ ပုံစံတွေရော  အတတ်နိုင်ဆုံး ဘယ်လိုပုံစံလေး ဖြစ်ရင် ကောင်းမလဲဆို တာတွေစဉ်းစားတယ်။ ဇာတ်လမ်းကို ဖတ်ကြည့်ပြီး ဇာတ်လမ်းရဲ့ တမ်ပိုလေးတွေကိုလည်း မှတ်ရတာပါ။ အစစ အရာရာ ပြင်ဆင်နေပါတယ်” လို့ ပြောပြပါတယ်။

အေးဝတ်ရည်သောင်းက ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးချိန်မှာ မြန်မာဝတ်စုံလေး များနဲ့သာ တွေ့ရတာ များပါတယ်။ ဒီလို မြန်မာ ဝတ်စုံလေးတွေကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်ရခြင်းအကြောင်းကို “သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဝေဖန်ပေးကြပါတယ်။ အစ်မဘက်က ဝေဖန်မှုလေး အပေါ် ပြန်ကြည့်ပြိး အတတ်နိုင်ဆုံး၊ အကောင်း ဆုံးဖြစ်အောင် ကိုယ့်ဘက်က ပြင်ဆင်သင့်တာရှိရင် ပြင်ပြီး အစွမ်းကုန်ကြိုးစားရတာပေါ့။ မြန်မာအင်္ကျီ ကတော့ လွန်ခဲ့တဲ့သုံးလေးနှစ် ကတည်းက ရွှေလွန်းသံဆိုင်လေး ဖွင့်ဖြစ်တယ်။ ဇာတ်ကားတွေမှာလည်း ကာရိုက်တာအရ ဝတ်ဖြစ် ခဲ့တယ်။ ပရိသတ်တွေ ကလည်း အစ်မကို ဒီလိုလေး လက်ခံ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်မလည်း ဒီလိုမျိုး ဝတ်စုံလေးတွေ ဝတ်ရတာကြိုက်တယ်” လို့ ပြောပြပါတယ်။

 မြတ်မိုးပွင့် 


LEAVE A REPLY

Please enter your comment!
Please enter your name here