အဖွဲ့က ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းကို Jack Son ပြန်လည်ဖြေရှင်း

0
217

Jack Son ဟာ သတင်းထွက်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး “ပရိသတ်တွေထဲမှာ ကျွန်တော့်ကို ကြိုက်နှစ်သက်တဲ့ လူတွေရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော့်ကို မကြိုက်တဲ့သူတွေကို ကျွန်တော့်ကို ကြိုက်လာအောင်လုပ်လို့ မရပါဘူး။ ကျွန်တော်ဟာ GOT7 အဖွဲ့သားအနေနဲ့ပဲ သူတို့ ကြိုက်နှစ်သက်လာအောင် ကြိုးစားသွားမှာပါ”လို့ အခုလို ဖြေကြားလိုက်ပါတယ်။

အဖွဲ့အနေနဲ့ ဂျပန်မှာ သွားရောက်ဖျော်ဖြေတုန်းက Jackson ပါဝင်ခြင်း မရှိခဲ့ဘဲ တရုတ်မှာ တစ်ကိုယ်တော် သွား ရောက်ဖျော်ဖြေခဲ့တဲ့အတွက် အခုလို သတင်းတွေ ထွက်ပေါ် လာရခြင်းဖြစ်ပြီး သူဟာ အဖွဲ့ကနေ ထွက်ခွာသွားမှာ မဟုတ်ဘူး လို့တော့ အကြိမ်ကြိမ် ဖြေကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here