အနုပညာ အလုပ်ကလွဲလို့ ဘာမှမလုပ်ဘူး ဒါရိုက်တာ ပန်းချီစိုးမိုး

0
279

ပြီးခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲမှာ နာယကတစ်ဦး အနေ နဲ့ရော၊ ရွေးကောက်ပွဲ ကော်မရှင်တစ်ဦးအနေနဲ့ပါ စိတ်နှစ်ပြီးလုပ်ဆောင်ခဲ့တဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးက………….

မြန်မာနိုင်ငံဓာတ်ပုံအသင်း၊ ယဉ်ကျေးမှုတက္ကသိုလ်၊ ရုပ်ရှင်အစည်းအရုံး၊ MRTV-4 မြဝတီရုပ်သံစတဲ့ နေရာအသီးသီးမှာ သူ့ရဲ့ ပညာတွေကို အချိန်ရရင်ရသလို သင်ကြားပြသ ဝေငှ ပေးလျက်ရှိပါတယ်။ အသက်အရွယ်အား ဖြင့် ၇ဝကျော်ထဲကို ချင်းနင်းရောက်ရှိနေတယ် ဆိုပေမယ့် လည်း နုပျိုလန်းဆန်းဆဲ ဖြစ်တဲ့ ပန်းချီစိုးမိုးက “နောက်လူကို သင်ပေးခြင်းအားဖြင့် ကိုယ်လည်း ဆရာ ဂုဏ်မြောက်ပါတယ်။ နိုင်ငံအတွက်လည်း အကျိုးရှိပါတယ်။

အဲဒါကြောင့်ပဲ ကျွန်တော်ရှင်သန် နေလား မသိပါဘူး။ လုပ်စရာတွေကတော့ အများကြီးရှိပါတယ်”လို့ ပြောပါတယ်။ မွေးဖွားလာကတည်းက ကိုယ့်ကိုယ်ကိုယ် အနုပညာအလုပ်လုပ်မယ်ဆိုပြီး မွေးဖွားလာတယ် လို့ ယုံကြည်ထားတဲ့ ပန်းချီစိုးမိုးက သူ့အနေနဲ့ ပရဟိတ အလုပ်လုပ်ကိုင်ရတာကိုလည်း ဝါသနာပါပြီး တတ်နိုင်တဲ့ ဘက်ကနေ ပရဟိတစိတ်နဲ့ လုပ်ကိုင်နေကြောင်း ဆက်လက် ပြောပါတယ်။

ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူး ခဲ့တဲ့ ‘ကြယ်စင်မော်ကွန်း’  ရုပ်ရှင် ဇာတ်ကားဟာ လည်း တကယ့်ကိုကောင်းမွန်တဲ့ တိုင်းကျိုးပြည်ပြုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နောက်ထပ် ထပ်မံရိုက်ကူးဖို့ ရှိပါဦးမလားလို့ဆိုတော့ “ကျွန်တော် ရိုက်ရရိုက်ရ၊ တခြား သူပဲရိုက်ရိုက်၊ ဘယ်သူပဲရိုက်ရိုက် နိုင်ငံတော်အတွက် ရိုက်ကြပါ။ လူတွေက ပေါ်လစီ ဇာတ်ကားလို့ ထင်ကြတယ်။ ပေါ်လစီ မဟုတ်ပါဘူးဗျာ။ တိုင်းကျိုးပြည်ပြုပါ။ ဒီဘက် ဒီမိုကရေစီခေတ်မှာလည်း ရိုက်ကူးနေကြတာပဲ။ အဲဒီမှာလည်း ဇာတ်လမ်းရွေးတဲ့နေရာမှာ ဥက္ကဌအနေနဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ ကျွန်တော်အတူတူ ရွေးခဲ့တာပဲ။ ဆိုလိုတာက ဇာတ်လမ်းရွေးတဲ့အခါမှာ စေတနာပါဖို့ လိုတယ်။ ကျွန်တော့်စိတ်ထဲမှာ အနုပညာလောက တိုးတက်စေချင်တယ်။ အနုပညာလောကအတွက် အတတ်နိုင်ဆုံးလုပ်တယ်။ ကိုယ်ကိုယ် တိုင်ကလည်း အနုပညာအလုပ်ကလွဲလို့ ဘာမှမလုပ်ဘူး” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here