‘မမ’ကို မြင်တဲ့ သူတို့ အမြင်

0
160

ရန်ကုန်မြို့ပတ်ရထားလမ်း၏ သက်တမ်းနှင့် ပြေးဆွဲနေသည့် ကာ လမှာ ၅၈နှစ်ရှိလာပြီဖြစ်သည်။ အိမ် စောင့်အစိုးရ လက်ထက် ၁၉၅၈ ခု နှစ်၊ ဒီဇင်ဘာလ (၁ဝ)ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၉၅၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ပြီးစီးခဲ့ သည့် ယင်းမြို့ပတ်ရထားလမ်းပေါ် ပြေးဆွဲနေသည့် ရထား စီးနင်းသူ အရေအတွက်မှာ လက်ရှိအချိန်၌ နေ့စဉ် ၈သောင်းကျော် ရှိနေသည်ဟု ရန်ကုန် ဘူတာကြီး ဒုတိယရုံပိုင်ချုပ် ဦးကျော်ကျော်ထွန်းက ပြောသည်။ ရန်ကုန်ဘူတာကြီး ဒုတိယ ရုံပိုင်ချုပ် ဦးကျော်ကျော်ထွန်းက ခရီးသည်‌‌တွေ အဆင်‌‌ပြေမှု ရှိ‌အောင်‌၊ လမ်းပို‌င်းအ ဆင့်‌မြှင့်‌တင်‌မှု‌များ လုပ်‌‌ဆောင်‌‌နေပါ ကြောင်း နှင့် မြန်‌မြန်‌‌ရောက်‌၊ များ များသယ်‌၊ မြန်‌မြန်‌ပို့ စနစ်ဖြင့် လုပ်‌‌ ဆောင်‌‌နေပါကြောင်း ရှင်းပြသည်။ သို့သော်လည်း ရန်ကုန်မြို့ပတ် ရထား စီးနင်းကြသူအချို့နှင့် ဏသစကူမေ က တွေ့ဆုံးမေးမြန်းကြည့် ရာဝယ် အများစုက အဆင်မပြေမှု များကို ထည့်ပြောကြသည်ကို တွေ့ခဲ့ရပါသည်။ ပြင်ဆင်သင့်သည့် အရာ များကို ပြင်ဆင်နိုင်ရန် အများပြည်သူ ပြောသည့် ရန်ကုန်မြို့ပတ် ရထား အကြောင်းကို တာဝန်ရှိသူများ သိရှိ နိုင်ရန် Popular က ဖော်ပြပေးလိုက် ရပါသည်။

ဒုတိယရုံပိုင်‌ချုပ်‌ ဦး‌ကျော်‌‌ကျော်‌ထွန်း (မြန်‌မာ့မီးရထား ရန်‌ကုန်‌ဘူတာကြီး)

YBS တွေ စဆွဲတဲ့‌နေ့‌ နောက်‌ ပိုင်း မြန်‌မာ့မီးရထား (မမ)ကို စီးတဲ့ လူ‌တွေ နည်းမသွားပါဘူး။ ပိုပြီး‌ တော့‌တောင်‌ တိုးလာပါတယ်‌။‌ နဂို ထက်‌ များပြားလာ‌တော့ ‌နေ့စဉ်‌‌ နေ့ စဉ်‌ခရီးသည်‌ စီးနင်းမှု ၈‌သောင်း‌ ကျော်‌‌စီးနင်းလာ‌တော့ မြန်‌မာ့ မီး ရထားအ‌နေနဲ့ နိုင်‌ငံ‌တော် ‌ဝင်‌‌ငွေ ၈၁ သိ‌န်း‌လောက်‌ ပျှမ်းမျှရရှိပါတယ်‌။ မြန်‌မာ့မီးရထား အ‌နေနဲ့ ‌နောက်‌ပိုင်း ခရီးသည်‌‌တွေ အဆင်‌‌ပြေမှု ရှိ‌အောင်‌ လမ်းပိုင်း အဆင့်‌မြှင့်‌တင်‌မှု‌တွေ လုပ်‌‌ ဆောင်‌‌နေပါတယ်‌။ မြန်‌မြန်‌‌ရောက်‌ များများသယ်‌ မြန်‌မြန်‌ပို့ ဆို‌တဲ့ စနစ်နဲ့ လုပ်‌‌ဆောင်‌‌နေပါတယ်‌။ ခရီးသည်‌‌ တွေအ‌နေ နဲ့ မြန်‌မာ့မီးရထားကို အဆင်‌‌ ပြေ‌ ချော‌မွေ့ စိတ်‌ချမ်းသာမှုရှိ‌အောင်‌ လုပ်‌‌ဆောင်‌‌သွားမှာပါ။ ခရီးသည်‌‌တွေ အ‌နေနဲ့ မြန်‌မာ့မီးရထား နဲ့ ပက်‌သက် ‌ပြီးအကြံပြု စာ‌ပေးပို့နိုင်‌ပါတယ်‌။ အဲ ဒီအကြံပြုစာအတိုင်း ‌နောက်‌မှာ မြန်‌ မာ့မီးရထား အ‌နေနဲ့ လုပ်‌‌ဆောင်‌သွား ဖို့ ရှိပါတယ်‌။

ကို‌ဇေယျာ(ကုမ္ပဏီ ဝန်ထမ်း)

ကျွန်‌‌တော်‌က ရုံးလာရင်‌ ရထား စီးတယ်‌။‌ ရွှေပြည်‌သာက လာရ‌တာ ဆို‌တော့ ကားဆိုနှစ်‌ဆင့်‌ စီးရတယ်‌။ ရထားကျ‌တော့ ပိုက်‌ဆံ အကုန်‌အကျ သက်‌သာပြီး မြန်‌မြန်‌‌ရောက်‌တယ်‌။ ရ ထားစီးရတာ အဆင်‌‌ပြေတယ်‌ ဆို‌ပေ မယ့်‌ အခက်‌အခဲ‌လေး‌ တွေ‌တော့ ရှိ တယ်‌။ အဓိက အခက်‌အခဲက ရထား ‌စောင့်‌ရတာ ကြာတာပဲ။ ဥပမာဗျာ။ ၇နာရီ ရထားလာရမယ်‌ဆို ၇ ခွဲ‌ လောက်‌မှ ‌ရောက်‌တယ်‌။‌ နောက်‌တစ် ခုက ရထားပေါ်မှာ လူအရမ်းကြပ်‌ တယ်‌။ ရုံးချိန်‌ဆို ပိုဆိုးတယ်‌။‌ ဈေး သည်‌‌တွေကလည်း ခုံ‌တွေအ‌ပေါ်‌‌ ဈေးဗန်း‌တွေပါတင်‌ ထား‌တော့ ခုံမရဘူး။‌ ပြောလဲ မ‌ပြောချင်‌‌တော့လို့ မတ်‌တပ်‌ပဲ စီး‌တော့တယ်‌။ ကျွန်‌‌တော့်‌ အ‌နေနဲ့ မြန်‌မာနိုင်‌ငံက ရထား‌တွေ အချိန်‌မှန်‌ပြီး ‌လူတစ်‌‌ ယောက်‌ကို တစ်‌ခုံသာ ထိုင်‌တဲ့စနစ်‌ ဖြစ်‌ချင်‌ပါ တယ်‌။

ဒေါ်တင်‌‌တင်‌ဝင်း(ခရီးသည်)

အ‌န်‌တီ အပြင်‌သွားတဲ့အခါ ရ ထားစီးဖြစ်‌ပါတယ်‌။ ရထားစီးတဲ့ အခါ အဆင်‌မ‌ပြေတာ‌တွေ များတယ်‌။ ဘယ်‌လို အဆင်‌မ‌ပြေတာ‌တွေ များ လဲဆို‌တော့ ‌ခြေနင်းခုံ‌တွေ ကမြင့်‌ တယ်‌။ တက်‌ရတာ ခက်‌တယ်‌။ ပြီးရင်‌ ရပ်‌တာက မကြာ‌သေးဘူးထွက်‌ပြီ။လူကြီးသူမ‌တွေကိုလည်း ‌နေရာမ‌ပေး ဘူး။ ဘုန်းကြီး‌တွေ ဆိုလည်း မတ်တပ်‌ရပ်‌ စီးရတယ်‌။ ‌ဈေးသည်‌‌ တွေက ‌‌နေရာ‌တွေပိုယူ။ ဖြဲကားထိုင်‌‌ နေတာ မျိုး‌တွေ‌လည်း ရှိတယ်‌။ ပန်‌ ကာ‌တွေဆို တချို့ဟာ‌တွေ လည်‌‌ပေ မယ့်‌ တချို့ဆို ပျက်‌‌နေပြီ။ အဲ့ဒီ အခက်‌အခဲ‌တွေ ‌တော်တော်‌‌ တွေ့ရ ပါတယ်‌။ အိမ်‌က သမီး‌တွေဆို ရုံး တက်‌တဲ့အခါ ကားပိတ်‌လို့ ရထားစီး တယ်‌။ ရထားက တစ်ခါတ‌လေ အချိန်‌အတိအကျ မလာဘူး။ ရထား အချိန်‌ မမှန်‌‌တော့ ရုံးမှာ အဆူခံရ တယ်‌လို့‌ပြောတယ်‌။ ဘာပဲဖြစ်‌ဖြစ်‌ ရ ထားက ကားထက်‌လမ်းလဲ မပိတ်‌ ဘူး။ ပိုက်‌ဆံလဲ အကုန်‌အကျ သက်‌ သာတဲ့ အတွက်‌ စီးဖြစ်‌တာများ ပါ တယ်‌။ အန်‌တီအ‌နေနဲ့ ရထား‌တွေ ကို အချိန်‌မှန်‌‌စေချင်‌ပါတယ်‌။

မဆုပြည့်‌နိုင်‌(ကျောင်းသူ)

အစ်မ ရထားစီးတာ အချိန်ကုန် သက်သာလို့ပါ။ အစ်မဆို ရထားပဲ စီးဖြစ်‌တာ များတယ်။့ြှကျတော့ ဘယ်လောက်ပဲ တိုးလာတိုးလာ လူဦး ရေ အရမ်းများတော့ ကားအရမ်း ကြပ်တယ်။ ရထားကျတော့ လမ်း မကြပ်ပဲ သွားရလာရတာ အဆင်ပြေ တယ်။‌ ဈေးလည်းသက်‌သာတယ်‌။ ဒါ ပေမဲ့ ထိုင်ခုံမရတာတို့၊ အလုံပိတ် ခန်းထဲ ဆေးလိပ် သောက်တာတို့၊ ကွမ်းတံထွေး ထွေးတာမျိုးတို့ ကြုံရ တယ်။ စည်းကမ်းပိုင်း‌လေး‌ တွေကို ပြင်‌‌စေချင်‌တယ်‌။ ဒါမှလည်း ခရီး သည်‌‌တွေ သက်‌သက်‌သာသာ သွားရ တာ‌ပေါ့။ အစ်မ‌အ‌နေနဲ့ ရထား‌တွေကို အချိန်‌မှန်‌‌စေချင်‌တယ်‌။ နိုင်‌ငံတကာ အဆင့်‌လည်း မီစေချင်ပါတယ်‌။

မအိဖြိုး (ကုမ္ပဏီ ဝန်ထမ်း)

ညီမ ရထားစီး‌တဲ့အခါ အဆင်‌‌ ပြေပါတယ်‌။ ရထားက အချိန်‌ မှန်‌မှန်‌နဲ့ ခရီးကို မြန်‌မြန်‌‌ရောက်‌‌စေတယ်‌‌လေ။ ဒါ‌ပေမဲ့ ရထား‌စောင့်‌ရတာ‌တော့တော်‌‌ တော်‌ကြာတယ်‌။‌ တော်‌‌တော်‌‌နဲ့ မ‌ ရောက်‌ဘူး။ အချိန်‌ မတိကျတာက အဓိက အခက်‌အခဲ‌ အ‌နေနဲ့ ‌တွေ့ရ တာပါ။‌ နောက်‌တစ်‌ခုကျ‌တော့ ဆင်း တဲ့တက်‌တဲ့အခါ ‌‌လှေကား‌တွေက မြင့်‌တယ်‌။ တချို့လူ‌တွေဆို တစ်‌‌ ယောက်တည်းနဲ့ ‌နှစ်‌‌ယောက်‌စာ ထိုင်‌‌ နေတာတို့ ရှိတယ်‌။ YBS ‌တွေဆို ကားပိတ်‌တယ်‌။ ညီမ‌တို့‌နေရာက‌နေ ဆူး‌လေကို လာရင်‌‌လေးရာ‌လောက်‌ ကျတယ်‌။ ဝိုင်‌ယာလက်‌က‌နေ ဆူး‌ လေလာရ‌တော့ ကားပိတ်‌‌တာနဲ့တင်‌ နှစ်‌‌ရေး‌‌လောက်‌ အိပ်‌လို့ရတယ်‌။ ရ ထားကျ‌တော့ ကုန်‌ကျ စရိတ်‌သာတဲ့ အပြင်‌ မြန်‌မြန်‌‌ရောက်‌တဲ့ အတွက်‌ ရထား‌တွေကို အချိန်‌မှန်‌မှန်‌နဲ့ စည်း ကမ်း‌လေး‌တွေ ရှိ‌စေချင်‌ပါတယ်‌။

PN


LEAVE A REPLY

Please enter your comment!
Please enter your name here