ဂျပန်မှာ အနုပညာကျောင်းတက်နေတဲ့ Tracy

0
280

“ည” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ရင်း အနုပညာလောကထဲကို စတင်ဝင် ရောက်လာသူ ရှမ်းတိုင်းရင်းသူလေး ထရေစီက အခုဆိုရင် ဂျပန်နိုင်ငံမှာ ကျောင်းတက်နေပြီး မြန်မာနိုင်ငံမှာ လည်းအနုပညာ လှုပ်ရှားမှုတွေကို အလျဉ်းသင့်သလိုပြုလုပ်နေတယ်လို့ ဆိုပါ တယ်။ ဂျပန်နိုင်ငံ မှာတော့ အနုပညာ ဘာသာရပ်ကို အထူးပြုသင်ယူနေတဲ့ ထရေစီရဲ့ လှုပ်ရှားမှုတွေကတော့ “ည” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ရင်း အနုပညာလောကထဲကို စတင်ဝင် ရောက်လာသူ ရှမ်းတိုင်းရင်းသူလေး ထရေစီက အခုဆိုရင် ဂျပန်နိုင်ငံမှာ ကျောင်းတက်နေပြီး မြန်မာနိုင်ငံမှာ လည်းအနုပညာ လှုပ်ရှားမှုတွေကို အလျဉ်းသင့်သလိုပြုလုပ်နေတယ်လို့ ဆိုပါ တယ်။

ဂျပန်နိုင်ငံ မှာတော့ အနုပညာ ဘာသာရပ်ကို အထူးပြုသင်ယူနေတဲ့ ထရေစီရဲ့ လှုပ်ရှားမှုတွေကတော့  “အခုညီမ ဂျပန်မှာ အနု ပညာ ကျောင်းတက်နေပါတယ်။ 1st year ပါ။ နောက်ထပ်ဆက် တက်ဖို့လည်း တစ်နှစ်လောက် ကျန်ပါသေးတယ်။ ဒီကျောင်း မှာကတော့ ခြောက်လတစ် ခါလောက် လေ့ကျင့် တာတွေ လုပ်ပြီး ပြဇာတ်တွေက ရပါ တယ်။ ညီမလည်း ကျောင်း တစ် ဖက်နဲ့ မြန်မာနိုင်ငံမှာ အလုပ်တွေ ရှိတဲ့အခါ နှစ်လတစ်ခါလောက် ပြန် လာဖြစ်ပါတယ်။ ဒီတော့ အနုပညာ အလုပ်နဲ့ သိပ် အဆက်မပြတ်တော့ဘူးပေါ့။ အခုလည်း ကြော်ငြာ လေးတွေ၊ ပြက္ခဒိန်၊ Photo Shooting တွေ ရိုက်ကူးဖို့ ပြောထားတာတွေ ရှိတယ်။ ဇာတ် လမ်း တွဲ ရိုက်ကူးဖို့ ကမ်းလှမ်းတာမျိုး လည်း ရှိတယ်။ သိပ်တော့ မသေချာသေးဘူး။ ရိုက် ကူးဖြစ်ရင် ဂျပန်မှာ ရိုက်ကူးဖြစ်မှာပါ။ ညီမက အနုပညာ ရှင်ကောင်း တစ် ယောက်ဖြစ်ချင်တဲ့ အတွက် ဘယ်လို ပုံစံမျိုးပဲလာလာ Challenge လုပ်ကြည့်ချင်ပါတယ်” လို့ ပြောပါတယ်။

တက်သစ်စ သရုပ်ဆောင် တစ်ယောက် အနေနဲ့ “ည” ဇာတ်ကား ကြောင့် ပရိသတ်တွေရဲ့ အားပေး မှုကို မယုံကြည်နိုင်ခဲ့ဘူး လို့ ထရေစီ က ဆိုပါတယ်။ ထရေစီက မြန်မာ နိုင်ငံဆီ ပြန် လည်ရောက်ရှိခိုက် မှာတော့ We Love အဖွဲ့နဲ့ လည်း ရင်းရင်းနှီးနှီး တွေ့ ဆုံဖြစ်တယ်လို့ သိရပါ တယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here